အထူးသဖြင့်ကလေးတွေရှိတဲ့မိသားစုတွေအတွက်လမ်းပေါ်မှာနေထို င်ရတဲ့ဘဝဟာတကယ်ပင် ခက်ခဲပါတယ် ၊ ဒါပေမယ့်လမ်းပေါ်မှာတွေ့ကြုံရတဲ့အခက်အခဲတွေကြားမှာသမီးဖြစ်သူကိုမွေးစားမဲ့ကမ်း လှမ်းချက်ကို စုံတွဲတစ်တွဲကငြင်းဆန်ခဲ့တဲ့သတင်းဟာမကြာသေးခင်ကပဲပျံ့နှံ့လာခဲ့ပါတယ်။ Vloggerတစ်ဦးဖြစ်တဲ့Jose Hall orina ဟာမကြာသေးမီကမိဘမဲ့ဂေဟာတစ်ခုသို့သွား၍မိဘများရဲ့ဆန္ဒအလျောက်ထားခဲ့သည့်သို့မဟုတ်အလုပ်သမားများကကယ်ဆယ်ပေးခဲ့တဲ့ကလေးများ
စွာ၏အခြေအနေကိုမြင်တွေ့လိုက်ရတဲ့အခါသူဟာဆင်းရဲတဲ့သူတွေက၎င်းတို့ရဲ့ကလေးတွေကိုတကယ်လိုလိုလားလားစွန့်လွှတ်လား ၊ မစွန့်လွှတ်လားဆိုတဲ့ social experimentလူမှုရေးစမ်းသပ်ချက်တစ်ခုကို ပြုလုပ်ရန် စိတ်ကူးပေါက်သွားခဲ့ပါတယ်။ Hall orina ဟာ သူ၏ YouTube channel အတွက် Pinoy Social Experiments ကိုပြုလုပ်ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပါတယ်။
၎င်းလူမှုရေးစမ်းသပ်ချက်မှာ Hallorina ဟာ ဆင်းရဲတဲ့မိဘများအား ၎င်းတို့၏ကလေးများကို စွန့်လွှတ်မလား (သို့) မွေးစားစေမလားဟုမေးမြန်းရန် စီစဉ်ထားခဲ့ပါတယ်။ သို့ပေမဲ့ သူနဲ့စကားပြောခဲ့တဲ့ဒီမိသားစုတစ်စုဆီမှ သူတွေ့လိုက်ရတဲ့အရာက သူ့အား တကယ်အံ့သြသွားစေခဲ့ပြီး ၎င်းတို့မိဘနှစ်ဦးရဲ့တုန့်ပြန်မှုကို လူအများက အရမ်းလေးစားသွားခဲ့ကြပါတယ်။ ဗီဒီယိုထဲအရ Hallorina ဟာ မိသားစုတစ်စုဆီသို့ချဉ်းကပ်လာခဲ့ပြီး ၎င်းတို့နဲ့စကားစမြည်စပြောခဲ့ပါတယ်။ ၎င်းမိသားစုဟာ ၎င်းတို့ရဲ့နေထိုင်မှုဘဝအကြောင်းကိုလည်း ပြောပြရန်လက်ခံခဲ့ပါတယ်။
၎င်းတို့ဟာ အမှိုက်များနှင့်ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းများစုဆောင်းခြင်းဖြင့် မြို့အနှံ့လှည့်ပတ်သွားလာကြပြီး တစ်နေ့လျှင် ဖိလစ်ပိုင် Php ၂၀၀ မှ Php ၃၀၀ ၀န်းကျင် အထိရရှိကြောင်း ၊ အလုပ်က ခက်ခဲသလို ၎င်းတို့ကမြို့ကိုလှည့်ပတ်သွားနေရင်း၊ နေရောင်ရဲ့အပူရှိန်နဲ့မိုးရွာနေချိန်တွေကြောင့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းကြောင်း ဖခင်ဖြစ်သူက ဆိုခဲ့ပါတယ်။
