Source: May Kabyar ‘s fb
ချစ်လှစွာသော ပရိတ်သတ်ကြီးရေ မင်းသမီးချော မေကဗျာကတော့ ကလေးမေမေအသက် (၃၉) နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဆိုပေမယ့် ငယ်ရွယ်နုပျိုသူတွေလိုက်လို့မမှီတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ မေကဗျာကတော့ အခုဆိုရင် ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ စီးပွားရေးအလုပ်တွေနဲ့ မိသားစုအရေးကိစ္စတွေကိုသာ ဦးစားပေး လုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မေကဗျာက သူမရဲ့ တစ်ဦးတည်းရှိတဲ့သမီးလေး ဂင်္ဂါမေအတွက် လိုလေသေးမရှိဖြည့်ဆည်းပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်..။
ကျောင်းပညာတော်ပြီး ထူးချွန်ထက်မြက်တဲ့သမီးလေးကို ပိုင်ဆိုင်ထားတဲ့ မေကဗျာဟာ သမီးလေးနဲ့ ပတ်သက်ပြီး စိတ်ချအားထားရကြောင်းကို “ ကိုယ်ပိုင်ဒေါက်တာလေး ဆေးခန်းလိုက်ပြပေးတာ ဇိမ်ပဲ သူကဆေးပညာ ဆေးရုံ ဆေးခန်းကျွမ်းကျင်တော့ ထိုင်နေရုံလေးပဲ သိုင်းကျူးဘေဘီ မုန့်တော့ပြန်ကျွေးရတာပေါ့.. ပေါင် ၁၂၅ မှ ၁၁၃ သို့ ကျပြီး ဆေးခန်းပြရတဲ့အရွယ်ရောက်နေပါပြီ ” ဟုဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲဖြစ်ပါတယ်..။
မေကဗျာကတော့ အရာရာမှာ နှံစပ်ကျွမ်းကျင်ပြီး ဆေးပညာကိုကျွမ်းကျင်တဲ့ သမီးလေးကြောင့် ကိုယ်ပိုင်ဒေါက်တာလေးရထားသလို ဇိမ်ကျကျ ဆေးခန်းပြရတယ်ဆိုပြီး သမီးလေးအကြောင်းကို ဂုဏ်ယူစွာပြောလာတာပဲဖြစ်ပါတယ်။ မေကဗျာကတော့ တကယ့်ကို သားသမီးရကံကောင်းသူတစ်ယောက်ပဲဖြစ်ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလညး် သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။
Credit ; Cele Active World