“အာလူးပူရီ” ပြုလုပ်နည်း (၃)နည်း??????
—————
“အာလူးပူရီ” သည်ပြုလုပ်ရ လွယ်ကူစေသလို အရသာမှာလည်း အထူးကောင်းမွန်ပါတယ်
✅အာလူးပူရီ
—————
ပါဝင်ပစ္စည်းများ(၅ ယောက်စာ)
—————
1- အာလူးအနေတော် -၅လုံး
2- ဂျူံ မှုန့် – ၂၅ ကျပ်သား
5-ခရမ်းချဉ်သီး -၁လုံး
4-ကြက်သွန်နီ -၂လုံး
5-ကြက်သွန်ဖြူ – ၃မွာ
6-ဂျင်း – လက်တစ်ဆစ်
7-ဆီ- ၁၀ကျပ်သား
8-ဆား – အနည်းငယ်
9-နန္နင်းမှုန့် -အနည်းငယ်
10- သကြား ဟင်းစားဇွန် – ၁ဇွန်း
11-အရသာမှုန့် -အနည်းငယ်
12-ငရုတ်ကြမ်းမှုန့် ဟင်းစားဇွန်း -၂ဇွန်း
13- ပျဉ်းတော်သိမ်ရွက် -၃ညွန့်
14- ကရဝေးရွက် – ၃ရွက်
15-ဇီယာစေ့ – အနည်းငယ်
16-မဆလာ – အနည်းငယ် တို့လိုအပ်ပါတယ်
ပြုလုပ်နည်းအဆင့်ဆင့်
—————
ပူရီကြော်ပြုလုပ်နည်း
—————
ပူရီ ပြုလုပ်ရန်အတွက် ဂျုံကို ဆားသကြား ဆီအနည်းငယ်တို့နဲ့ေ ရာပြီး ရေနွေးနွေးကို ဖြေးဖြေးချင်း လောင်းထည့်ပါ။ နယ်ပေးပါ။ နယ်ထားသောဂျုံလုံးများကို အဝတ်ရေစွတ်ပြီး ၁၀မိနစ်ခန့်အုပ်ထားပါ
နယ်ထားဂျူံများကို အလုံးလေးတွေ လုပ်ထားပြီး နောက်ထပ်ရေစိုဝတ်နဲ့ ၁၅ မိနစ်ခန့် ထပ်အုပ်ပြီးရင် ဂျုံလှိမ့်တဲ့ ဒလိမ့်တုံးနဲ့ ပါးနေအောင် လှိမ့်ပေးပါ
ပူရီကြော်လို့ရ ပြီ ဖြစ်ပါတယ်
ဆီများများထည့်ထားတဲ့ အိုးထဲ ထည့်ကြော်ပါ
မုန့် က ပွလာရင် နောက်တစ်ဖက်သို့လှန်ပေးပါ ၂ဖက်လုံး ဖောင်းလာရင် ဆယ်ယူပြီး အအေးခံထားပါ
ပူရီဟင်းအနှစ် ပြုလုပ်နည်း
—————
ဂျင်း ကြက်သွန်နီ / ဖြူ အခွံသင် ကျေညက်စွာထောင်းထားပါ။
ခရမ်းချဉ်သီး ရေဆေး အစေ့များဖယ် ထုပ်ပြီး ရေစင်အောင် ဆေးကြောပြီး နုပ်နုပ်စင်းထားပါ။ ကရဝေးရွက် ပျဉ်းတော်သိမ်ရွက် များအားရေစင်အောင်ဆေးကြောပြီး လှီးဖြတ်ထားပါ။ ဇီယာစေ့ အားညက်အောင်ထောင်းထားပါ။ အားလူး ကိုရေစင်အောင်ဆေး အခွံခွာ ၍ အတုံးသေးလေးများတုံးထားပါ။
ဆီသတ်ဖို့ အတွက် အိုးဇောက်နက်နက် ထဲကို ဆီထည့်
ဆနွင်းမှုန့် ကုလားဝေးရွက်များထည့် ပြီးဆီသတ်ပါ
ထို့နောက် ကြက်သွန်နီ ထည့် ကြက်သွန်နွမ်းပါက ဇီယာနှင့် ပျဉ်းတော်သိမ်ရွက် ငရုတ်ကြမ်းမှုန့်တို့ကိုပါထည့်၍ဆီသတ်ပါ။
ကြက်သွန် အရောင်နဲနဲ ညိုလာရင် ဂျင်းကြက်သွန်ဖြူ
