ကျောက်ကျောအမဲကျိုနည်း




ကျောက်ကျော အမဲ ကျိုနည်း Video လေး တင်ခဲ့ပြီးပါပြီ။
အချို့က အချိုးအစား အတိအကျနဲ့
စာလေးရေးပေးပါလို့ တောင်းဆိုကြလို့
စာရေး ပေးလိုက်ပါတယ်နော်။




♦️ ပထမဆုံး
ကျောက်ကျောမှုန့် ၆ ကျပ်သားကို
ရေ 300 ml နဲ့ သမအောင် မွှေပါ။
♦️ရေ 2.2 လီတာကို ပွက်ပွက်ဆူအောင်ကျိုပြီးရင်
ဖျော်ထားတဲ့ ကျောက်ကျောကို ထည့်မွှေပါ။
အဆက်မပြတ် မွှေပေးပါ။




♦️ကျောက်ကျောအရသာ
ချိုမြမြစားချင်ရင် သကြား ၁၀ သား ထည့်ကျိုပါ။
အချိုမကြိုက်ရင် သကြားမထည့်ပါနဲ့။
ပျားရည် ထည့်ကျိုလည်း ရပါတယ်။




♦️ဆူပွက်ချိန် ၁၀ မိနစ်ကြာရင်
အအေးခံမယ့်ခွက် ( သို့ ) ဗန်းထဲထည့်ပါ။
♦️၂ နာရီခွဲ ၃ နာရီ အအေးခံပြီးရင်
ကျောက်ကျောရပါပြီ။




? ပျားရည် ထည့်ကျိုရင်
ပျားရည်ကျောက်ကျော
? သကြား ထည့်ကျိုရင်
ချိုမြမြအရသာ သကြား ကျောက်ကျော
? ဘာမှ မထည့်ရင်တော့
သဘာဝအရသာ ကျောက်ကျောပေါ့နော်။




ကျောက်ကျောလေးရလာတဲ့အခါ
?သံပုရာ ကျောက်ကျော ဖျော်သောက်ချင်ရင်
သကြားရည်ကျိုပြီး အအေးခံထားပြီးပါက
ကျောက်ကျော အတုံးတုံးထည့်
သံပုရာသီးစိပ်လေး ညှစ်ထည့်
ရေခဲထည့်ပြီး ဖျော်သောက်ပါ။




?မန်ကျည်းကျောက်ကျော ဖျော်သောက်ချင်ရင်
မန်ကျည်းရည်ထန်းလျက်ရည် ( မုန့်လုပ်ထညက် အရည်ကျို စစ်ထား )ဆား နဲနဲကျောက်ကျော နဲ့ ဖျော်သောက်ပါ။ ရေခဲသုပ် လုပ်စားချင်ရင်ရေခဲခြစ်




ထန်းလျက်ရည် ( မုန့်လုပ်ထညက် အရည်ကျို စစ်ထား )
ကျောက်ဖရုံယို, နာနတ်ယို, မြေပဲထောင်း
ကျောက်ကျောနဲ့ လုပ်စားပါ။? ကျောက်ကျောမဲတုံးလေးကို
နို့စမ်းစားလဲ ရပါတယ်။? ကျောက်ကျောမဲတုံးလေးကို
အုန်းနို့စမ်းစားလဲ ရပါတယ်။




? Ice Tea ( နိုလ္ဖက်ရည်အေး ) ထဲ
ကျောက်ကျောထည့်သောက်လဲ အရမ်းကောင်းပါတယ်။
ကျောက်ကျောမှုန့် ၆ ကျပ်သား တစ်ထုပ်ကျိုရင်
လူ ၂၀ စာ စားလို့ရပါတယ်။မကုန်ရင်လည်း ပလတ်စတစ်အကြည်လေးအုပ်ပြီးရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ရပါတယ်။




ကျောက်ကျောမှုန့် ဝယ်ယူချင်တယ်ဆိုရင်ပဲခူး ဒေါ်ထွေးရီ Food House