ရိုးရာနည်းဖြင့် နွားနို့ခဲပြုလုပ်ခြင်း

Food

ရိုးရာနည်းဖြင့် နွားနို့ခဲပြုလုပ်ခြင်း

(၁) မရိုးပင်၊ မရိုးကိုင်း၊ မရိုးရွက်တို့ကို အသုံးပြု၍ နို့ခဲပြုလုပ်ခြင်း (မြန်မာ့ရိုးရာနည်း)

မရိုးပင်မှ အကိုင်း၊ အရွက်တို့ကိုခူးပြီး ရေဖြင့် သေချာဆေးပါ။ အကိုင်း၊ အရွက်တို့ကို ချိုးပြီး ထွက်လာသောအဖြူရောင်အစေးဖြင့် နွားနို့ထည့်မည့်အိုးကို သုတ်လိမ်းပါ။ အကိုင်း၊ အရွက်အချို့ကို ထုထောင်းပြီးထည့်ပါ။ နွားနို့ ၁ပိဿာ အတွက် ၁ ကိုင်းခန့်သုံးပေးပါ။

ထို့နောက် နွားနို့အစိမ်းနှင့် ကောင်းစွာရောစပ်ပြီး မွှေပါ။ မီးဖိုပေါ်တွင် ဆူအောင်တည်ပါ။နွားနို့များ အစိမ်းရောင်အရည်နှင့် အဖြူရောင်နို့ခဲများ ကြဲထြက္လာပါက မီးပိတ်ပါ။ အဝတ်သန့်သန့်ဖြင့် နာရီဝက်ခန့်စစ်ထားပါ။

(၂) သံပရာရည် သို့မဟုတ် ရှာလကာရည်ဖြင့် နို့ခဲပြုလုပ်ခြင်း၊နွားနို့ကို ဆူအောင်တည်ပြီး အိုးမကပ်အောင်မွှေပေးပါ။
နွားနို့ဆူပွက်လာပါက သံပရာရည် သို့မဟုတ် ရှာလကာရည်ကို ထည့်ပြီးမွှေပေးပါ။ နွားနို့ ၁ ပိဿာအတွက် လက်ဖက်စားဇွန်း ၁ဇွန်းစာထည့်ပါ။

နွားနို့များ ကြဲထြက္လာပါက မီးပိတ်ပြီး ၅ မိနစ်ခန့်ထားပါ။ အဝတ်သန့်သန့်ဖြင့် စစ်ယူပြီး ရေသန့်ထည့်ထားသော ဇလုံတွင်နှစ်ပြီး ၃ – ၄ ကြိမ်ခန့်ဆေးပါ။ (အချဉ်အနံ့နှင် အရသာပျောက်စေရန် ဖြစ်ပါသည်။) ထို့နောက် နာရီဝက်ခန့် ရေစစ်ထားပါ။

ရေစစ်ပြီးပါက အဝတ်ဖြင့်တင်းကျပ်စွာ ညှစ်ပြီးထုပ်ပါ။ အပေါ်မှ အလေးဖြင့် ၂ နာရီခန့် ဖိထားပါ။ ရေအားလုံးထွက်သွားပြီး နွားနို့ခဲရပါပြီ။

ရေခဲသေတ္တာတွင် ၁ ပတ်ခန့် သိမ်းထားနိုင်ပါသည်။ လေထုတ်ထားသောအိတ် သို့မဟုတ် ဗူးတွင်ထည့်ပြီး အေးခဲအခန်းတွင် ထားပါက ၁ လထက္ပို၍ အထားခံနိုင်ပါသည်။

နွားနို့ခဲသည် ခန္ဓာကိုယ်အတွက် လိုအပ်သော အသားဓာတ်(ပရိုတင်း)၊ ကယ်လ်ဆီယမ်ဓာတ်၊ ဗိုက်တာမင် အေ၊ ဗိုက်တာမင် ဒီ၊ အဆီဓာတ် အစရှိသော အာဟာရဓာတ်များ ပါဝင်ပြီး အရိုးပါးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

#Credit ထိပ်တန်း – အော်ဂဲနစ်ခြံထွက်နွားနို့နှင့် နို့ထွက်ပစ္စည်း

Leave a Reply

Your email address will not be published.