ပဲပြုတ် နှင့် ပဲပြုတ်ပြန်ပေါင်း ပူပူလေး”

Food

” ပဲပြုတ် နှင့် ပဲပြုတ်ပြန်ပေါင်း ပူပူလေး”
(ကျွန်မရဲ့ ဒုတိယစာအုပ်(အစိမ်းရောင်)မှာ ပါပြီးသားလေးပါ)

တစ်ခါတည်း ရေခမ်းပြုတ်တဲ့ ပဲပြုတ် နဲ. ရေလျှော့ထဲ့ကာ ပြုတ်ပြီးမှ ပြန်ပေါင်းတဲ့ ပဲပြုတ်ပြန်ပေါင်း ၂ မျိုးလုံးကို ရေးပေးထားပါတယ်။ ပြန်ပေါင်းတာကတော့ ပဲပြုတ်အလုံးပိုလှပြီး အရသာအနေနဲ.ကတော့ သိပ်မကွာပါဘူး၊။

***… ပဲပြုတ် နှင့် ပဲပြုတ်ပြန်ပေါင်း ပူပူလေး အတွက် လိုအပ်တာလေးတွေ…

1. စားတော်ပဲ (Blue Boiler Pea, Yellow Pea, Green Pea) – 375 g
2. baking soda – 1/2 tsp

3. ဆီ – 1 tsp
4. ကြံသကာ (သို.) ထန်းလျက် (သို.) brown sugar – 1 tbsp


ပဲကို ခပ်ဖွဖွ ရေဆေးပြီး ရေကြက်သီးနွေး များများထည့်ကာ ၂၄ နာရီ ရေစိမ်ထားပါ။

၂၄ နာရီ ရေစိမ်ပြီးလျှင် ရေများကိုသွန်ပစ်ပါ။

ပြီးလျှင် ရေဆွတ်ကာ ရေပြန်ညစ်ထားသည့် သန်.ပြန်.သော အဝတ်ပါးစ ခင်းထားသည့် ဇကာခြင်းထဲ ပဲများကိုထည့်ပါ။

ပြီးလျှင်အောက်ပါပုံအတိုင်း ပဲများကို လုံအောင်ဖုံးကာ အညောှင့်ပေါက်အောင် ၂၄ နာရီ အနည်းဆုံးထားပါ။
အညောှင့်နည်းနည်းပိုရှည်အောင် ကျွန်မကတော့ ၃၄ နာရီထားပါတယ်။

အညောှင့်ဖောက်ထားသော ၃၄ နာရီ အတွင်း အဝတ်စ အမြဲစိုနေဖို. ၃ ခါခန်. ရေတောက်(ဖြန်း) ပေးပါ။
(ရေကို တစ်ခါတည်းအများကြီး ဖြန်းလိုက်လျှင် ပဲ ပုတ်သွားတတ်ပါတယ်။)
ကိုယ်ကြိုက်သော အညောှ

အရှည်ကိုရပြီဆိုလျှင် ပဲများကို ဇလုံထဲထည့်ပြီး baking soda, ဆီ တို.နှင့် ခပ်ဖွဖွနယ်ပြီး ၁ နာရီခန်.နှပ်ထားပါ။

( အခွံတွေကျွတ်မထွက်စေရန် နှင့် ပဲသား ပိုပြီးနူးညံ့စေရန် ဆီ နည်းနည်းထည့်နယ်ပေးရပါတယ်။)
ရေစိမ် အညောှင့်ဖောက်ပြီး ပဲများဟာ rice cooker မှာ ပါသောခွက်နှင့် 8 cups ခန်.ဖြစ်သွားပါတယ်။
ရေ 3 cups (rice cooker မှာ ပါသောခွက်) ၊

ထန်းလျက် နှင့် ထိုပဲများကို အိုးတစ်လုံးထဲထည့်ပါ။
အဖုံး ဖုံးပြီး medium heat နှင့် စပြုတ်ပါ။ ရေဆူလာလျှင် low heat သို.လျှော့ပြီး ရေခမ်းသွားသည်အထိ ပြုတ်ပေးပါ။ (၃ ကြိမ်ခန်. ဖြည်းဖြည်းမွှေပေးပါ၊)
ရေခမ်းသွားလျှင် (၁ နာရီ ခွဲခန်.ကြာပါတယ်) ၂ ချက်လောက်မွှေပြီး မီးပိတ်ကာ အိုးအဖုံးမဖွင့်ပဲ ဆက်ထားပါ။


၁၅ မိနစ်ခန်.ထားပြီးလျှင် မွှေးအိနေသော ပဲပြုတ်ပူပူလေး ကို စိတ်ကြိုက်သုံးဆောင်နိူင်ပါပြီ။***… ပဲပြုတ်ပြန်ပေါင်းပူပူလေး


ပိုလှတဲ့ ပဲပြုတ်အလုံးလေးတွေရချင်လျှင် တော့ ရေ – 3 cups အစား ရေ- 2 cups (rice cooker မှာ ပါသောခွက်) နှင့် ထန်းလျက် ထည့်ကာ အထက်ပါနည်း

အတိုင်း ရေခမ်းအောင် (၁ နာရီခန်.) ပြုတ်ပေးပါ။

ပြီးလျှင် ပဲပြုတ်များကို သန်.ပြန်.သောအဝတ်စခံထားသည့် ပေါင်းအိုးထဲထည့်ကာ ပွက်ပွက်ဆူနေသော ရေနွေးအိုးပေါ်တင်ပြီး နာရီဝက်ခန်.ပေါင်းပေးပါ။ မနူးသေးဟုထင်လျှင် မိနစ်အနည်းငယ်ပိုပေါင်းပေးပါ။


နာရီဝက်ခန်.ပေါင်းပြီးလျှင် လှလှပပလေးနှင့် မွှေးအိနေသော ပဲပြုတ်ပြန်ပေါင်း ပူပူလေး ကို နည်းမျိုးစုံဖြင့် အရသာရှိစွာသုံးဆောင်နိူင်ပါပြီ။

Leave a Reply

Your email address will not be published.