မုန့်စိမ်းပေါင်းပြုလုပ်နည်း

Food

မုန့်စိမ်းပေါင်း

-မုန့်စိမ်းပေါင်းကို ဆန်ကြမ်းနဲ့လုပ်ရပါတယ်။
ငစိန်ဆန်တစ်ပြည်ကိုရေစင်စင်ဆေးပြီးကြိတ်ဆုံမှာကြိတ်ပါ။
မုန့်ရည်ကို အ၀တ်အိတ်နဲ့စစ်ပါ။
ရေစစ်သွားတဲ့အခါ မုန့်သားကို လက်နဲ့နယ်ပြီး
လက်ဆန့်သလောက် အလုံးကြီးတွေလုပ်ပါ။

-အောက်ခံအိုးထဲကိုရေထည့်ပြီး
အပေါ်မှာ စကာတင်ပြီးမုန့်လုံးတွေထည့်ပေါင်းပါ။
၁၅ မိနစ်လောက်နေလို့ မုန့်လုံးအပေါ်သားအရောင်ကြည်နေရင်
မုန့်ကို ဖိုပေါ်ကချပြီး အအေးခံပါ။

-လက်နဲ့ကိုင်နိုင်တဲ့အနေအထားမှာ
တစ်၀က်တစ်ပျက်ကျက်နေတဲ့မုန့်လုံးကို
ဆုံထဲထည့်ထောင်းပါ။
ထောင်းပြီးရင် လက်နဲ့ချေပေးပြီး စကာချပါ။

-မုန့်စိမ်းပေါင်းမှာ အဖြူ သားကအဆိမ့်ဖြစ်ပြီး
အညို သားက အချိုဖြစ်ပါတယ်။
အဖြူ သားလုပ်ဖို့ မုန့်သားနည်းနည်းဖယ်ထားပါ။
အုန်းသီးတစ်လုံးကိုဦးရည်ညှစ်ပြီး
မုန့်သားအဖြူ နဲ့ ပျစ်ပျစ်လေးနယ်ထားပါ။
ပဲလွန်းတစ်ဘူးကိုပြုတ်ထားပါ။

-ထန်းညက် ၅၀ကျပ်သားကိုခပ်ပျစ်ပျစ်ကျို ပြီး
ကျန်တဲ့မုန့်သားနဲ့ရောနယ်ပါ။မုန့်စိမ်းပေါင်းပေါင်းတဲ့မြေအိုး(ပေါင်းချောင်)နဲ့ပေါင်းရပါတယ်။
အခုတချို့က ပေါင်းစကာတွေနဲ့ပေါင်းကြပါတယ်။
မြေအိုးထဲကို ကပ်ပြားခင်းပြီး ကပ်ပြားပေါ်မှာ ပိတ်စိမ်းပါး(ရှန်သား)ခင်းပါ။

ထောင်းထားတဲ့ မုန့်အညို သားကို စကာနဲ့ရွရွလေးချပါ။
အညို သားပေါ်က အဖြူ သားကို စကာချပါ။
ပြီးရင် အပေါ်ကနေပဲလွန်းပြု တ်ကိုဖြူ းပါ။
အိမ်စားဖို့ကောင်းကောင်းဆိုရင် ပဲလွန်းအစား
သီဟိုဠ်စေ့၊စပျစ်သီးခြောက်၊ဖရုံယို တို့ ထည့်နိုင်ပါတယ်။

-ပြီးရင် အဖုံးအုပ်ပြီး နာရီ၀က်လောက်ပေါင်းရင် နပ်ပါပြီ။
မုန့်စိမ်းပေါင်းကို လက်ဖက်ရည်၊ကော်ဖီတို့နဲ့တွဲဖက်စားလို့ရသလိုရေနွေးကြမ်းနဲ့လည်းတွဲဖက်စားလို့ရတဲ့
မြန်မာ့ရိုးရာစားစရာမုန့်ဖြစ်ပါတယ်။

Credit post & pose
( မူရင်းဝေမျှသူအမည်ပြန်ရှာတာမတွေ့ပါသောကြောင့်)

Leave a Reply

Your email address will not be published.