ထည့်ပါ။ ဆီသတ်ပြီး မွှေးလာရင် ခရမ်းချဉ်သီး အာလူးတို့ကို ရောပြီး ထည့်ပါ။ အာလူးနူးအိလာသည်အထိ ရေထည့်ပြီး မီးအေးအေးနှင့်တည်ထားပါ။ ဆား အရသာမှုန့် မဆလာ တို့ထည့်ပြီး စိတ်ကြိုက်ပြင်ဆင်ပါ
ပူရီနဲ့ စားဖို့ မဆလာနံ့သင်းတဲ့ အာလူးဟင်းရပြီ ဖြစ်ပါတယ်
Credit: Steem
—————————————-
✅အာလူးပူရီ
—————
ပါဝင်ပစ္စည်းများ
—————
ဂျုံကြမ်း (ဂျုံနယ်ရန်) – ၁၀ ကျပ်သား (ဂျုံနုလည်း အသုံးပြုလို့ရပါတယ်)
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ – စားပွဲဇွန်း ၃ ဇွန်း
ရေ – အကြမ်းပန်းကန်လုံး ၂ လုံးခန့်
ဂျုံမှုန့် (ဖြူးရန်အတွက်) – အနည်းငယ်
ပူရီကြော်ရန်အတွက်
ဆီ – ၁၀ ကျပ်သား
ပြုလုပ်နည်း
—————
ဦးစွာ ဂျုံထဲ ဆား၊ သကြားနှင့် ရေထည့်ပြီး ပျော့ပျောင်းလာအောင် နယ်ပါ။ နယ်သားကျလာလျှင် ဆီထည့်ပြီး ထပ်၍နယ်ပါ။ ဂျုံသားနယ်သား ကျပြီး ချောမွတ်လာပြီဆိုလျှင် အဝတ်ရေစိုလေးအုပ်ပြီး ၁ နာရီခန့် နှပ်ထားပါ။ ဂျုံနှပ်ချိန်ပိုလေ မုန့်သား ပိုကောင်းလေပါ။ အချိန်စေ့လျှင် ဂျုံလုံး ၁၀ လုံးခန့် ရအောင်လုံးပါ။ ပြီးလျှင် ဂျုံမှုန့်အနည်းငယ်ဖြူးပြီး ဂျုံလုံးကို လှိမ့်တံနှင့် လှိမ့်ကာ ပါးပါးဝိုင်းဝိုင်းလေးရအောင် လှိမ့်ပါ။ ဆီပူအိုးတည်ပြီး မီးအလယ်အလတ်နဲ့ ပူရီကို ကြော်ပါ။ ကြော်သည့်အခါ ဇွန်းနှင့် ပူရီကို ဖိထားလျှင် ဖောင်းတက်လာပြီး ပူရီဖောင်းဖောင်းအိအိလေးရပါမယ်။
အာလူးဟင်းချက်ရန်အတွက်
—————
အာလူး – ၂၅ ကျပ်သား
ဆီ – ၂ ၁/၂ ကျပ်သား
ကြက်သွန်နီ – ၁ လုံး
မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မုန်ညင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဇီရာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့် – အနည်းငယ်
ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် – ဇွန်းဖျားနှင့် အနည်းငယ်
ပျဉ်းတော်သိမ်ရွက် – အနည်းငယ်
ပြုလုပ်နည်း
—————
