တစ်တော့ဆယ်လီဒေတော့ ဂိန်ရှာဘီ

News

အချက်အလက်လုံခြုံရေးကြောင့် Apple နဲ့ Google ရဲ့ app stores မှာ TikTok ကိုဖယ်ရှားမယ်

ဧရာဝတီတိုင်းမ်

ဇွန်လ ၃၀ ရက်

အမေရိကန်နိုင်ငံရဲ့ ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင် (FCC) က app stores မှာ TikTok အပလီကေး ရှင်းကို ဖယ်ရှားဖို့ Apple နဲ့ Google ကို ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်နေတဲ့ လူပုဂ္ဂိုလ်တွေအပါအဝင် အမေရိကန်နိုင်ငံက ဆက်သွယ် ရေးလုပ်ငန်းတွေ အားလုံးနီးပါးကို ထိန်းကြောင်းတဲ့ FCC က တရုတ်နိုင်ငံနဲ့ဆက်စပ်တဲ့ ဒေတာလုံခြုံရေးကြောင့် TikTok အပလီကေးရှင်းကို ဖယ်ရှားဖို့ Apple နဲ့ Google ကို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ရုပ်သံဖိုင်တွေက အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ပြီး Google နဲ့ Apple ရဲ့ အချက်အ လက် လုံခြုံမှုစံနှုန်းကို ချိုးဖောက်တယ်လို့ Apple စီအီးအို တင်ကွတ်နဲ့ Alphabet စီအီးအို ဆန်ဒါးပီချိုင်းတို့ထံ လိပ်မူထားတဲ့ FCC အဖွဲ့ဝင် ရီဗက်ပလီကန်အမတ် ဘရန်ဒန်ကားက တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါ တယ်။

“TikTok က လူပုဂ္ဂိုလ်တွေနဲ့ ထိခိုက်လွယ်တဲ့ အချက်အလက်တွေကို ချိုးဖောက်နေတဲ့ ခေတ်မီ စောင့် ကြည်ရေးလက်နက်တစ်ခုအဖြစ် လုပ်ဆောင်နေပါတယ်” လို့ သူက ရေးသားထားပါတယ်။

TikTok ရဲ့ အချက်အလက်လုံခြုံရေးအပေါ် စိုးရိမ်မှုတွေကြောင့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထ ရမ့်လက်ထက်မှာ လွှတ်တော်အမတ်တွေက အမိန့်နှစ်ခုထုတ်ပြန်ပြီး ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

ကြော်ငြာရှင်တွေက TikTok မှာ ငွေကြေးပိုသုံးစွဲလာတာကြောင့် ဝင်ငွေက ဒေါ်လာ ၅ ဒသမ ၉၆ ဘီလီယံ အထိ ရှိလာခဲ့ပြီး နှစ်အလိုက် ၁၈၄ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပါတယ်။ TikTok က အမေရိကန်နိုင်ငံရဲ့ ဒစ်ဂျစ်တယ် စျေးကွက်မှာ အစုရှယ်ယာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ ရရှိထားပါတယ်။

TikTok အပလီကေးရှင်းက စီးပွားရေးအရ ကြီးထွားနေစဉ်မှာ app stores မှာ TikTok အပလီကေး ရှင်းကို ဖယ်ရှားဖို့ Apple နဲ့ Google ကို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ ဒီနှစ်အတွင်း TikTok ဝင်ငွေရဲ့ ၅၂ ရာခိုင်နှုန်းနီးပါးက အမေရိကန်နိုင်ငံက ရရှိတာဖြစ်ပါတယ်။

TikTok က ဒီနှစ်အတွင်း လစဉ်အသုံးပြုသူ ၉၄ သန်းကျော်ရှိတဲ့ အမေရိကန်နိုင်ငံရဲ့ တတိယအကြီးမား ဆုံး လူမှုကွန်ရက်တစ်ခုဖြစ်ပြီး ၈ ဒသမ ၂ ရာခိုင်နှုန်း အသုံးပြုမှု များပြားလာပါတယ်။

TikTok က ၂၀၂၄ ခုနှစ်မှာ အမေရိကန်စျေးကွက်အတွင်း တွစ်တာနဲ့ စနတ်ချတ် အသုံးပြုသူတွေကို ကျော်ဖြတ်ပြီး အသုံးပြုသူဦးရေ သန်း ၁၀၀ ရှိလာနိုင်ပါတယ်။

ကိုးကား – ADWEEK

Crd

Unicode

အခ်က္အလက္လုံျခဳံေရးေၾကာင့္ Apple နဲ႔ Google ရဲ့ app stores မွာ TikTok ကိုဖယ္ရွားမယ္

ဧရာဝတီတိုင္းမ္

ဇြန္လ ၃၀ ရက္

အေမရိကန္နိုင္ငံရဲ့ ဖက္ဒရယ္ဆက္သြယ္ေရးေကာ္မရွင္ (FCC) က app stores မွာ TikTok အပလီေကး ရွင္းကို ဖယ္ရွားဖို႔ Apple နဲ႔ Google ကို ညႊန္ၾကားလိုက္ပါတယ္။

