Zawgyi
























Unicode
မင်္ဂလာပွဲမှာ ကုန်ကျမည့်ငွေတွေကို ဆေးရုံတွင်လိုအပ်သည့် ဆေးဝါးများနှင့်အတူ မရှိဆင်းရဲသားတွေကို ကုန်ခြောက်ပစ္စည်းဝယ်ယူကာ လှူဒါန်းခဲ့သည့် ဇနီးမောင်နှံ




လူတိုင်းက ကိုယ်ချစ်တဲ့သူနဲ့အတူ လူပုံအလယ်မှာ ကြီးကျယ်ခမ်းနားသော မင်္ဂလာပွဲကြီးအား ကျင်းပချင်သည့် အိပ်မက်ရှိကြသည်။သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက်၃၀အရွယ် ဇနီးမောင်နှံနှစ်ဦးသည်
မင်္ဂလာဆောင်ရန်အတွက်အလုပ်ကြိုးစားလုပ်ကာငွေများစုဆောင်းထားသော်လည်း ကပ်ရောဂါဖြစ်ပွားသွားသည့်အတွက် မင်္ဂလာပွဲကျင်းပမည့် အစီအစဉ်ကို နောက်ဆုတ်ခဲ့ရသည်။




ထိုဇနီးမောင်နှံသည် ကပ်ရောဂါတွင်းလူစုလူဝေးမလုပ်ရသည့်အတွက်မင်္ဂလာဆောင်ပါကလည်းဧည့်သည်များစွာကိုဖိတ်ကြားခွင့်မရှိ၍ ရောဂါကြီး အဆုံးသတ်သွားမည့်နေ့ကို စောင့်မျှော်ရင်းနဲ့ စိတ်မရှည်တော့ပဲ လက်ထပ်ရန်ဆုံးဖြတ်ခဲ့သည်။




ထိုဇနီးမောင်နှံသည် မင်္ဂလာပွဲကြီးအားအခမ်းနားဆုံးကျင်းပဖို့ရာကုန်ကျမည့်ငွေတွေအားဒေသရှိဆေးရုံတစ်ခုမှာလိုအပ်သည့် ဆေးဝါးအထောက်အကူ ပစ္စည်းများနှင့်




ရပ်ကွက်ထဲရှိ ဆင်းရဲ ဒုက္ခရောက်နေရှာသောသူများကို ကုန်ခြောက်မျိုးစုံဝယ်ယူကာလှူဒါန်းခဲ့သည့်အတွက်အများဧ။်ချီးမွမ်းခြင်းများစွာကို ခံခဲ့ရသည်။crd