ရခိုင်မုန့်တီပြုလုပ်နည်း

Food

ရခိုင်မုန့်တီပြုလုပ်နည်း

ငါးရွှေခြောက်အလွယ်တကူ ဝယ်လို့မရရင် ငါးကြင်းနဲ့ချက်လို့ရပါတယ်။ ငါးကြင်းတုံးကို ဆနွင်း ဆား အရသာမှုန့်နယ်ပြီး မီးအေးအေးဖြင့် ငါးကိုကင်ပေးပါ။ ဘက်အညီအမျှကို ၁၀မိနစ်ခန့် ကင်ပြီးနောက် အအေးခံကာ အသားများနွှင်ပေးထားပါ။

ကြက်သွန်ဖြူ ငရုတ်ကောင်း ထောင်းထားပေးပါ။ စားနိုင်မယ့်ရေပမာဏအား အိုးထဲသို့ထည့်ပါ။ ငပိစိမ်းစား ထောင်းထားသောအရာများနှင့် ငါးအသားဖတ်များ ဆား အချိုမှုန့် (အချိုမှုန့်မစားသူဆို အရသာမှုန့်အစားထိုးသုံးပါ) ထည့်ပြီး ပွက်ပွက်ဆူလာသည်အထိ တည်ပေးပါ။ ရခိုင်မုန့်တီဟင်းရည်ရပါပြီ။

ငါးရွှေခြောက်နဲ့ချက်မယ်ဆိုရင် ငါးကိုကင်နေစရာမလိုပါဖူး။ ငါးရွှေခြောက်ကိုဖဲ့ပြီးပေးပြီးနောက်ကြက်သွန်ဖြူငရုတ်ကောင်းထောင်းတဲ့အဆင့်ကနေစပါမယ်နော်။

မန်ကျည်းသီးအနှစ်အားရေဖျော်ထားပေးပါ။
ကြက်သွန်ဖြူဆီချက်ချက်ထားပေးပါငရုတ်သီးအားပြုတ်ပြီး ထောင်းထားပေးပါ။ ပြီးမှ ရခိုင်မုန့်တီဟင်းရည်အနည်းငယ်ထည့်ပြီး ငရုတ်အရည်ဖျော်ပေးထားပါ။ နံနံပင်ပါးပါးလှီးထားပါ။

ပြီးနောက် မုန့်ဖတ် ငါးဖယ်ကြော် ပဲကြော် ပဲသွေးတို့ဖြင့်တွဲဖက်စားလို့ရပါပြီ။

#မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။လေးစားလျှက်..credit

Leave a Reply

Your email address will not be published.