နှိုင်းယှဉ်မြင့်မိုရ်လောက် မရောင်းရရင် အနုပညာပညာကြေးအများကြီးမယူတာ ကောင်းတယ်ဆိုတဲ့ ညီနန္ဒ

Cele News

နှိုင်းယှဉ်မြင့်မိုရ်လောက် မရောင်းရရင် အနုပညာပညာကြေးအများကြီးမယူတာ ကောင်းတယ်ဆိုတဲ့ ညီနန္ဒ

ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အနုပညာလောကမှာ တစ်ချိန်က အောင်မြင်မှုများစွာကို သိမ်းပိုက်ထားတဲ့ သူကတော့ မင်းသားကြီး ညီနန္ဒ ပဲဖြစ်ပါတယ်။ ညီနန္ဒ ဟာ ဇာတ်ကားများစွာကို ပါဝင်ရိုက်ကူးထားပြီး ထူးချွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက အားပေးချစ်ခင်ခဲ့ကြတာ ဖြစ်ပါတယ်။

ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ လုပ်ကိုင်နေတဲ့အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း ကြိုးကြိုးစားစား လုပ်ကိုင်နေတာတွေ့ရပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ဟာ သရုပ်ဆောင်အလုပ်ကို ရပ်နားထားပြီး အွန်လိုင်းကနေ Live Sale ရောင်းချရင်း မအားလပ်နိုင်အောင်ရှိနေတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်ဟာ ရတနာဆိုင်တစ်ခုအတွက် Live Sale ရောင်းချခဲ့ရာ Live အတွင်းမှာလည်း သိန်းသုံးထောင်းကျော်ဖိုးရောင်းနိုင်ခဲ့ပြီး အော်ဒါအပြင်ထည်တွေလည်းရရှိခဲ့ရာ သိန်းကိုးသောင်းဖိုးနီးပါးအံ့သြစရာကောင်းလောက်အောင်ရောင်းချနိုင်ခဲ့တာပဲဖြစ်ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ် လောက်မရောင်းရဘဲနဲ့သူ့လောက်မယူတာဘဲ ကောင်းတယ်။ အဲဒါကိုယ့်ရဲ့ ခံယူချက်ဘဲ။ အမြဲတမ်းသူက မင်းသား မင်းသမီးတွေဆို သူရဲ့စီနီယာဆိုပြီးတော့ အမြဲတမ်း တစ်လေးတစ်စား မိတ်ဆက်ပေးတယ်။

ဒါက သူရဲ့အားသာချက်ဘဲ။ ဒါကြောင့်လည်း Live ဘုရင်မ ဖြစ်နေတာပေါ့ ဆိုတဲ့ သရုပ်ဆောင်ညီနန္ဒ……
Credit

Leave a Reply

Your email address will not be published.