အာလူးကို ပြုတ်၍ အခွံနွှာပြီး လက်နှင့် အတုံးလေးများရအောင် ခြေထားပါ။ ဆီပူအိုး တည်ပြီး ဆီပူလာလျှင် ပျဉ်းတော်သိမ်ရွက်၊ မုန်ညင်းစေ့၊ နနွင်းမှုန့်နှင့် ဇီရာတို့ကို ၁၀ စက္ကန့်မျှ ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်နီထည့်၍ ဆီသတ်ပါ။ကြက်သွန်နီ အနည်းငယ် မပျော့မမာဖြစ်လာလျှင် မဆလာထည့်ပြီး အာလူးထည့်၍ မွှေပါ။ ဆား၊ အရသာ၊ သကြားထည့်ပါ။ ရေနွေးအနည်းငယ်ထည့်ပြီး အဖုံးအုပ်၍ ချက်ပါ။ ဆီကျန်၊ ရေကျန် အနေအထားလေး ဖြစ်ရပါမယ်။
Crd: ပန်းခရေ
—————————————-
✅အာလူးပူရီ
—————
ဂျုံမှုန့်ဟင်းခတ်စတီးဇွန်းမောက်မောက် ၅ ဇွန်းကိုဇလုံ တစ်ခုတွင်ထည့်ပါ။ ရေ ၃ ဇွန်းထည့်ပါ။ ဆီ ၁ ဇွန်းထည့်ပါ။
သမအောင် ၁၀ မီနစ်ခန့် မုန့်သားကိုညက်နေအောင် နယ်ပြီးအဖုံးအုပ်၍ ၁ နာရီခန့်နှပ်ထားပါ။ အချိန်ပြည့်ရင် စဉ့်နီတုံးပျဉ်ပြားပေါ်တွင် ဂျုံမှုန့်ဖြူးပြီးအရှည်လိမ့်ကာ ၈ ပိုင်းဖြတ်ပါ။ တခုခြင်းကိုလုံးပြီး ဖိပြား၍ဒလိမ့်တုံးဖြင့်အပြားလိမ့်ပါ။
မုန့်သားအပြားတခုခြင်းကို ဆီများများဆီပူပူတွင်တခုခြင်းကြော်ပါ။ ကြော်နေစဉ် မုန့်သားပေါ်ကိုဆီပက်ပေးပါ။ အဲဒါမှမုန့်သားဖေါင်းလာပါမယ်။ မုန့်သားကျက်ရင်ဆီစစ်ပြီးဆယ်ယူပါ။ ပူရီအတွက်မုန့်ရပါပြီ။
အာလူးဟင်းအတွက်
—————
အာလူးကိုအခွံသင်ပြီးအတုံးသေးသေးတုံးကာကျက်အောင်ပြုတ်ထားပါ။ ကြက်သွန်နီကိုစင်းလှီးထားပါ။ ဂျင်း၊ ကြက်သွန်ဖြူကိုညက်ညက်ထောင်းတာပါ။
ခရမ်းချဉ်သီးကိုအတုံးသေးသေးလှီးပါ။ ငရုတ်သီးစိမ်း၊ နံနံပင်ကိုလှီးထားပါ။
ပျဉ်တော်သိမ်ရွက်ကိုချွေထားပါ။ အိုးတလုံးမှာဆီထည့်အပူပေးပြီးငရုတ်သီးခြောက်ကိုကြော်ပြီးဆယ်ထားပါ။
ကြက်သွန်နီ၊ ဖြူ၊ ဂျင်း၊ ပျဉ်တော်သိမ်ရွက်ကို နနွင်းမှုန့်နဲနဲထည့်၍ အနံ့မွှေးလာအောင်ဆီသတ်ပါ။ မုန်ညှင့်စေ့ရှိရင်ထည့်ပါ။
ကြက်သွန်နွမ်းလာရင် ခရမ်းချဉ်သီး၊ အာလူး၊ ငရုတ်သီးစိမ်း ထည့်၍မွှေပေးပါ။ ရေအသင့်တင့်ထည့်ပါ။ဆားအချိုမှုန့်ထည့်ပြီးမွှေပေးပါ။
အရသာမြည်းကြည့်ပါ။ အနေတော်ဆို ဇီယာအမှုန့်၊ မဆလာမွှေးအမှုန့်ဖြူးပါ။ ပန်းကန်ထဲမှာထည့်ပြီးအပေါ်ကနံနံပင်လှီးထားတာဖြူးပါ။ ငရုတ်သီးတောင့်ကြော်ကို ဘေးနားမှာထည့်ပါ။
အာလူးပူရီအတွက်ဟင်းရပါပြီ။ ပူရီကြော်ထားတာနှင့်တွဲစားလို့ရပါပြီ။ စားကောင်းကြပါစေ
Credit: U Kyaw Shwe