နိုင္ငံတကာကုမၸဏီေတြနဲ႔ စီးပြားေရးလုပ္ေနတဲ့ လူပုဂၢိဳလ္ေတြအပါအဝင္ အေမရိကန္နိုင္ငံက ဆက္သြယ္ ေရးလုပ္ငန္းေတြ အားလုံးနီးပါးကို ထိန္းေၾကာင္းတဲ့ FCC က တ႐ုတ္နိုင္ငံနဲ႔ဆက္စပ္တဲ့ ေဒတာလုံျခဳံေရးေၾကာင့္ TikTok အပလီေကးရွင္းကို ဖယ္ရွားဖို႔ Apple နဲ႔ Google ကို ညႊန္ၾကားလိုက္တာျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံက ႐ုပ္သံဖိုင္ေတြက အမ်ိဳးသားလုံျခဳံေရးကို ၿခိမ္းေျခာက္ၿပီး Google နဲ႔ Apple ရဲ့ အခ်က္အ လက္ လုံျခဳံမႈစံႏႈန္းကို ခ်ိဳးေဖာက္တယ္လို႔ Apple စီအီးအို တင္ကြတ္နဲ႔ Alphabet စီအီးအို ဆန္ဒါးပီခ်ိဳင္းတို႔ထံ လိပ္မူထားတဲ့ FCC အဖြဲ႕ဝင္ ရီဗက္ပလီကန္အမတ္ ဘရန္ဒန္ကားက တြစ္တာလူမႈကြန္ရက္မွာ ေရးသားထားပါ တယ္။

“TikTok က လူပုဂၢိဳလ္ေတြနဲ႔ ထိခိုက္လြယ္တဲ့ အခ်က္အလက္ေတြကို ခ်ိဳးေဖာက္ေနတဲ့ ေခတ္မီ ေစာင့္ ၾကည္ေရးလက္နက္တစ္ခုအျဖစ္ လုပ္ေဆာင္ေနပါတယ္” လို႔ သူက ေရးသားထားပါတယ္။

TikTok ရဲ့ အခ်က္အလက္လုံျခဳံေရးအေပၚ စိုးရိမ္မႈေတြေၾကာင့္ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထ ရမ့္လက္ထက္မွာ လႊတ္ေတာ္အမတ္ေတြက အမိန႔္ႏွစ္ခုထုတ္ျပန္ၿပီး ပိတ္ပင္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။

ေၾကာ္ျငာရွင္ေတြက TikTok မွာ ေငြေၾကးပိုသုံးစြဲလာတာေၾကာင့္ ဝင္ေငြက ေဒၚလာ ၅ ဒသမ ၉၆ ဘီလီယံ အထိ ရွိလာခဲ့ၿပီး ႏွစ္အလိုက္ ၁၈၄ ရာခိုင္ႏႈန္းအထိ တိုးလာခဲ့ပါတယ္။ TikTok က အေမရိကန္နိုင္ငံရဲ့ ဒစ္ဂ်စ္တယ္ ေစ်းကြက္မွာ အစုရွယ္ယာ ၂ ဒသမ ၄ ရာခိုင္ႏႈန္းအထိ ရရွိထားပါတယ္။

TikTok အပလီေကးရွင္းက စီးပြားေရးအရ ႀကီးထြားေနစဥ္မွာ app stores မွာ TikTok အပလီေကး ရွင္းကို ဖယ္ရွားဖို႔ Apple နဲ႔ Google ကို ညႊန္ၾကားလိုက္တာျဖစ္ပါတယ္။ ဒီႏွစ္အတြင္း TikTok ဝင္ေငြရဲ့ ၅၂ ရာခိုင္ႏႈန္းနီးပါးက အေမရိကန္နိုင္ငံက ရရွိတာျဖစ္ပါတယ္။

TikTok က ဒီႏွစ္အတြင္း လစဥ္အသုံးျပဳသူ ၉၄ သန္းေက်ာ္ရွိတဲ့ အေမရိကန္နိုင္ငံရဲ့ တတိယအႀကီးမား ဆုံး လူမႈကြန္ရက္တစ္ခုျဖစ္ၿပီး ၈ ဒသမ ၂ ရာခိုင္ႏႈန္း အသုံးျပဳမႈ မ်ားျပားလာပါတယ္။

TikTok က ၂၀၂၄ ခုႏွစ္မွာ အေမရိကန္ေစ်းကြက္အတြင္း တြစ္တာနဲ႔ စနတ္ခ်တ္ အသုံးျပဳသူေတြကို ေက်ာ္ျဖတ္ၿပီး အသုံးျပဳသူဦးေရ သန္း ၁၀၀ ရွိလာနိုင္ပါတယ္။

ကိုးကား – ADWEEK

Crd

Leave a Reply

Your email address will not be published.