၃လအတွင်းအလုပ်လုပ်ပြီးရရှိသည့်ဝင်ငွေနဲ့ Mercedezကားကို ဝယ်စီးနိုင်ခဲ့ကြောင်းကြွားခဲ့ရာ ရိုက်ပြထားသောကားတံဆိပ်နာမည်မှာ လွဲမှားနေ၍ လှောင်ပြောင်ခြင်းကိုသာ ခံနေရသော မိန်းကလေး

Lifestyle

၃လအတွင်းအလုပ်လုပ်ပြီးရရှိသည့်ဝင်ငွေနဲ့ Mercedezကားကို ဝယ်စီးနိုင်ခဲ့ကြောင်းကြွားခဲ့ရာ ရိုက်ပြထားသောကားတံဆိပ်နာမည်မှာ လွဲမှားနေ၍ လှောင်ပြောင်ခြင်းကိုသာ ခံနေရသော မိန်းကလေး

ယနေ့ခေတ်တွင် လူငယ်အများစုတို့သည် လိုင်းပေါ်တွင် လူအများအထင်ကြီးစေရန်နှင့် တစ်ခုခုဆိုကြွားချင်တဲ့စိတ်ကများပြီး ကိုယ့်ရဲ့လုပ်ရပ်က မှန်မမှန်ကိုလည်း ပြန်မစဥ်းတော့ပဲ နာမည်ကြီးချင်တဲ့စိတ်တွေကြောင့် တစ်နေ့တာကြုံတွေ့မှုအားလုံးကို ဓာတ်ပုံလေးရိုက်ကူးထားပြီး မျှဝေတတ်ကြသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၁၈နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ၃လအတွင်းအလုပ်ကြိုးစားပြီး ရှာထားသောဝင်ငွေလေးနဲ့ နာမည်ကြီးဇိမ်ခံကားအမျိုးအစားဖြစ်သော Mercedezကားသစ်တစ်စီးကို ဝယ်စီးနိုင်ခဲ့ကြောင်း Tik Tokရိုက်ပြီး လိုင်းပေါ်တင်ကာ ကြွားလုံးထုတ်ခဲ့သည်။

မိန်းကလေးသည် လိုင်းပေါ်ရှိလူများဆီကနေ ချီးကျူးခံချင်တာရယ် ကြွားချင်သည့်စိတ်ကြောင့်ရယ် ကားနှင့်အတူ ပုံရိုက်ပြီးတင်ခဲ့သော်လည်း တကယ်တမ်းသူမရိုက်ပြထားသည့်ကားနာမည်က CRV Hondaကားအမျိုးအစားသာဖြစ်နေ၍ ကြွားချင်ပေမယ့်ကားနာမည်မှားခေါ်နေခြင်းကြောင့် မြင်တွေ့သူတိုင်း ရယ်မောကုန်ကြသည်။

လူအများက CRV Hondaကားပေါ်မှာ တံခါးဖွင့်ရင်းရိုက်ထားသောပုံကိုကြည့်ပြီး မိန်းကလေးအား အဌားကြွားတစ်ယောက်သာဖြစ်ကြောင်း သိရှိသွားပြီး ချီးကျူးခြင်းမခံရပဲ ကဲ့ရဲ့လှောင်ပြောင် မှုများစွာကိုသာ ခံနေရသည်။

Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.