30.6.2022 မှ 6 .7. 2022 အထိ တစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်း

ဗေဒင်

30.Jun.2022 မှ 6 .July. 2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီအပတ်အတွင်း ခေါင်းရှုပ်စရာလေးတွေတော့ အနည်းငယ်ကြုံနေရတတ်ပါတယ်။ သူတစ်ပါးပြောစကား တွေကိုချင့်ယုံပါလို့လဲ မှာချင်ပါတယ်။

မိမိရဲ့ အတွေးမှား အလုပ်မှားတွေကြောင့်သာ ဒီအပတ်အတွင်းအဆင်မပြေမှု တွေကိုဖြစ်စေ တာတွေ့ရပါတယ်။

တတ်နိုင်သမျှ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ သွားရောက်ပျော်ပါးခြင်း မျိုးတတ် နိုင်သလောက်ရှောင်လိုက်စေချင် ပါတယ်။

ငွေကြေးအကုန်အကျလေးတွေတော့ ရှိတတ်ပေမဲ့ ပြန်ဝင်စရာ ငွေရပေါက် တွေလဲကြုံရပါလိမ့်မယ်။

ကျန်းမာရေးအတွက် ကောင်းသောအကူအညီတွေ၊ ကောင်းတဲ့ဆရာဝန်တွေဆီကူညီ ညွှန်ကြားပေးတာ မျိုးတွေခံယူရတတ်ပါတယ်။

ဒီကာလအတွင်း အလောတကြီး ကားဆိုင်ကယ်မောင်းခြင်းမျိုး ရှောင် စေချင်ပါတယ်။ အရေးကြီးရင် စော စောထွက်ပါ၊၊

အရမ်းတော့ မမောင်းပါနဲ့။အလုပ်နဲ့ပတ်သက်ပြီးတော့ ကံကောင်း ဖို့လိုပါ သေးတယ်။ ငွေကုန် ကြေးကျ တွေများနေရတတ်ပါတယ်။

စက်ပစ္စည်းအသစ်တွေဝယ်ယူမည်ဆို ပါက နားလည် တတ်ကျွမ်းသူကို မေးပြီး မှဝယ်ပါ။ အိမ်တွင်းရေးအပူသောကတွေရှိလိမ့်မယ်။

မိသားစုအတွက် အိမ်ထောင်ဦးစီး အတွက် ပူပင် ရတတ်တယ်။ အချစ်ရေးကံကတော့ နားလည်မှုလွဲနေတဲ့ ချစ်သူနဲ့ ပြန်အဆင်ပြေရ ပါလိမ့်မယ်။

အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာလေးတွေအနည်းငယ်တော့ရှိနေတတ်ပါတယ်။

ပညာရေးကံလဲ ကောင်းတဲ့ ဘက် မှာရှိနေ မှာ ပါ။ ကြိုး စားထားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃/၄/၈

အထူးဟော စိတ်ပူစရာလေးတွေရှိနေမယ်။

ယတြာ ဘုရားရှင်ကိုသောက်တော်ရေးမကြာခဏကပ်ပါ။

#တနင်္လာ

ဒီကာလအတွင်းရန်အတိုက်အခိုက်အရမ်းများပါတယ်။ ဝိုင်းဝန်းချောက်ချမဲ့သူများ အုပ်စုဖွဲ့တိုက်ခိုက်မှုများ နဲ့ကြုံရတတ်ပါတယ်။

ဘယ်သူမှမယုံပါနဲ့ ။အခြားသူတွေကိုယုံမှတ်လို့ပုံအပ်မိရင်တော့ အထူးဒုက္ခရောက်ရတတ်ပါ တယ်။ ရွှေထွက်တတ်တဲ့ ကာလပါပဲ။

မတော်တဆထိခိုက်ဒဏ်ရာများရရှိတတ်သည်။ အိမ်ထောင်ရေး သုခနည်းပါး မည်။ မလိုလားအပ်သောရန်သူများရှိမည်။

