အိမ်ရှင်မတွေအတွက် အရမ်းအသုံးဝင်စေမယ့် ဆော့စ်လုပ်နည်(၄)မျိုး မျှဝေပေးလိုက်ပါတယ်း

Food

ခရမ်းချဉ်သီးဆော့စ် ( tomato sauce )

ခရမ်းချဉ်သီးရဲရဲနီ အမှည့် ( ripe tomatoes)ကို လေးစိတ်စိတ်ပြီးရေနည်းနည်းထည့် အဖုံးအုပ်ပြီးအိနပ်နေအောင်ပြုတ်ပါပြီးရင် blender နဲ့ ကြေအောင်ကြိတ်ပါ
ကြိတ်ပြီးရင် ဆန်ခါ အစိပ်နဲ့ အနှစ်တိုက်ချပါ
( အစေ့နဲ့ အခွံ မပါစေရ)

ရလာတဲ့ အနှစ်ကို ဆား / (သကြား ၂ ဆ/ရှာလကာရေ ၁ ဆ) / အရောင်တင်မှုန့်( ငရုတ်သီးမှုန့် ( အရောင်အတွက်)/ရေအနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ အဆက်မပြတ် ၄၅ မိနစ်လောက် မွှေပေးပါ အလိုလို နီရဲပြီး ပျစ်လာတာကို တွေ့ရပါမယ်
( ဘယ် အရောင်ဆိုးဆေး ( food colour)
မှ ထည့်စရာ မလိုပါ )

ရေ ကျန် မကျန် သိလိုပါကအနည်းငယ် ယူပြီးပန်းကန် နှုတ်ခမ်းမှာ တင်ကြည့်ပါ
( ရေစိမ့်ထွက် မလာပါက ရပါပြီ )

ရေမကျန်ပါက နှစ်ချီပြီး အထားခံပါတယ်မိမိစားလိုတဲ့ အချိန်မှာ စားလို့ရအောင်အခန်းအပူချိန်အတိုင်း အအေးခံပြီးဗူးသန့်သန့်နဲ့ လေလုံအောင် ထည့်ပိတ်ထားပါ စားတဲ့အခါ ဇွန်း အသန့်နဲ့ယူစားပါ

ငရုတ်အစပ်ဆော့စ် ( hot chilli sauce)
ဒါကလဲ အောက်က ခရမ်းချဉ်သီး လုပ်နည်း
အတိုင်း အသုံးပြုပါ( ခရမ်းချဉ်သီးပြုတ်တဲ့ အချိန်မှာ မိမိလိုသလောက်သာ အစပ်အတွက် ငရုတ်သီးခြောက် ထည့်ပြုတ်ပါ )ကျန်တဲ့ လုပ်ထုံး လုပ်နည်း အတူတူပင်

ထိုင်းငရုတ်အချိုဆော့စ် ( Thai sweet chilli
sauce )
လက်ညှိုးအရွယ်ရှိတဲ့ ငရုတ်အနီ အစိုသီး
အတောင့် ၂၀ မှာ စပ်တဲ့ ငရုတ်အနီအစိုအသေးတောင့် ၅ တောင့်ထည့်ပါ ကြက်သွန်ဖြူ ၅ မွှာနဲ့ ခွဲကြမ်းဖြစ်အောင်ထောင်းပါ( သိပ်မကြေသလို / သိပ်ပြီးအဖတ် မကြီးစေရ)ထောင်းထားတဲ့ ငရုတ်သီးနဲ့ ကြက်သွန်ဖြူကိုရေ လိုသလောက် / အနေတော်ထည့်ဆား/ သကြား/ ရှာလကာရေ ထည့်ပြီးပွက်ပွက်ဆူဆောင် ကျိုပါ
( အရသာမှာ ချိုချဉ် )

အရသာ စိတ်တိုင်းကျပြီဆိုရင်ကော်မှုန့်ကို ရေ နဲ့ အနေတော်ဖျော်ပြီးမပျစ် မကျဲ အနေအထားရောက်အောင် ထည့်မွှေပေးပါ Sauce အေးသွားပြီးနောက် စားခါနီးသံပုရာရေ အနည်းငယ် ညှစ်ထည့်ပါကအနံ့ပိုမွှေးပါတယ်

တချို့ကတော့ငရုတ်သီးအစိုတောင့်နေရာမှာအိမ်မှာရှိတဲ့ငရုတ်သီးအစိမ်းမှုန့်ခွဲကြမ်းကိုလဲသုံးကြပါတယ်
အအေးခံပြီး ဗူးသန့်သန့် နဲ့ထားပါက နှစ်ချီအထားခံပါတယ် စားခါနီးမှာ ရှောက်ရွက်လေး သေးမျှင်လှီးပြီး
အလှဆင် တင်စားလို့ရပါတယ်
#အနောက်နိုင်ငံတွေမှာခရမ်းချဉ်သီးပါတဲ့အစားအစာတိုင်းမှာသကြားအမြဲသုံးလေ့ရှိကြပါတယ်

ပီဇာဆော့စ် ( Sauce for pizza )
ခရမ်းချဉ်သီးကို ခြမ်းပြီး အိနပ်နေအောင် ပြုတ်ထားပါကြက်သွန်ဖြူ/နီ ကိုထောပတ်နဲ့ ဆီသတ်ပါ
Basil leaves / Oregano / thyme/Dill/
Rosemary/bay leaves စတဲ့ western herbs (အနောက်တိုင်း ဟင်းခပ် အရွက်)တွေထည့်ပါ ( Ocean မှာရှိပါတယ်)အနံ့မွှေးလာရင် ပြုတ်ထားတဲ့ ခရမ်းချဉ်သီးတွေကို ( ရေမပါဘဲ ) ထည့်မွှေချေပါ

ကြေသွားပြီးရင် blender နဲ့ မွှေပါ
ပြီးရင် ဆန်ခါနဲ့ စစ်ပါရလာတဲ့ အနှစ်တွေကို ဒယ်မှာ ပြန်ထည့်ပြီးဆား/ သံပုရာရေ( လိုအပ်ရင်)/ သကြား/ ငရုတ်ကောင်းမှုန့် ထည့်မွှေပါ တချို့ကတော့ apple juice / Apple cider Vinegar တွေ ထည့်ကြပါတယ်

Leave a Reply

Your email address will not be published.