ကြက်ဥလိပ် ပြုလုပ်နည်း

Food

ကြက်ဥလိပ် ပြုလုပ်နည်း
===================


ဒီတစ်ခေါက် နည်းလေးကတော့ ကြက်ဥလိပ်လုပ်နည်းလေးပါနော်။ လုပ်ရတာ အရမ်းလွယ်ပြီး အရမ်းစားလို့ကောင်းတဲ့ ကြက်ဥလိပ်ပါ။ အသားနဲ့စားရင်တာ ကြိုက်ရင် အသားနဲ့ထည့်လုပ်လည်းရပါတယ်။ ရိုးရိုးပဲကြိုက်တယ်ဆိုရင်တော့ ကြက်ဥချည်းပဲနဲ့လည်းရပါတယ်။ အောက်က ကြက်ဥလိပ်ပြုလုပ်နည်းကိုတော့ အသားနဲ့ထည့်လုပ်ရတဲ့နည်းလေးကို ပြောပြထားပါတယ်နော်။


လိုအပ်တဲ့ ပစ္စည်းများ
==========


ကြက်ဥ (လေးလုံး)
ဆား (လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ)
ကြက်သွန်မြိတ် ၂စည်း (ပါးပါးလှီးပြီး)
မုန်လာဥနီ ၂ ဥ (ပါးပါးလှီးပြီး)
စည်သွပ် အသား (သို့မဟုတ်) အသားချောင်း (သို့မဟုတ်) sausage (လိုသလောက်)
ဟင်းချက်ဆီ

ပြုလုပ်ပုံအဆင့်ဆင့်
=============


ခွက်တစ်ခုထဲမှာ ကြက်ဥ ၄ လုံးကို ထည့်ပါ။ ပြီးရင် ဆား နဲနဲထည့်ပြီး မွှေလိုက်ပါ။
ခုနက ကြက်ဥခွက်ထဲကို ကြက်သွန်မြိတ်၊ မုန့်လာဥနီ ၊ အသားချောင်း တို့ကို ထည့်ပြီး ကောင်းကောင်း မွှေပါ။
ကြော်ဖို့အတွက် အိုးက Non-stick အိုးအပြားပဲဖြစ်ရပါမယ်။ အိုးကိုအပူပေးပြီး ဆီကို ပါလေကာလောက်ပဲထည့်ပေးပါနော်။ ဆီက နဲနဲလောက်ဆိုရပါပြီး။ အရမ်းအများကြီးထည့်ရင် ကြက်ဥကို လိပ်လို့မရတော့ပါဘူး။
အိုးပူပြီး ဆီကျက်သွားရင် ကြက်ဥကို ထည့်လိုက်ပါ။ ထည့်ထည့်ပြီးချင်းမှာ ကြက်ဥကို အိုးအနှံ့ ဖြန့်ပေးလိုက်ပါ။ မီးအရမ်းမပူပါစေနဲ့။
ကြက်ဥအပေါ်ဘက်ကိုအရမ်းကျက်စရာမလိုပါဘူး။ ပြီးရင် ဟင်းချက်ဇွန်းအပြားနဲ့ကြက်ဥ တစ်ဖက်ချင်းကို ယူပြီး လိပ်လိပ်သွားပါနော်။
ဟိုအစွန်းထိ လိပ်လို့ရသွားရင် အိုးကိုချလိုက်ပါတော့။ ပြီးရင်တော့ တစ်ကိုက်စာဆီ လှီးလိုက်ပါတော့နော်။ ကြက်ဥလိပ်လေးကိုသုံးဆောင်လို့ရပါပြီး။


Credit : Hannwe Soe

===================

ဒီတဈခေါကြ နညြးလေးကတော့ ကှကြဥလိပလြုပနြညြးလေးပါနောြ။ လုပရြတာ အရမြးလှယပြှီး အရမြးစားလို့ကောငြးတဲ့ ကှကြဥလိပပြါ။ အသားနဲ့စားရငတြာ ကှိုကရြငြ အသားနဲ့ထည့လြုပလြညြးရပါတယြ။ ရိုးရိုးပဲကှိုကတြယဆြိုရငတြော့ ကှကြဥခညွြးပဲနဲ့လညြးရပါတယြ။ အောကကြ ကှကြဥလိပပြှုလုပနြညြးကိုတော့ အသားနဲ့ထည့လြုပရြတဲ့နညြးလေးကို ပှောပှထားပါတယနြောြ။


လိုအပျတဲ့ ပစ်စညျးမြား
==========

ကွကျဥ (လေးလုံး)

=============






Leave a Reply

Your email address will not be published.