ရိုသေလေးစားခြင်းမခံရတတ်ပေ။ လုပ်ငန်းများပုံမှန်တိုးတက်မည်။ ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာတတ်ပါတယ်။

ငွေရွှင်မဲ့ကာလပါပဲ။ အလုပ်စီးပွားလဲကောင်းနေပါလိမ့်မယ်။ ရာထူးတိုးပြီး နေရာကောင်းလဲရပါလိမ့်မယ်။

စပ်တူ လုပ်ငန်းများ ရှယ်ယာ ဝင်တစ်ဦး နုတ်ထွက်သွားဖို့ ရှိနေပါတယ်။ ရပ်ဝေးသွားပြီး အလုပ်လုပ်ရမဲ့ကံမျိုးလဲ တွေ့ရပါတယ်။

ကျန်းမာရေး လဲပူစရာမလို တော့ပါဘူး။ ဒါပေမဲ့ ဝမ်းပျက် ဝမ်းလျောတာမျိုး ၊ အစာအိမ်ရောဂါများ ရောဂါဟောင်းများ ဂရုစိုက်စေ ချင်ပါတယ်။

အစားဆင်ခြင်ရင်အညံ့နည်း ပါလိမ့်မယ်။ အချစ်ရေးကံကကောင်းပါတယ်။ ဒါပေမဲ့ အချစ်နယ်ကျွံ တာမျိုး ဖြစ်လွယ်တဲ့ အပိုင်းအခြားပါ။

အိမ် ထောင်သည်များ အိမ်ထောင်ရေးအပေါ် စိတ်ကုန်နေတဲ့ စိတ်တွေ ဖြစ်ပေါ် နေရတတ်ပါတယ်။

ပညာရေးက အထူး ပြောစရာမလိုပါဘူး။ မိမိကိုယ်တိုင် ထိုးထွင်းဉာဏ် ဖြတ်ထိုးဉာဏ်တွေ ကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၄/၅/၉

အထူးဟော ကံသင့်ပါတယ်။

ယတြာ ပျားရည်အနည်းငယ်ဘုရားကပ်ပါ။

#အင်္ဂါ

ဒီတစ်ပတ်အတွင်းအလုပ်စီးပွားကံကတော့အားရစရာပါပဲ။ မိတ်များလာမယ်။ အရောင်းအဝယ်သမား၊ ဆိုင်သမားဆို ဖောက်သည်များလာမယ်။

ကိုယ့်မိတ်ဆွေတွေကတဆင့် ကိုယ့်ကိုရင်းနှီးသိကျွမ်းသူတွေရှိလာလိမ်မ့ယ်။ ခရီးထွက်လို့ကောင်းပါတယ်။ ဇိမ်ခံပစ္စည်းများဝယ်လို့သင့်တဲ့ကာလပါပဲ။

အလုပ်ကိစ္စပဲ ဖြစ်ဖြစ် ၊မိသားစုအရေး ကိစ္စကြောင့်ပဲဖြစ်ဖြစ် အလုပ်များ ဗျာများနေရ တတ်ပါတယ်။ ငွေကံကတော့ အကောင်း ဘက်မှာရှိပါတယ်။

ငွေဝင် သလောက် အကုန်အကျလဲအလွန်များတတ်တယ်ပေါ့ဗျ။ ဖခင်နဲ့ အတိုက်အခံအလွန်ဖြစ်ရ တတ်ပါတယ် ။

ကိုယ်ပိုင် စီးပွားများ ဝန်ထမ်းမမြဲခြင်းမျိုးကြုံရတတ်ပါတယ်။ ဒီကာလမှာ ခရီးတိုဆိုတာမျိုးလဲ သွား နေရတတ်ပါတယ်။

ခရီးသွား လိုက်ပါကညံ့နေတဲ့ကံတွေလျော့ပါးသက်သာခွင့်တွေရလာတတ်ပါတယ်။ ကျန်းမာ ရေး ကလဲ တရှောင်ရှောင်ပါပဲ။

