ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ မြေပဲဆံချက်

Food

မြေပဲဆံချက်

ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ်တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါရှင်။

ပါဝင်ပစ္စည်းများ
မြေပဲဆံ(အစိမ်း) – ၅ ကျပ်သား
ကြက်သွန်နီ – ၁ ဥ
ကြက်သွန်ဖြူ – ၁ ဥ
ကိုင်းခရမ်းချဉ်သီး – ၄ လုံး
ဆီ – ၅ ကျပ်သား
ငရုတ်အရောင်တင်မှုန့် – စတီးဇွန်း ၂ ဇွန်း
ဆား – အနည်းငယ်
နနွင်း – အနည်းငယ်

ချက်နည်း
မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပါ။ ဆီပူလာလျှင်ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။

ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။
ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပါ။

Creditပန်းခရေ
Zawgyi

Credit
ပန်းခရေ

Leave a Reply

Your email address will not be published.