မဝေးတော့တဲ့အနာဂတ်မှာ သင့်ကံကြမ္မာအခြေအနေ ဘယ်လိုရှိနေလဲ?

ဗေဒင်

မဝေးတော့တဲ့အနာဂတ်မှာ သင့်ကံကြမ္မာအခြေအနေ ဘယ်လိုရှိနေလဲ?

နံပါတ် ၁

နံပါတ် ၁ ကို ရွေးချယ်ခဲ့တယ်ဆိုရင် မဝေးတော့တဲ့အနာဂတ်မှာ သင့်ကို ဘယ်လိုအတားအဆီး အနှောင့်အယှက်တွေပဲ ပိတ်ပင်နေပါစေ သင့်ထံ ကံကောင်းခြင်းတွေ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာပါ။

တကယ်လို့ သင့်ဘဝမှာ ပြောင်းလဲမှုတွေ ကြုံတွေ့လာရင်တောင် ဒီအပြောင်းအလဲတွေကတစ်ဆင့် သင့်အနေနဲ့ ကောင်းသောရလဒ်တွေပဲ ပိုင်ဆိုင်ရမှာပါ။ ဆိုလိုတာက အရာအားလုံးက သင်ဆန္ဒရှိတဲ့အတိုင်း ဖြစ်နေမှာပါ။ အရေးအကြီးဆုံးကတော့ အကောင်းမြင်တတ်ဖို့နဲ့ သင့်ကိုယ်သင် ယုံကြည်ဖို့ပါပဲ။ ဒါမှ အားလုံးအဆင်ပေမှာပါ။

နံပါတ် ၂

နံပါတ် ၂ ကို ရွေးချယ်ခဲ့တယ်ဆိုရင် သင့်အနေနဲ့ အောင်မြင်ချင်တယ်ဆိုရင် ဘယ်အလုပ်ကိုမဆို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လုပ်ဆောင်ပေးပါ။ အပေါ်ယံကြိုးစားအားထုတ်မှုတွေနဲ့ မလုပ်ဆောင်ပဲ သင့်အရည်အချင်းတွေထုတ်သုံးပြီး စိတ်ပါလက်ပါနဲ့ ပြီးဆုံးအောင်လုပ်ဆောင်ပါ။

မဝေးတော့တဲ့ အနာဂတ်မှာ အခက်အခဲတွေ ကြုံလာနိုင်ပြီး အကူအညီတွေလိုအပ်နေပေမယ့် တခြားလူတွေထံက အကူအညီကို လုံးဝမတောင်းဆိုပါနဲ့။ သင့်အနေနဲ့ တာဝန်ကျေပွန်အောင် အတတ်နိုင်ဆုံး စိတ်ပါလက်ပါနဲ့ အကောင်းဆုံးလုပ်ဆောင်ပေးရင် အခက်အခဲတွေထံက ကျော်လွှားနိုင်ပြီး အောင်မြင်မှုတွေ ပိုင်ဆိုင်ရမှာပါ။

နံပါတ် ၃

နံပါတ် ၃ ကို ရွေးချယ်ခဲ့တယ်ဆိုရင် သင့်အနေနဲ့ ကောင်းသောပြောင်းလဲမှုတွေ ကြုံလာနိုင်တဲ့အပြင် အရာအားလုံးက သင်မျှော်မှန်းထားသလိုဖြစ်လာပြီး သင့်လိုအပ်ချက်တွေလည်း ပြည့်ဝလာမှာပါ။ ဒါပေမယ့် သတိပေးချင်တာက ကိုယ့်ကိုယ်ကို အလွန်အကျွံ ယုံကြည်မှုရှိနေတာကို ရှောင်ရှားပြီး သင့်လုပ်နိုင်စွမ်းတွေကို လိုတာထက်ပိုပြီး စိန်မခေါ်ပါနဲ့။

သင်ဟာ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ လူတစ်ယောက်ဆိုပေမယ့် အရာအားလုံးကို နားလည်ပြီး အောင်မြင်အောင် မလုပ်နိုင်ပါဘူး။ သင့်အနေနဲ့ အခွင့်အလမ်းတွေ ရလာတာမျိုး၊ ကူညီပေးမယ့်လူတွေ ပေါ်လာတာမျိုးဆိုရင်လည်း မာနမခံပဲ ရသင့်ရထိုက်တာကို အမိအရ ဖမ်းယူတတ်ဖို့ အကြံပေးချင်ပါတယ်။

Credit

Leave a Reply

Your email address will not be published.