အုန်းနို့ခေါက်ဆွဲချက်နည်း?
တင်ပေးပါဆိုလို့ ချက်တဲ့နည်းကို တင်ပေးလိုက်ပါတယ်
? လိုချင်သူများ(share နိုင်ပါတယ်)
ကြိတ်ခေါက်ဆွဲ ၂ ပိဿါ စာပါ
၁. ကုလားပဲ ၅၀ သား
၂ ကြကိသား ကို ၆၀ သားထည့်ထားပါတယ်
၃ ငါးဖယ်ခြစ် ၁၅ ကျပ်သား
၄ ဘဲဥ ၇ လုံးပြုတ်ထားရန်
၅ ကြက်သွန်နီ ၁၀ လုံးခန့် ဆီသတ်ရန်
။ အကြီး ၅လုံးခန့် ပါ်းပါးလှီးအချဉ်လုပ်ရန်
။ အသေးလေး ၃၀ခန့်
၆ ကြက်သွန်ဖြူ နွာပြီးသားလက်တစ်ဆုပ်ခန့်
၇ အုန်းနို့ နှစ်လုံး သို့ တစ်လုံး ညှစ်ပြီးရေခန်း ဆီပြန်
လာတဲ့အထိ ချက်ထားရန်
၈ ငါးငံပြာရည် ၅ ကျပ်သားခန့်
၉ သကြား စတီးဇွန်း ၃ ဇွန်းခန့်
၁၀ ဆားအနည်းငယ်
၁၁ အပေါ်မှဖြူးစားရန် ခေါက်ဆွဲခြောက်ကြော် ကြော်ရပါမယ်
၁၂ သံပုရာသီး ငရုပ်အလှော်မှုံ့ တို့လိုအပ်ပါတယ်
နံနံပင်ကြိုက်ရင် ထည့်နိုင်ပါတယ်။
ပဲသွေးကြိုက်ရင်ထည့်လို့ရပါတယ်
ဆီက အဝက်သားလောက်ထည့်ထားပါတယ်
လူအယောက် ၂၀ လောက် စားလို့ရပါတယ်နော်
အကယ်၍ ၁၀ ယောက်စာပဲ စားမယ်ဆို
ဒီအချိုးရဲ့ တစ်ဝက် ပဲလုပ်ရင် ရပါပြီနော်
ပထမ ဆုံး ကုလားပဲကိုပြုတ်ပြီး
blender နဲ့ ညက်နေအောင်ကြိတ်ထားပါ
ကွကျသားကျိုပွုတျပွီး အရိုးအသား ခှဲထားပါ
အသားကို အတတ်နိုင်ဆုံးလက်နဲ့ မျှင်ထားပါ
ကျမ က အဲလိုအမျှင်ဖြစ်မှကြိုက်လို့ပါ
အတုံးလိုက်ကို အရသာသိပ်မရသလိုပဲ
အရိုးကြီးတွေကို ပဲကြိတ်ထားတဲ့ အိုးထဲထည့်ထားပါ
အသေးလေးတွေကို မယူတော့ပါဘူး
ပြီးရင်ဆီသတ်ပါမယ်
ကြက်သွန်သိပ်ကျွပ်စရာမလိုပါဘူး
ဝင်းလာပြီဆို ကြက်သွန်ဖြူထောင်းထည့်
ခဏနေ မွှာထားတဲ့ကြက်သားထည့်
ဆနွင်းကတော့ အစကတည်းကထည့်ထားရပါမယ်
အရောင်တင်မှုံ့ ကို ကိုယ့်စိတ်ကြိုက်ထည့်နိုင်ပါတယ်
ကျမကတော့ နဲနဲပဲသုံးပါတယ်
သိပ်ကျွပ်စရာမလိုလို့ ခဏဆိုရပါပြီ။
မီးဖိုပေါ်မှာ ပဲကြိတ်ထားတဲ့အိုး တည်
ရေထည့် ငံပြာရည်ထည့်ပြီး
ပွက်လာရင် ကြက်သားဆီသတ်ထားတာထည့်
တည်ပါ။
အနည်းဆုံး နာရီဝက်လောက်ကြာမှ
ကြက်သွန်ဥ အလုံး ၂၀ ၃၀ ခန့်ထည့်
ဘဲဥပြုတ်ထားတာ လှီးထည့်
ပဲသွေးကြိုက်ရင်ပဲသွေးထည့်
အုန်းဆီချက်ထားတာထည့်
သကြားထည့်
အပေါ့ အငံမြည်းပြီး ဆားထည့်
ရေကတော့ ကိုယ့်စိတ်ကြိုက် ချင့်ချိန်ပြီးထည့်ပါရှင်
ငါးဖယ်ဆုပ်ကို ဟင်းရည်ပွက်မှ
အလုံးလေးတွေ ထည့်ချက်ပါတယ်
မထည့်လည်းရပါတယ်
ဝေမကျအောင် မီးနဲနဲလျှော့ပြီး
ဆက်တည်ထားပါ။
ကြက်သွန်နူးပြီး ဟင်းရည်ကျပြီဆို
အပေါ်မှာဆီလေးတက်လာပါတယ်။
ဒါက ကျမချက်တဲ့ပုံစံပါနော်။
Crd
#
အုနြးနို့ခေါကဆြှဲခကွနြညြး?
တငပြေးပါဆိုလို့ ခကွတြဲ့နညြးကို တငပြေးလိုကပြါတယြ
? လိုခငွသြူမွား(share နိုငပြါတယြ)
ကွိတျခေါကျဆှဲ ၂ ပိူါ စာပါ
၁. ကုလားပဲ ၅၀ သား
Crd