မနီလာမြို့တွင် ၎င်းတို့ဇနီးမောင်နှံနဲ့အတူပါလာတဲ့သမီးလေးအပြင် ၎င်းတို့မှာ Samar ရပ်ကွက်တွင်ကျန်ခဲ့တဲ့ ၅ နှစ်နှင့် ၁၁ နှစ်အရွယ်ကလေးနှစ်ယောက်ရှိပါသေးတယ်။၎င်းကိုသိလိုက်ရတဲ့အခါ Hallorina က သမီးဖြစ်သူရဲ့အနာဂတ်မှာပိုမိုကောင်းမွန်တဲ့ဘ၀ကိုပေးနိုင်ရန် ၎င်းတို့ရဲ့သမီးကို မွေးစားဖို့ကမ်းလှမ်းခဲ့ပေမဲ့ ၎င်းတို့ဇနီးမောင်နှံဟာ တွန့်ဆုတ်မနေဘဲ ချက်ချင်းပင် ငြင်းဆန်ခဲ့ပါတယ်။
၎င်းတို့ရင်ဆိုင်နေရတဲ့အခက်အခဲတွေရှိပေမဲ့ အဆိုပါဇနီးမောင်နှံနှစ်ဦးဟာ ၎င်းတို့ရဲ့ကလေးနဲ့ခွဲဖို့ဆန္ဒမရှိနေခဲ့ပါဘူး။ ၎င်းတို့ကဆင်းရဲပေမဲ့လည်း သူက သူ့ကလေးကိုကျွေးမွေးနိုင်စွမ်းရှိနေသေးကြောင်း ဖခင်ဖြစ်သူကအခိုင်အမာပြောကြားခဲ့ပါတယ်။ တစ်ကယ်တမ်း ၎င်းတို့တကယ်လိုချင်တာက Samar ရှိနေအိမ်သို့ပြန်ဖို့သာဖြစ်ကြောင်းဆိုခဲ့ပါတယ်။
၎င်းတို့ရဲ့တုန့်ပြန်မှုကို အထင်ကြီးသွားခဲ့ပြီးနောက် Hallorina က အမှန်တော့ ၎င်းက လူမှုရေးစမ်းသပ်ချက်တစ်ခုသာဖြစ်ကြောင်းပြောပြခဲ့ရပါတယ်။ ထို့နောက် သူဟာ Samar ရှိ၎င်းတို့ရဲ့နေအိမ်သို့ပြန်နိုင်ဖို့အတွက်ကူညီရန်ကမ်းလှမ်းခဲ့ပါတော့တယ်။
Zawgyi
လမ္းေပၚမွာသာေနထိုင္ေနရေပမဲ့ သမီးျဖစ္သူအား ေမြးစားဖို႔ကမ္းလွမ္းခ်က္ကို တြန္႔ဆုတ္မေနဘဲ ခ်က္ခ်င္းျငင္းဆိုခဲ့ၾကတဲ့ အမႈိက္ေကာက္သမားစုံတြဲ(႐ုပ္သံ)
အထူးသျဖင့္ ကေလးေတြရွိတဲ့မိသားစုေတြအတြက္ လမ္းေပၚမွာေနထိုင္ရတဲ့ဘဝဟာ တကယ္ပင္ ခက္ခဲပါတယ္ ၊ ဒါေပမယ့္ လမ္းေပၚမွာေတြ႕ႀကဳံရတဲ့အခက္အခဲေတြၾကားမွာသမီးျဖစ္သူကိုေမြးစားမဲ့ကမ္းလွမ္းခ်က္ကို စုံတြဲတစ္တြဲကျငင္းဆန္ခဲ့တဲ့သတင္းဟာ မၾကာေသးခင္ကပဲ ပ်ံ႕ႏွံ႔လာခဲ့ပါတယ္။ Vlogger တစ္ဦးျဖစ္တဲ့ Jose Hallorina ဟာ မၾကာေသးမီက မိဘမဲ့ေဂဟာတစ္ခုသို႔သြား၍ မိဘမ်ားရဲ႕ဆႏၵအေလ်ာက္ထားခဲ့သည့္ သို႔မဟုတ္အလုပ္သမားမ်ားကကယ္ဆယ္ေပးခဲ့တဲ့ကေလးမ်ားစြာ၏အေျခအေနကိုျမင္ေတြ႕လိုက္ရတဲ့အခါ
သူဟာ ဆင္းရဲတဲ့သူေတြက ၎တို႔ရဲ႕ကေလးေတြကိုတကယ္လိုလိုလားလားစြန႔္လႊတ္လား ၊ မစြန္႔လႊတ္လားဆိုတဲ့ social experiment လူမႈေရးစမ္းသပ္ခ်က္တစ္ခုကို ျပဳလုပ္ရန္ စိတ္ကူးေပါက္သြားခဲ့ပါတယ္။ Hallorina ဟာ သူ၏ YouTube channel အတြက္ Pinoy Social Experiments ကိုျပဳလုပ္ရတာကို ႀကိဳက္ႏွစ္သက္သူတစ္ဦးျဖစ္ပါတယ္။
