အဆိုတော် ကျားပေါက်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက လက်ရှိအချိန်အထိ ပရိသတ်တွေကြားမှာ နာမည်
ကြီးတဲ့အဆိုတော်တစ်ယောက်ပါပဲ။
ကျားပေါက်ဟာ သူ့ရဲ့ဇနီးဇုံဇုံနဲ့ ကွာရှင်းပြီး နှစ်အနည်းငယ်မှာပဲ အဆိုတော်ဆွိဝတ်ရည်သောင်းနဲ့ ချစ်သူတွေဖြစ်ခဲ့ကြပြီး အခုဆိုရင် လူသိရှင်ကြား လက်တွဲနေကြပြီပဲဖြစ်ပါတယ်။




ဆွိဝတ်ရည်သောင်းနဲ့ကျားပေါက်တို့ရဲ့အချစ်ရေးဟာ အစပိုင်းမှာတော့ လူတွေဝေဖန်မှုကိုရရှိခဲ့ပေမယ့် အခုဆိုရင် တစ်ယောက်ကိုတစ်ယောက်နားလည်မှု အပြည့်နဲ့ ရှေ့ဆက်နေကြပြီပဲဖြစ်ပါတယ်။




ချစ်သူသမီးရည်းစားတွေပီပီ တစ်ယောက်ရဲ့လိုအပ်ချက်တွေကို တစ်ယောက်ဖြည့်ဆည်းပေးနေတဲ့ ကျားပေါက်ဟာ
ဒီကနေ့မှာလည်း ချစ်သူဆွိဝတ်ရည်သောင်းအတွက် ပျော်ရွှင်စရာလေးတစ်ခုကို ဖန်တီးပေးခဲ့ပါတယ်။




ကျားပေါက်ကပြီးခဲ့တဲ့နှစ်တွေက သေဆုံးသွားခဲ့ပြီဖြစ်တဲ့ ဆွိဝတ်ရည်သောင်းရဲ့ ခွေးလေး ကိကိရဲ့ ပုံတူကိုရေးဆွဲေ ပးခဲ့ပြီး ခွေးလေးကိုသတိရနေတဲ့ ဆွိဝတ်ရည်သောင်းအတွက် ပျော်ရွှင်အောင်ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။




ကျားပေါက်ကတော့ ချစ်သူရဲ့ သတိရစိတ်ကို ခဏတာပြေပျောက်သွားအောင် သူလုပ်တတ်သလိုလေး ဖြည့်ဆည်းပေးခဲ့တာပဲဖြစ်ပါတယ်။လူအေးကြီးကျားပေါက်ကတော့ ချစ်သူကို Ro တတ်တဲ့နေရာမှာ အားကျစရာပါပဲနော်။




Source: Han Htue Lwin ‘s fb
Credit ; Cele Active World