ရန်ကုန်မုန့်ဟင်းခါးချက်နည်းလေး..

Food

ရန်ကုန်မုန့်ဟင်းခါးချက်နည်း

ငါးခူ ၃၀သား
ငါးဖယ် ၁၀သား
ဘဲဥ ၁၀လုံး
ကုလားပဲခြမ်း ၁၀သား
မြေပဲ ၅ကျပ်သား
ဆန်အကျက်မှုန့် ၅ကျပ်သား
စပါးလင် ၃ပင်

ဂျင်း လက်၃လုံး(၂ကျပ်ခွဲ)
ကြက်သွန်ဖြူ ၄မွှာ
ကြက်သွန်နီ(ကြီး) ၇လုံး
ကြက်သွန်နီ(သေး) ၁၀လုံး
ငရုတ်ပုထောင်း အနည်းငယ်
နနွင်း ။

ငရုတ်ကောင်း ။
အချိုမှုန့် ၁ဇွန်း(သုံးလျှင်ကြိုက်သလောက်)
ငံပြာရည် လိုသလောက်
ထန်းလျှက် ၃ခဲ
ငှက်ပျောအူ ၁တုံး

-ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။
စပါးလင် ထိပ်ကိုဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငါးခူကို ထည့်၍ပြုတ်ပြီး အရိုးနွှင်ထားပါ။အရိုးကိုထောင်းပြီး

ဇကာခံကာ ရေနှင့်ဆေးချထားပါ၊
-ကုလားပဲကို နနွင်းဆားအနည်ငယ်စီနှင့်နူးသည်အထိပြုတ်ပြီး
ခြေထားပါ။
-ကြက်သွန်နီ ပါးပါးလှီးထားပါ။ကြက်သွန်ဖြူ ဂျင်း စပါးလင်တို့ကိုထောင်းထားပါ။

-ငှက်ပျောအူကို လှီး၍ ရေ နနွင်းရောထားသော ဇလုံတစ်ခုထဲ
သို့ လြီးခ္ပါ။
-ဆီသတ်ရန် ဆီ ထည့်ပါ။ငါးဖယ်ကို ပြား၍ကြော်ထားပါ။ကျန်သောဆီထဲသို့နနွင်းထည့်ပါ၊ကြက်သွန်နီကိုကြော်ပြီးဘေး၌ခဏကပ်ပြီးဆယ်ထားပါ။ကြက်သွန်ဖြူထည့်ပါ။ဂျင်းထည့်ပါ။စ

ပါးလင်ထည့်ပါ။ရွှေအိုရောင်သန်းလာလျှင်ငရုတ်ပုထောင်း
ထည့်၍ခဏမွှေပြီးငါးထည့်ပါ။ငံပြာရည်/(အချိုမှုန့်)ထည့်၍ မွှေးလာပြီးအနည်းငယ်ခြောက်သည်အထိဆီသတ်ပါ။
-ကြက်သွန်ဥနီအသေးကိုခွာထားပါ။ဘဲဥကိုပြုတ်ထားပါ။

ငါးပြုတ်ရည်အိုးကိုရေထပ်ထည့်၍ဆူအောင်တည်ပါ။ပွက်
ပွက်ဆူလာလျှင် ခြေထားသောပဲထည့်၍ ၁၀မိနစ်ခန့်ထားပါ။

ဆန်အကျက်မှုန့်ရေဖျော်ထည့်ပါ။ဆန်မှုန့်အနံပျောက်အောင်ထားပါ။နောက်ထပ်၁၀မိနစ်ခန့်ထားပါ။မြေပဲထောင်းထားတာထည့်ပါ။၁၀မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသောငါးထည့်ပါ။ငါးဖယ်ကိုတုံး၍ထည့်ပါ။ဆူလာလျှင်ငှက်ပျောအူကြက်သွန်ဥထည့်ပြီးမွှေပါ။အဖုံးမအုပ်ပဲထားပါ။

(ငှက်ပျောအူများမဲတတ်သည်)။ဘဲဥလှီးထည့်ပါ။အိုးဘဲဥအတွက်အလုံး
လိုက်လဲထည့်ပါ။ထန်လျှက်ခဲထည့်ပါ။ငံပြာရည်၊အချိုမှုန့်ထည့်၍အရသာအနေတော်ဖြစ်အောင်ပြင်ပါ။ငရုတ်ကောင်းထည့်ပါ။

လေးစားလျှက်..crd. Credit : ချက်ကြည့်ကြစို့

ရနကြုနမြုနြ့ဟငြးခါးခကွနြညြး

ငါးခူ ၃၀သား
ငါးဖယျ ၁၀သား
ဘဲဥ ၁၀လုံး





သို့ လွီးခ်ပါ။
-ဆီသတရြနြ ဆီ ထညြ့ပါ။ငါးဖယကြို ပှား၍ကှောထြားပါ။ကနွသြောဆီထဲသို့နနှငြးထညြ့ပါ၊ကှကသြှနနြီကိုကှောပြှီးဘေး၌ခဏကပပြှီးဆယထြားပါ။ကှကသြှနဖြှူထညြ့ပါ။ဂငွြးထညြ့ပါ။စ






Leave a Reply

Your email address will not be published.