ကွယ်လွန်သွားတာ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူကိုခုချိန်ထိမေ့မရသေးတာကြောင့် ဓာတ်ပုံလေးကြည့်ပြီး အလွမ်းဖြေနေတဲ့ ဥက္ကာမင်းမောင်

Cele News




Credit

UNICODE
ကွယ်လွန်သွားတာ နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူကိုခုချိန်ထိမေ့မရသေးတာကြောင့် ဓာတ်ပုံလေးကြည့်ပြီး အလွမ်းဖြေနေတဲ့ ဥက္ကာမင်းမောင်

ဥက္ကာမင်းမောင်ဟာ မော်ဒယ်လ်လောကမှာ ပြည်တွင်းက ပွဲတွေမှာ ဆုတံဆိပ်ပေါင်း များစွာကို ရရှိခဲ့တဲ့အပြင်ပြည်ပမှာလည်း ဆုတံဆိပ်ပေါင်း များစွာကို ရရှိခဲ့ပြီး နိုင်ငံ ဂုဏ်ဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကျစ်လစ်တောင့် တင်းတဲ့ အမိုက်စား ခန္ဓာကိုယ်နဲ့ ရုပ်ရည် ချောမော ပြေပစ်ကာ စတိုင် စမက်ကျနေတာ ကြောင့် ပရိသတ်တွေ အားပေးထောက်ခံမှုကိုရရှိခဲ့တာ ဆိုရင်လည်း မမှားပါဘူး။

အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ ဇာတ်ကားတွေလည်း ရိုက်ကူးထားတာဖြစ်ပြီး လက်ရှိမှာတော့ New York မှာ အခြေချနေထိုင်နေတာပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေရပ်နားထားပေမယ့်လည်း ပရိသတ်တွေ ကတော့ ဥက္ကာမင်းမောင်ကို ဆက်လက်အားပေးချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်။

ပရိသတ်တွေကလည်းသူ့ရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ သူဟာ LGBTတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ဘဝကိုအမှန်တိုင်းချပြထားတာပါ။ မြန်မာပြည်ကိုအလည်ပြန်လာလေ့ရှိရှိပြီး အနုပညာတွေလည်းလုပ်လေ့ရှိတာပါ။ သူဟာ သူ့ရဲ့ချစ်သူလေးတွေကိုလည်းလူမှုကွန်ရက်ကနေချပြလေ့ရှိတာပါ။ အခုမှာလည်းသူ့ရဲ့အရင်ကကွယ်လွန်ခဲ့တဲ့ယောက်ျားရဲ့ပုံရိပ်လေးကြည့်ပြီးငိုကြွေးနေတာပါ။ ဘယ်လောက်တောင်ခံစားနေရလဲဆိုတာကတော့အောက်ကvideo လေးကိုကြည့်ပြီးနှစ်သိမ့်ပေးပါဦးနော်။
Credit

Leave a Reply

Your email address will not be published.