အုန်းနို့ဆမ်းသာကူ စိမ့်စိမ့်လေး

Food

အုန်းနို့ဆမ်းသာကူ စိမ့်စိမ့်လေးသာကူအုန်းနို့ဆမ်းလေး သောက်ချင်လာတာနဲ့ သာကူထုတ်တွေ ရှာလိုက်တော့ ထိုင်၀မ်ကလာတဲ့ သာကူစ့ အထုတ်တွေ ထွက်လာတယ်

အထုတ်မှာပါတဲ့ နည်းအတိုင်း ကျိုလိုက်တာ အဆင်ပြေလိုက်တာ ပြောမနေပါနဲ့တော့ တံဆိပ်မတူပေမဲ့လဲ အခုလို နည်းအတိုင်း စမ်းပြီးကျိုကြည့်စေချင်ပါတယ်။

ကျိုနည်းလေးက လွယ်ပါတယ် ဒါပေမဲ့ မိမိသုံးမဲ့ သာကူစေ့အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ကျိုစေချင်ပါတယ်။ပါ၀င်ပစ္စည်းများသာကူစေ့ – ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး

အုန်းနို့ – 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )ရေ – 600 ml (အုန်းနို့နှင့် ရောကျိုရန်)သကြားထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)

ဆား – လက်ဖက်ရည်ဇွန်း တ၀က်သာကူကျိုရန် ရေနွေးဆူဆူ – ၅လီတာပြင်ဆင်ပုံဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါရေဆေးစဉ် သာကူစေ့များ

ထွက်မကျနိူင်လောက်သည့် ဇကာတခု အဆင်သက့် ပြင်ထားပါရေပွက်ပွက်ဆူလာပါက သာကူစေ့များ ထည့်ပြီး မွှေပေးပါသာကူများခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါသုံးသော

သာကူများ မတူနိူင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိူင်ပါသာကူစေ့များ မျက်စေ့ ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ

အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါသာကူစေ့များ အေးလာပါက ရေစစ်ထားပါအုန်းနို့ကျိုရန်ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါအုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ

အုန်းနို့များ ပွက်ပွက်ဆူလာပြီ ဆိုပါက မီးပိတ်ပေးပါအအေးခံထားသော သာကူကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိူင်ရန် ပန်းကန်တခုထဲမှာ ပြင်ပေးပါအုန်းနို့သာကူဆမ်း စိမ့်စိမ့်လေး ရပါပြီ။

အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိူင်ပါတယ်။#credit mm alzp

Leave a Reply

Your email address will not be published.