အဆိုးကြီးတော့မဟုတ်ဘူး။ မတ်တပ်ဖျား မတ်တပ်နာလောက်တော့ ဖြစ်နေရတတ်ပါ တယ်။

မိုးရာသီဆိုပေမဲ့ ရေတော့ပုံမှန်လေးချိုးပေးဖို့လိုပါတယ်။ ရေချိုးပျင်းလိုက်တာနဲ့ ကိုယ်တွင်းအပူများလာနိုင်တဲ့ကာလပါ။

အချစ်ရေး ကံညံ့နေ တတ်ပါတယ်။ ချစ်သူကမိမိကိုအခြားသူတစ်ဦးနဲ့သဝန်တိုနေတတ်ပါတယ်။

အိမ်ထောင် ရေးကတော့ ဒီကာလမှာ အလွန်သာယာပါတယ်။အဆင်မပြေတဲ့အိမ်ထောင်ရေး တွေညှိနှိုင်းဆောင်ရွက်လို့အဆင် ပြေပါလိမ့်မယ်။

ပညာရေး အတွက် စိတ်ပူစရာမလိုသေးပါဘူး။ ပုံမှန်သာ ကြိုးစားသွားပါ။

အကျိုးပေးဂဏန်း ၅/၆/၃

အထူးဟော စီးပွားရေးအရှိန်ကောင်းလာမယ်။

ယတြာ မြီးရှည်တစ်ပွဲ ဘုရားကပ်လှူပေးပါ။

#ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းဆုံးဖြတ်ရခက်ခဲခြင်း၊ တွေဝေခြင်း၊ ဒွိဟဖြစ်စရာများကြုံရခြင်း တွေရှိနေမှာပါ။

လူတစ် ယောက် ရဲ့ လိမ်လည်ခြင်းမျိုးခံရ နိုင်ဖွယ်ရှိတဲ့အတွက်မည်သူ့ပြောစကားကိုမျှမယုံသင့်ပါဘူး။

မိတ်ဆွေများကြောင့် စိတ်သောက ရောက်ရ တတ်သည်။ မိဘများ၏ကျန်းမာရေးကောင်းမွန်မည်။ လုပ်ငန်းများတိုးတက်လိမ့် မည်။

ညီအစ်ကို မောင်နှမ သားချင်းများနှင့်သဘောထားကွဲ၍အချေအတင်ပြောရတတ်သည်။ရပ်ဝေးမှသတင်းကောင်း တွေကြားရတတ်ပါ တယ်။

ဘာသာရေးကိစ္စ အလှူကိစ္စတွေနဲ့ပတ်သက်တဲ့ ခရီးတွေသွားရတတ်ပါတယ်။ အလုပ် ခွင်ထဲမှာ မိမိချစ်ခင် လေးစား ရသော

ဆရာသမားတစ်ဦးအပြောင်းအရွှေ့ကိစ္စများ ကြုံရတတ်ပါ တယ်။ ကျန်းမာရေး ကတော့ ဦးနှောက် အာရုံကြောနဲ့ ပတ်သက်သော

ရောဂါဘယများ ဂရုစိုက်ဖို့ လိုပါတယ်။ဒီကာ လမှာ လူမျိုးခြား ဘာသာခြားတွေနဲ့ ဆက်ဆံ လုပ်ကိုင်ရ ခြင်း တွေရှိပါက

မိမိဘက်က အမှားအယွင်းမရှိပါစေနှင့်။ အလုပ်ထွက်ထား သူများ အလုပ်သစ်ရဖို့ကြန့်ကြာ နေ တတ် ပါသည်။

အချစ်ရေးကံကကောင်းပေမဲ့ အလုပ် မအား တာကြောင့် ဆုံဆည်း ရဖို့မလွယ်ပါဘူး။အိမ်ထောင် ရေးကိစ္စတွေ မှာတော့

ကြားကဆွေမျိုးတွေသွေး ထိုးပေး မှု ကြောင့်စကားများ ရတတ် ပါတယ်။ပညာရေးအထူး ကောင်း ပါတယ်။

