Rain (For Ialinks)
Unicode
သူနှင့်လက်ထပ်ယူမည့်မိန်းကလေးအား သူ့ရဲ့ဝင်ငွေအားလုံးကို လစဥ်အပ်နှံကာ နိုင်ငံခြားကဝယ်ယူထားသော အိမ်ခြံမြေတစ်ခုကိုလည်း ပေးအပ်မည်ဆိုပြီး ကိုယ်တိုင်အိမ်ထောင်ဖက်ရှာနေခဲ့သော အမျိုးသား
လူသားတို့ရဲ့ဘဝတွင် သက်ဆုံးတိုင် ဆိုးအတူကောင်းအတူအနားမှာရှိနေပေးမည့် လက်တွဲဖော်တစ်ယောက်လောက်တော့ရှိနေဖို့ လိုအပ်သည်။
သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ အသက်၄၁နှစ်အရွယ် အမျိုးသားကြီးတစ်ဦးသည် သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ ရည်းစားတွေထားခဲ့ဖူးသော်လည်း လက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ကျ အဆင်မပြေ၍ လက်လျှော့ကာ အလုပ်ကြိုးစားပြီး လူပျိုကြီးဘဝနဲ့ နေသားကျခဲ့သည်။
အမျိုးသားသည် သူ့ဘဝရဲ့အနာဂတ်အတွက် သေချာပြန်စဥ်းစားကြည့်လိုက်စဥ် သူ့ရဲ့တစ်လဝင်ငွေမှာ ယွမ်၁သိန်းပင်ရှာနိုင်ခဲ့သော်လည်း သူများတွေလို နွေးထွေးကြင်နာပေးမည့် မိသားစုကမရှိသေးတာကြောင့် အိမ်ထောင်ပြုဖို့ကျော်လွန်နေတာကိုတွေးမိပြီး ရှေ့ရေးအတွက် စိတ်ပူနေခဲ့မိသည်။
ထို့ကြောင့် အမျိုးသားသည် လိုင်းပေါ်တွင် သူ့ရဲ့ပိုင်ဆိုင်မှုများကို ချပြကာ သူနှင့်အဆင်ပြေမည့်မိန်းကလေးအား တရားဝင်လက်ထပ်ယူပြီးတော့ ဂျပန်နိုင်ငံမှာဝယ်ယူထားသော အိမ်ခြံမြေတစ်ခုကိုလည်း ပေးအပ်ကာ လစဥ်ဝင်ငွေနဲ့ i phone13ကိုလည်း ဝယ်ပေးမည်ဖြစ်ကြောင်း ကိုယ်တိုင်ပဲအိမ်ထောင်ဖက်ကို ရှာယူခဲ့သည်။
Rain (For Ialinks)
Crd