ရေဆင်းပိုက်ထဲက ငြီးသံကြားပြီး အသက်(၃)ချောင်း ကို ကယ်တင်ခဲ့တဲ့ အမျိုးသား

Knowledge

ဗီယက်နမ်မြောက်ပိုင်း နမ်ဒင်းမြို့မှာတော့ အံ့အားသင့်ဖွယ် အဖြစ်အပျက်လေးတစ်ခု ဖြစ်ပွားခဲ့တာပါ။

အဲဒါကတော့ ခွေးပေါက်လေး(၃) ကောင်ကို ရေဆင်းပေါက်တစ်ခုကနေပြီးတော့ ခက်ခက်ခဲခဲ ကယ်ထုတ်နိုင်ခဲ့တာပါနော်။

Viral Hog သတင်းမီဒီယာက ဖော်ပြခဲ့တာက အမျိုးသားတစ်ဦးဟာ တူ ၊ဆောက်စတဲ့ပစ္စည်းတွေကိုအသုံးပြုပြီးတော့ရေဆင်းပေါက်ကိုအချိန်အတော်ကြာ ဖဲ့ရွဲ့ က ာခွေးလေးတွေကို အပြင်ထုတ်ဖို့ ကြိုးပမ်းနေတာကို တွေ့မြင်ရပါတယ်တဲ့။

အနက်ရောင် ခွေးပေါက်လေး (၃) ကောင်ဟာ ပိုက်အပြင်ကို ရောက်လာတဲ့အခါမှာတော့ ဖုန်မှူန့်တွေနဲ့ လူးနေတာပါ။

အမျိုးသားက စိတ်ရှည်လက်ရှည်နဲ့ ဖြည်းဖြည်းချင်းပိုက်ကိုဖောက်ခဲ့တာကြောင့်ခွေးလေးတွေဟာ ဒဏ်ရာအနာတရဖြစ်တာမျိုးတော့ မရှိခဲ့ပါဘူးနော်။

ခွေးလေးတွေကတော့ အကူအညီလိုအပ်နေတာကြောင့် တအီအီနဲ့ ညည်းညူနေခဲ့တာလည်း ဖြစ်ပါတယ်။

ထိုအမျိုးသားဟာ ရေဆင်းပေါက်ကိုအပေါက်ဖြစ်အောင်လုပ်ကာ ခွေးပေါက်လေးတွေကို အပြင်ထုတ်ခဲ့တာ ဖြစ်ပြီးတော့ဘေးနားမှာ ရပ်ကြည့်နေခဲ့တဲ့ လမ်းသွားလမ်းလာအမျိုးသမီးကတော့ ခွေးလေးတွေကို ဘေးလွတ်ရာဆီ ပို့ဆောင်ပေးခဲ့ပါတယ်နော်။

ထို အမျိုးသမီးဟာ ရေအပြည့်ထည့်ထားတဲ့ ဇလားကြီးထဲ ဖုန်တွေကပ်နေတဲ့ ခွေးလေးတွေကို ထည့်ကာ ရေချိုးပေးခဲ့ပါသေးတယ်။

ခွေးပေါက်လေးတွေကို ကယ်တင်ခဲ့တဲ့ အမျိုးသားကတော့ ကျွန်တော်က ဒီခွေးလေးတွေကို ရေဆင်းပိုက်ထဲက

ကယ်ဖြစ်ခဲ့တာပါ။

ခွေးပေါက်လေးတွေ အော်သံကြားတာနဲ့ ဘာများဖြစ်တာလဲဆိုပြီး ပတ်ဝန်းကျင်ကို သွားမေးကြည့်လိုက်တာ။

သူတို့က ခွေးလေးတွေက ရေဆင်းပိုက်နားမှာ ပိတ်နေတာ (၂) ရက်လောက် ရှိနေပြီတဲ့။

ဒီတိုင်းလဲ ဘယ်လိုမှ ထုတ်လို့ အဆင်မပြေတာနဲ့ ပိုက်ကို ဖောက်တူးပြီး ထုတ်လိုက်ရတာ လို့ ပြောပြခဲ့တာပါ။

ကံကောင်းလှတဲ့ ခွေးပေါက်လေးတွေကတော့ ပိုက်ကို ခက်ခက်ခဲခဲ ဖောက်ထုတ်အပြီးမှာတော့ သုံးကောင်စလုံး အသက်ရှင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်နော်။
credit

Leave a Reply

Your email address will not be published.