ပဲပြားကြက်ဥချဉ်စပ်ဟင်း ချက်နည်း

Food

ပဲပြားကြက်ဥချဉ်စပ်ဟင်း

ပဲပြားကို လက်ညှိုးတစ်ဝက်စာအထူ ပါးပါးလှီးပြီး အလည်ကနေ ထပ်ပိုင်းပိုင်းပြီး လေးထောင့်တုံးလေးတွေ တုံးပြီး ဆားနည်းနည်းနှင့် ဖွဖွလေး အရသာထည့်ပြီး ကြော်ပါတယ်။ အရေခွံတင်းရုံလေးပဲ ကြော်ပြီး ဆယ်ထားပါတယ်။

ဒယ်အိုးထဲက ဆီပူထဲကို ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ထည့်ပြီး ဆီသတ်ပါတယ်။ အရောင်ပြောင်းပြီး မွှေးလာပြီ ဆိုရင် ငရုတ်သီး အစိမ်းမှုန့်ထည့်ပါတယ်။ ပုစွန်ခြောက်မှုန့်နည်းနည်းထည့်ပြီး ကြော်ထားတဲ့ ပဲပြားတွေထည့်ပြီး ရေနည်းနည်းနဲ့ အဖုံးခဏအုပ်ကာချက်ပါတယ်။ ၃/၄ မိနစ်လောက် ချက်ပြီး ပွက်ပွက်ဆူလာပြီဆိုရင် ခရမ်းချဉ်သီးအနှစ်၊ ငရုတ်ဆီ၊ သကြား၊ ဆား၊ ရှာလကာရည် တို့ကို ရောဖျော်ထားတဲ့ အရသာရည်ကို ထည့်ကာ ဆူအောင် ပြန်တည်ပါတယ်။

ပွက်ပွက်ဆူလာပြီ ဆိုရင် ကြက်ဥခေါက်ထားတာကို ထည့်ချက်ပြီး မွှေပေးလိုက်ပါ။ ခုဆို အနံ့အရသာနဲ့ပြည့်စုံတဲ့ ပဲပြားချဉ်စပ်လေး ရပါပြီ။ ပိုမွှေးသွားအာင် ကြက်သွန်မိတ်/ နံနံပင်လေး အုပ်လိုက်ပါနော်။ ဟင်းအနှစ်လေးကို ထမင်းပူလေးပေါ်တင်စားလို့ကတော့ ဘာ အသားဟင်းမှကို ထပ်မလိုတော့ပါဘူး 😀

အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းထည့်ချက်လို့ရပါတယ်။ ဂျပန်တို့ဟူးနဲ့လည်း ချက်လို့ရပါတယ်နော်။
Crd

Leave a Reply

Your email address will not be published.