မုန့်လင်မယား လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါပီနော်  (မုန့်အုပ်ကလေး လို့လည်း ခေါ်ကြပါတယ်)

Food

မုန့်လင်မယား လုပ်နည်းလေး မေးထားလို့ တင်ပေးလိုက်ပါပီနော် 😊 (မုန့်အုပ်ကလေး လို့လည်း ခေါ်ကြပါတယ်)

မုန့်လင်မယား
—————-
ပါဝင်ပစ္စည်းများ
• မွှေးဆန်အစိမ်းမှုန့် – ၄၅၀ ဂရမ်
• မွှေးကောက်ညှင်းမှုန့် – ၅၀ ဂရမ်
• မွှေးပဲစိမ်းမှုန့် – ၂၅ ဂရမ်
• ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ချင်းရည် – စားပွဲဇွန်း ၁ ဇွန်း
• ရေ – ၆ဝဝ မီလီလီတာ
• ငုံးဥ
• ပြောင်းဖူး
• ပဲပြုတ်

ပြုလုပ်နည်း

၁။ ဇလုံတစ်လုံးထဲ မွှေးဆန်အစိမ်းမှုန့်၊ မွှေးကောက်ညှင်းမှုန့်၊ မွှေးပဲစိမ်းမှုန့်၊ ဆား၊ ချင်းရည်နှင့် ရေတို့ကို ထည့်ပြီး သမအောင် မွှေပါ။ ပြီးလျှင် မုန့်နှစ်ဖျော်ရည်ကို ၂ နာရီခန့် နှပ်ထားပါ။

၂။ မုန့်လင်မယားလုပ်မည့် ဗန်းထဲ ဆီအနည်းငယ်ဖျန်းပါ။ ပြီးလျှင် မုန့်ခွက်လေးတွေထဲ မုန့်နှစ်ရည်ထည့်ပါ။ မုန့်ခွက်တစ်ခုစီထဲ အဆာပလာတစ်မျိုးစီ ထည့်ပါ။ ဆီဖျန်းပါ။ အရောင်ရဲရဲလေးဖြစ်ပြီး မုန့်ကျက်ပြီဆိုလျှင် ဆယ်ယူ၍ ပန်းကန်ထဲထည့်ပါ။

ချဉ်စပ်ကလေး စားချင်တယ်ဆိုရင်လည်း
ခရမ်းချဉ်သီး ငရုတ်သီးလေးတွေ ထည့်ပြီးစားလို့ရပါတယ်နော်။

———————-
Crd

Leave a Reply

Your email address will not be published.