ကောက်ညှင်းပေါင်း ရွှေထမင်း ငွေထမင်း

Food

ကောက်ညှင်းပေါင်း ရွှေထမင်းငွေထမင်းအကောက်ညှင်းပေါင်း လုပ်စားဖြစ်ပါတယ်လုပ်တုန်းကတော့ ကောက်ညှင်းပေါင်းပါ ။ ကောက်ညှင်းပေါင်းနေရင်းနဲ့ ကောက်ညှင်းကို ရွှေထမင်း ငွေထမင်း လုပ်ရင်လည်

ရတာဘဲဆိုတဲ့ အကြံပေါ်လာတာနဲ့ ကောက်ညှင်းပေါင်းကနေ ရွှေထမင်း ငွေထမင်း ဖြစ်သွားပါတယ် တစ်ချက်ခုတ် သုံးချက်ပြတ်သွားပါတယ် ကောက်ညှင်းပေါင်း (အလွယ်ပေါင်နည်း)ကောက်ညှင်

းဆန်—(နို့ဆီဘူး ၄လုံး)ပြုလုပ်ပုံကောက်ညှင်းဆန်ကို ရေဆေးပြီး Rice cooker (ထမင်းပေါင်းအိုး)ထဲထည့် ရေကို ကောက်ညှင်းဆန်နဲ့ တညီတည်းထည့် ပြီး ထမင်းချက်သလို ချက်ပါ ။

၂ ။ ဆူလာရင် အပေါ်အောက် တစ်ခါလှန်ပေးပါ။ ခလုပ်တက်ရင် ရပါပြီ။ အုန်းသီး နှမ်းထောင်း ပဲပြုပ် ငါးခြောက် တို့ နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

ရွှေထမင်း ငွေထမင်းကောက်ညှင်းပေါင်းပြီး သားကို တစ်ပုံစာချန်ပြီး ကျန်တဲ့ နှစ်ပုံကို တစ်ဝက်ဆီခွဲပြီး ရွှေထမင်းငွေထမင်းလုပ်ပါတယ် ။ပြုလုပ်ပုံ

“ရွှေထမင်း”ထန်းလျှက်—(၁၅ ကျပ်သား)ထန်းလျှက်ကို ရေ လဘ္ဘက်ရည်ခွက် တစ်ခွက်စာလောက်ထည့် ဆားနဲနဲလေး ထည့်ပြီးကျိုပါ ။ ထန်လျှက်ရည်စီးလာရင်

ကောက်ညှင်းပေါင်းထည့်ပြီး မွှေပေးပါ ။ ထန်းလျှက်ရေခန်းပြီးကောက်ညှင်းနဲ့ ထန်လျှက်နှံ့ပြီ်း စီးလာရင် လင်ဘန်းထဲထည့် ညီအောင်ဖြန့် ဇွန်းလေးနဲ့ ဖိ ညှိပေးပါ။

အအေးခံပြီး အေးရင်လိုသလို လှီးဖြတ် အုန်းသီး နဲ့ တွဲဖက်စားသုံးနိုင်ပါတယ် ။”ငွေထမင်း”သကြား—(၁၀ သား)အုန်းနို့(coconut cream)—ဘူးသေး တစ်ဘူး

ဘိန်းစေ့—(အနည်းငယ်-လှော်ထားပါ)အုန်းနို့ထဲကို သကြားထည့်ကျိုပါ ။ ဆားအနည်းငယ်ထည့်ပါ။ အုန်းနို့ဆူလာရကောက်ညှင်းပေါင်းထည့်ပြီးနှံ့ အောင်မွှေပေးပါ

အုန်းနို့ရည်ခန်းပြီးကောက်ညှင်းနဲ့ အုန်းနို့ နှံ့ပြီးစီးလာရင် လင်ဘန်းထဲထည့် ညီအောင်ဖြန့် အပေါ်ကဇွန်းနဲ့ ဖိ ညှိပေးပါ ။ ဘိန်းစေ့ဖြူး ပါ ။ အအေးခံပြီး မှ လိုသလို လှီးဖြတ်စားသုံးပါ ။

Creditမူးရင်းရေးသားသူအားလေးစားစွာcreditပေးပါသည်🙏🙏😍

Leave a Reply

Your email address will not be published.