အိမ်ထောင်ရေးဖောက်ပြန်တယ်လို့စွတ်စွဲတာကြောင့် အသက်(၇၃) နှစ်အရွယ်အဖွားအိုမှ ခင်ပွန်းဖြစ်သူအား… See more

Local News

Zawgyi

အိမ္ေထာင္ေရးေဖာက္ျပန္တယ္လို႔စြတ္စြဲတာေၾကာင့္ အသက္(၇၃) ႏွစ္အ႐ြယ္အဖြားအိုမွ ခင္ပြန္းျဖစ္သူအား… See more

မြန္ျပည္နယ္ မုဒုံၿမိဳ႕နယ္ ႏိုင္လႈံေက်း႐ြာမွာ နံနက္ပိုင္းက အသက္ ၇၈ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဓားဒဏ္ရာျဖင့္ေသဆုံးခဲ့ေၾကာင္းသတင္းရတာေၾကာင့္ မုဒုံၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေအာင္မ်ိဳးထြန္း၊ ရဲအုပ္ေဇာ္မင္းေအာင္ ၊

ဒုရဲအုပ္ရဲႏိုင္ဦးနဲ႔ရဲတပ္ဖြဲ႕ဝင္ေတြဟာ အခင္းျဖစ္ေနရာသို႔ သြားေရာက္စုံစမ္းေဖာ္ထုတ္ခဲ့ၿပီး လူသတ္မႉက်ဴးလြန္ခဲ့တဲ့ ေသဆုံးသူရဲ႕ ဇနီးကိုသက္ေသခံပစၥည္းေတြနဲ႔တကြ နာရီပိုင္းအတြင္း ဖမ္းဆီးရမိခဲ့တယ္လို႔သိရသည္။ျဖစ္စဥ္မွာ မုဒုံၿမိဳ႕နယ္ ႏိုင္လႈံေက်း႐ြာ သီတာလမ္းေန ဦးျပန္ (၇၈)ႏွစ္သည္

၎၏ဇနီးျဖစ္သူ ေဒၚမၿမိဳင္ (၇၃) ႏွစ္ႏွင့္ တအိမ္တည္းအတူေနၾကၿပီး ဦးျပန္မွ ဇနီးျဖစ္သူအား အိမ္ေထာင္ေရးေဖာက္ျပန္သည္ဟု စြတ္စြဲကာ ေနစဥ္ ျပႆနာျဖစ္ပြားခဲ့ေၾကာင္း ၊

အခင္းျဖစ္သည့္ နံနက္ ၂ နာရီခ်ိန္ခန႔္၌လည္း ဦးျပန္မွ ဇနီးျဖစ္သူအား အိမ္ေထာင္ေရးေဖာက္ျပန္တယ္လို႔ စြတ္စြဲကားဓားျဖင့္ ခုတ္မည္ျပဳသျဖင့္ဇနီးျဖစ္သူေဒၚၿမိဳင္မွ ဓားအားလုယူၿပီး ဦးျပန္အားျပန္လည္းခုတ္ရာ ဦးျပန္၏ဦးေခါင္း၌

ဓားဒဏ္ရာ ၃ ခ်က္ျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့တဲ့အတြက္ က်ဴးလြန္သူေဒၚၿမိဳင္ကေနအိမ္မွထြက္ခြာၿပီးတူမျဖစ္သူ၏ေနအိမ္၌ သြားေရာက္တိမ္းေရွာင္ေနရာမွ ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္တယ္လို႔သိရသည္။

လက္ရွိမွာေတာ့ အသက္ ၇၈ ႏွစ္အ႐ြယ္ ခင္ပြန္းျဖစ္သူအားဓားျဖင့္ခုတ္၍ ေသေစခဲ့သူ ေဒၚၿမိဳင္ (၇၃) ႏွစ္အား မုဒုံၿမိဳ႕မရဲစခန္း မွအမႈဖြင့္လွစ္ထားတယ္လို႔ သိရသည္။

အမႊာညီေနာင္-credit

Unicode

အိမ်ထောင်ရေးဖောက်ပြန်တယ်လို့စွတ်စွဲတာကြောင့် အသက်(၇၃) နှစ်အရွယ်အဖွားအိုမှ ခင်ပွန်းဖြစ်သူအား… See more

မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာမှာ နံနက်ပိုင်းက အသက် ၇၈ နှစ်အရွယ် အမျိုးသားတစ်ဦးဓားဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်းသတင်းရတာကြောင့် မုဒုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးထွန်း၊ ရဲအုပ်ဇော်မင်းအောင် ၊

ဒုရဲအုပ်ရဲနိုင်ဦးနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်နေရာသို့ သွားရောက်စုံစမ်းဖော်ထုတ်ခဲ့ပြီး လူသတ်မှူကျူးလွန်ခဲ့တဲ့ သေဆုံးသူရဲ့ ဇနီးကိုသက်သေခံပစ္စည်းတွေနဲ့တကွ နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့သိရသည်။ဖြစ်စဉ်မှာ မုဒုံမြို့နယ် နိုင်လှုံကျေးရွာ သီတာလမ်းနေ ဦးပြန် (၇၈)နှစ်သည်

၎င်း၏ဇနီးဖြစ်သူ ဒေါ်မမြိုင် (၇၃) နှစ်နှင့် တအိမ်တည်းအတူနေကြပြီး ဦးပြန်မှ ဇနီးဖြစ်သူအား အိမ်ထောင်ရေးဖောက်ပြန်သည်ဟု စွတ်စွဲကာ နေစဉ် ပြဿနာဖြစ်ပွားခဲ့ကြောင်း ၊

အခင်းဖြစ်သည့် နံနက် ၂ နာရီချိန်ခန့်၌လည်း ဦးပြန်မှ ဇနီးဖြစ်သူအား အိမ်ထောင်ရေးဖောက်ပြန်တယ်လို့ စွတ်စွဲကားဓားဖြင့် ခုတ်မည်ပြုသဖြင့်ဇနီးဖြစ်သူဒေါ်မြိုင်မှ ဓားအားလုယူပြီး ဦးပြန်အားပြန်လည်းခုတ်ရာ ဦးပြန်၏ဦးခေါင်း၌

ဓားဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့တဲ့အတွက် ကျူးလွန်သူဒေါ်မြိုင်ကနေအိမ်မှထွက်ခွာပြီးတူမဖြစ်သူ၏နေအိမ်၌ သွားရောက်တိမ်းရှောင်နေရာမှ ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရသည်။

လက်ရှိမှာတော့ အသက် ၇၈ နှစ်အရွယ် ခင်ပွန်းဖြစ်သူအားဓားဖြင့်ခုတ်၍ သေစေခဲ့သူ ဒေါ်မြိုင် (၇၃) နှစ်အား မုဒုံမြို့မရဲစခန်း မှအမှုဖွင့်လှစ်ထားတယ်လို့ သိရသည်။

အမွှာညီနောင်-credit

Leave a Reply

Your email address will not be published.