မည်သည့်အရပ်ဒေသတွင်ရောက်နေရာစေ ခန္ဓာကိုယ်အချိုးအစား၏အရပ်အမောင်းနှင့်ပတ်သတ်လာပါက အရပ်ပုသူတွေဟာ အမြဲတမ်းလှောင်ရယ်ခံနေရတာဖြစ်ပါတယ်။




ထို့ကြောင့် အမြဲတမ်းလှောင်ရယ်ခံနေရသည့် အရပ်ပုသူတွေကို စာနာသည့်အနေဖြင့် မလေးရှားနိုင်ငံမှ ဟော့ပေါ့ဆိုင်တစ်ခုဟာ အရပ်ပုတဲ့လူတွေကို အလကားကျွေးလေ့ရှိတာဖြစ်ပါတယ်။




ယောကျာ်းလေးဆိုလျှင် အရပ်အမြင့်၁၆၅စင်တီမီတာအောက်ရှိလျှင် အခမဲ့စားသောက်နိုင်ပြီး မိန်းကလေးတွေဆိုလျှင်




၁၅၅စင်တီမီတာအောက်ရှိသူတွေဆိုလျှင် အခမဲ့စားသောက်နိုင်တာဖြစ်ပါတယ်။




ထို့ကြောင့် အရပ်ပုလို့ဆိုပြီး အပြောခံနေသူတွေကတော့ ဟော့ပေါ့အလကားစားလို့ရတာကိုပြောပြပြီး လာလှောင်တဲ့လူတွေကို ကောင်းကောင်းပြန်ပြောလို့ရပြီဖြစ်ပါတယ်။




Shoon (Cele Daily)
Crd