၎လူမႈေရးစမ္းသပ္ခ်က္မွာ Hallorina ဟာ ဆင္းရဲတဲ့မိဘမ်ားအား ၎တို႔၏ကေလးမ်ားကို စြန္႔လႊတ္မလား (သို႔) ေမြးစားေစမလားဟုေမးျမန္းရန္ စီစဥ္ထားခဲ့ပါတယ္။ သို႔ေပမဲ့ သူနဲ႔စကားေျပာခဲ့တဲ့ဒီမိသားစုတစ္စုဆီမွ သူေတြ႕လိုက္ရတဲ့အရာက သူ႔အား တကယ္အံ့ၾသသြားေစခဲ့ၿပီး ၎တို႔မိဘႏွစ္ဦးရဲ႕တုန႔္ျပန္မႈကို လူအမ်ားက အရမ္းေလးစားသြားခဲ့ၾကပါတယ္။ ဗီဒီယိုထဲအရ Hallorina ဟာ မိသားစုတစ္စုဆီသို႔ခ်ဥ္းကပ္လာခဲ့ၿပီး ၎တို႔နဲ႔စကားစျမည္စေျပာခဲ့ပါတယ္။ ၎မိသားစုဟာ ၎တို႔ရဲ႕ေနထိုင္မႈဘဝအေၾကာင္းကိုလည္း ေျပာျပရန္လက္ခံခဲ့ပါတယ္။
၎တို႔ဟာ အမႈိက္မ်ားႏွင့္ျပန္လည္အသုံးျပဳႏိုင္တဲ့ပစၥည္းမ်ားစုေဆာင္းျခင္းျဖင့္ ၿမိဳ႕အႏွံ႔လွည့္ပတ္သြားလာၾကၿပီး တစ္ေန႔လွ်င္ ဖိလစ္ပိုင္ Php ၂၀၀ မွ Php ၃၀၀ ၀န္းက်င္ အထိရရွိေၾကာင္း ၊ အလုပ္က ခက္ခဲသလို ၎တို႔ကၿမိဳ႕ကိုလွည့္ပတ္သြားေနရင္း၊ ေနေရာင္ရဲ႕အပူရွိန္နဲ႔မိုး႐ြာေနခ်ိန္ေတြေၾကာင့္ စိတ္ပိုင္းႏွင့္႐ုပ္ပိုင္းဆိုင္ရာပါ ပင္ပန္းေၾကာင္း ဖခင္ျဖစ္သူက ဆိုခဲ့ပါတယ္။
မနီလာၿမိဳ႕တြင္ ၎တို႔ဇနီးေမာင္ႏွံနဲ႔အတူပါလာတဲ့သမီးေလးအျပင္ ၎တို႔မွာ Samar ရပ္ကြက္တြင္က်န္ခဲ့တဲ့ ၅ ႏွစ္ႏွင့္ ၁၁ ႏွစ္အ႐ြယ္ကေလးႏွစ္ေယာက္ရွိပါေသးတယ္။၎ကိုသိလိုက္ရတဲ့အခါ Hallorina က သမီးျဖစ္သူရဲ႕အနာဂတ္မွာပိုမိုေကာင္းမြန္တဲ့ဘ၀ကိုေပးႏိုင္ရန္ ၎တို႔ရဲ႕သမီးကို ေမြးစားဖို႔ကမ္းလွမ္းခဲ့ေပမဲ့ ၎တို႔ဇနီးေမာင္ႏွံဟာ တြန္႔ဆုတ္မေနဘဲ ခ်က္ခ်င္းပင္ ျငင္းဆန္ခဲ့ပါတယ္။
၎တို႔ရင္ဆိုင္ေနရတဲ့အခက္အခဲေတြရွိေပမဲ့ အဆိုပါဇနီးေမာင္ႏွံႏွစ္ဦးဟာ ၎တို႔ရဲ႕ကေလးနဲ႔ခြဲဖို႔ဆႏၵမရွိေနခဲ့ပါဘူး။ ၎တို႔ကဆင္းရဲေပမဲ့လည္း သူက သူ႔ကေလးကိုေကြၽးေမြးႏိုင္စြမ္းရွိေနေသးေၾကာင္း ဖခင္ျဖစ္သူကအခိုင္အမာေျပာၾကားခဲ့ပါတယ္။ တစ္ကယ္တမ္း ၎တို႔တကယ္လိုခ်င္တာက Samar ရွိေနအိမ္သို႔ျပန္ဖို႔သာျဖစ္ေၾကာင္းဆိုခဲ့ပါတယ္။
၎တို႔ရဲ႕တုန႔္ျပန္မႈကို အထင္ႀကီးသြားခဲ့ၿပီးေနာက္ Hallorina က အမွန္ေတာ့ ၎က လူမႈေရးစမ္းသပ္ခ်က္တစ္ခုသာျဖစ္ေၾကာင္းေျပာျပခဲ့ရပါတယ္။ ထို႔ေနာက္ သူဟာ Samar ရွိ၎တို႔ရဲ႕ေနအိမ္သို႔ျပန္ႏိုင္ဖို႔အတြက္ကူညီရန္ကမ္းလွမ္းခဲ့ပါေတာ့တယ္။crd