ဒါပေမဲ့ စားချိန် အိပ်ချိန်ထိခိုက်သည် ထိ စာမလုပ်ပါနဲ့။အကျိုးပေးဂဏန်း ၆/၇/၀

အထူးဟော ကံအညံ့များတယ်။ယတြာ ဒူးရင်းသီးမှည့်ဘုရားကပ်လှူပါ။

#ကြာသပတေး

အိမ်ထောင်ဘက်၏လုပ်ငန်းများအခက်အခဲတွေ့ရတတ်သည်။ အစုစပ်လုပ်ငန်းများမလုပ်သင့်သေးပါ။

သည်းခံ စောင့်ဆိုင်း ရန်လိုအပ်လိမ့်မည်။ ပူပန်ကြောင့်ကြစိတ်များနေတတ်သည်။ အတိုက်အခံရန်များတတ်သည်။

လုပ်ငန်းတွေ လုပ်ထားပြီး ငွေရဖို့အချိန်ကျမှ ကြန့်ကြာနေတာမျိုးလောက်တော့ကြုံရတတ်ပါတယ်။ အလုပ်စီးပွား အထူး တိုးတတ် မှာပါ။

ပစ္စည်းဝယ်လှောင်ဖို့ အတွက်တော့ ငွေမရှိဖြစ်နေတတ်ပါတယ်။ အလုပ်အောင်မြင် သလောက် ရန်လဲများနေရ တတ်ပါတယ်။

မနာလိုသူတွေရှိနေတတ်ပါတယ်။ရုတ်တရက် ခရီးကိစ္စတွေလဲပေါ်လာ တတ်ပါ တယ်။ မည်သည့် နယ် ပယ်တွင်မဆို

Targetသစ်များချမှတ်အကောင်အထည်ဖော်ခြင်းဖြင့်အောင်မြင်မှုတွေရပါလိမ့်မယ်။ ဘာအကြောင်း ကြောင့်မှ ငွေမချေးပါနှင့်။

စုမဲစုခြင်းတွေကိုလဲ တတ်နိုင်သလောက် ရှောင်ရှား လိုက်ပါ။ ကျန်းမာ ရေးကံကောင်းနေပါ လိမ့်မယ်။

ဒါပေမဲ့ အလုပ်ပင်ပန်းခြင်း ၊ အလုပ်ကိစ္စအပြင် အခြားဗာဟီရ ကိစ္စတွေလဲ များနေခြင်း က ကျန်းမာရေးကို ထိခိုက် စေမှာပါ။

အချစ်ရေးမှာတော့ မိမိကိုယ်တိုင်ချစ်သူကို အချိန်မပေးနိုင်ခြင်းက ချစ်သူရဲ့ ငြိုငြင်ခြင်း ကိုခံရပါလိမ့် မယ်။

အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ မိသားစုကိစ္စတွေမှာတော့ ညီအကို မောင်နှမတွေ စိတ်ဝမ်းကွဲရတတ်ပါတယ်။

ပညာရေးကောင်းပါတယ်။ မိမိကိုယ်တိုင် သိလွယ်တတ်လွယ်နေ ပါလိမ့်မယ်။အကျိုးပေးဂဏန်း ၁/၇/၀

အထူးဟော အလုပ်များနေမယ်။ယတြာ သရက်သီးမှည့်ဘုရားကပ်လှူပေးပါ။

#သောကြာ

ဒီကာလအတွင်းအမွေကိစ္စများမိမိရပိုင်ခွင့်များရလာတတ်ပါတယ်။အစုစပ်အလုပ်များရှယ်ယာအလုပ်များလဲ အကျိုးဖြစ်ထွန်းပါလိမ့်မယ်။

ရန်နှင့်ယှဉ်၍လုပ်ငန်း များ အောင် မြင်မည်။ မိတ်ဆွေသစ်တိုးပွားမည်။ ပျော်ပွဲ စားခရီးများ ထွက်ရတတ်သည်။

