Rain (For Ialinks)
Unicode
မြင်တွေ့သူတိုင်း မော်ဒယ်မလေးတစ်ယောက်လိုသာ ထင်မှားစေလောက်သော အလှတရားကိုပိုင်ဆိုင်ထားသည့် တက္ကသိုလ်ကထိကဆရာမလေးတစ်ဦး
ဆရာ၊ဆရာမဆိုတာက မိဘတိုင်းက ကိုယ့်ရဲ့သားသမီးလေးတွေအပေါ် ထူးချွန်ထက်မြက်အောင် လိမ္မာယဥ်ကျေးအောင် သင်ကြားပေးနိုင်သူကိုသာ ယုံကြည်အားကိုးပြီး လူကြီးမိဘတွေကြားထဲလည်း နာမည်ကြီးရေပန်းစားတတ်ကြသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ တက္ကသိုလ်ကျောင်းတစ်ခုတွင် ပညာသင်ကြားပေးနေသော ကထိကဆရာမလေးတစ်ဦးသည် အရပ်ရှည်ရှည် စမတ်ကျသော ဝတ်စားဆင်ယင်မှုတို့ကြောင့် ကျောင်းသားနှင့် မိဘများကြားမှာ အပြောများလာခဲ့သည်။
ဆရာမလေးသည် ချောမောလွန်း၍ ရုတ်တရက်မြင်လိုက်ပါက မော်ဒယ်မလေးတစ်ယောက်နဲ့ပင် မှားသွားနိုင်ပြီး အတန်းထဲရှိ ကျောင်းသားလေးများကပင် ကျောင်းပုံမှန်တက်ကာ အရင်လိုမဆိုးကြတော့ပဲ စကားလည်းနားထောင်ကာ အိမ်စာတွေကိုလည်း ပုံမှန်လုပ်လာကြသည်။
မိဘများမှာ သူတို့ရဲ့ကလေးတွေစာကြိုးစားလာပုံကိုကြည့်ပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ရကာ ဆရာမလေးကိုလည်း ကျေးဇူးတင်ပြီး ပိုပြီးတော့ ယုံကြည်အားကိုးခဲ့ကြသည်။
Rain (For Ialinks)
Crd