အိပ်ယာက နိုးနိုးခြင်းမှာပဲ အကြားအာရုံများ ဆုံးရှုံးလိုက်ရတဲ့ အသက် ၂၆ နှစ်အရွယ် ကောင်မလေးရဲ့အဖြစ်

Knowledge

အိပ်ယာက နိုးနိုးခြင်းမှာပဲ အကြားအာရုံများ ဆုံးရှုံးလိုက်ရတဲ့ အသက် ၂၆ နှစ်အရွယ် ကောင်မလေးရဲ့အဖြစ်

မနက်အိပ်ရာကနိုးတော့အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့အသက်၂၆နှစ်အရွယ်ကောင်မလေးအိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေအာရုံကြောပျက်သွားတာလို့ဆရာဝန်များဆို

#မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ

ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့ အားလုံးလဲ သိထားရအောင်ပြန်လည်မျှဝေတာ

Sleep Deprivation ( အိပ်ရေးမဝခြင်း )

ဒီ post ကိုတော့ညဘက်တော်တော်နဲ့မအိပ်နိုင်တဲ့သူတွေဖတ်သင့်ပါတယ်။

Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊ ဒါပေမယ့်အိပ်လားဆိုတော့မအိပ်ကြပါဘူး ။ အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာများတယ် ။

အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှစအိပ်ကြတယ် ။အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။ တချို့ဒီလိုတွေးတယ် ” ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊ အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး ” စသဖြင့်ပေါ့။

No ပါ

ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။ လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။ တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။

ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့
Side effect ကတော့ တခုပြီးတခုဖြစ်နေမှာပါ ။

ဘာတွေဖြစ်လာနိုင်လဲ

Symptoms စပြရင်ယေဘုယျအားဖြင့်‌ေခါင်းအပိုင်းက စပြကြတာများတယ် ။

Memory Issues မှာဆိုရင်ညဘက်ဆိုကိုယ့် ဦးနှောက်ကသူ့ထဲအသစ်ထပ်ထည့်ရမယ့်

Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။

အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။ နောက်ပိုင်းမမှတ်မိတာတွေ မေ့လွယ်တာတွေဖြစ်လာနိုင်တယ် ။ အာရုံစူးစိုက်မှုနဲ့thinkingပိုင်းတွေမှာအားနည်းလာမယ် ။

Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူးထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိုးမပြေဘူးမြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety,Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။ ဒီ weight gain ကေတာ့ဆိုးကျိုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။

အခုအချိန်က Covid 19 pandemic အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့Sleep Deprivation အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင်ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့အတွက်ရောဂါပိုးတွေအလွယ်တကူဝင်နိုင်တယ် ။

Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့ရောဂါတွေကနှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊ ဆီးချိုစတဲ့ရောဂါ တွေဖြစ်နိုင်တယ် ။ Sex Hormones တွေပွားနှုန်းကိုလဲလျော့စေပါတယ် ။
Sleep Deprivation ဖြစ်တာကြာလာရင်ရုပ်ပိုင်းဆိုင်ရာကိုပါထိခိုက်လာနိုင်တယ် ။ ဥပမာ – ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင် ဘာမှမကိုင်နိုင်တော့ဘဲအားမရှိတော့မျိုးတွေဖြစ်နိုင်တယ် ။

အိပ်ရေးမဝရင်အသိသာဆုံးကမျက်လုံး မျက်နှာ ဖြစ်တဲ့အတွက် skin suffer တွေပါဖြစ်တတ်ပါတယ် ။

အဆိုးဆုံး Sides Effect ကတော့သေတဲ့ အထိဖြစ်နိုင်တာပါ ဒါတွေကတော့ခေါင်းအစခြေအဆုံးဖြစ်တတ်တဲ့ Sides Effect တွေပါ ။

၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ။crd

Leave a Reply

Your email address will not be published.