မိမိကမခိုမကပ်တတ်တဲ့ အတွက် အလုပ်ထဲမှာပိုပင်ပန်းရပါလိမ့်မယ်။ တက်ကြွ၍ယုံကြည်ချက် ပြင်းထန်နေတတ်သည်။

အလှူကိစ္စ မင်္ဂလာကိစ္စ တွေ ကြုံရတတ်ပါတယ်။မိသားစုအပျော်ခရီးများလဲ သွားရ တတ် ပါတယ်။ ငွေအစုလိုက်ဝင်မဲ့ကံရှိနေပါတယ်။

ဒါကြောင့်ပဲအများပိုင်ငွေများ သိမ်းထားပေးခြင်း သူများငွေ လက်ခံထား ခြင်း မျိုး ရှောင်ရှားစေ ချင်ပါတယ်။

ကံကောင်းခြင်းတွေ ရရှိမှာပါ။ပျော်စရာ စိတ်ကြည်နူးစရာများလဲ ကြုံဆုံရပါလိမ့် မယ်။ကျန်းမာရေး အတွက်လဲ ပူပန်စရာမလိုပါဘူး ။

ပုံမှန်အတိုင်း ဂရုစိုက်နေရင်ရပါပြီ။ကွဲကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်တွေ့ ဆုံရတတ်ပါတယ်။

အလုပ်နဲ့ပတ်သက်ပြီးတော့ချဲ့ထွင်နိုင်ပါလိမ့်မယ်။အချစ်ရေးမှာ စန်းပွင့်နေလိမ့်မယ်။ တစ်ဦးထက်မကသော အချစ်ရေးမျိုး ကြုံရလိမ့်မယ်။

အိမ်ထောင်ရေးလဲ သာယာ ပျော်ရွှင်ပါ လိမ့်မယ်။ မိသားစုခရီးတွေ သွားရ တတ်သလို အဝေးရောက်နေတဲ့သားသမီးတွေ

ပြန်လည်ရောက် ရှိလာတာမျိုးလဲ ကြုံရတတ်ပါတယ်။ ပညာရေး အတွက် စိတ်ကူးရည်မှန်းထားတာတွေ အကောင်အထည်ဖော်နိုင်လိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၂/၆

အထူးဟော ကံမြင့်မားနေမယ်

ယတြာ သွားကြားထိုးတံတစ်ထုပ် မိတ်ဆွေတစ်ဦးကိုလက်ဆောင်ပေးပါ။

#စနေ

ဒီကာလအတွင်းလုပ်ချင်သော ကိစ္စများ ဖြစ်ချင်သော ဆန္ဒများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါ လိမ့် မယ်။

မွေးရပ်နဲ့ အဝေးမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးများ အောင်မြင်ပါလိမ့်မယ်။မိမိကိုယ်တိုင်မလုပ်ဘဲ

ရှယ်ယာဝင် ထား တဲ့အလုပ်တွေက အဆင်ပြေတိုးတတ်ပါလိမ့်မယ်။ စားကောင်းသောက်ဖွယ်များစားသောက်ရလိမ့်မည်။

ဂုဏ် သိက္ခာ ကြီးမြင့်လာမဲ့အချိန်ဖြစ်သည်။ မမျှော်လင့်သောငွေကြေးကုန်ကျမှုများဖြစ်တတ်သည်။

ဝန်ထမ်းများ နေရာ ကောင်း ရ တတ်ပါတယ်။ အမွှေးနံ့သာနဲ့ပတ်သက်သော လက်ဆောင်များ ရလာတတ်ပါတယ်။

အိမ်သစ် ဆောက် ခြင်း၊ ဆိုင်သစ် ဆောက်ခြင်းများ အထူးကောင်းမွန်ပါလိမ့်မယ်။ ငွေကံလဲ ဝင်ဖို့ရှိပါတယ်။

အကျိုးဆောင် ပေးရာက နေဝင်ငွေရတာ မျိုးကြုံရတတ်ပါ တယ်။ ခရီးတွေလဲများရတတ်ပါတယ်။

ကောင်းသောခရီးတွေပါ။ ကျန်းမာရေး ကောင်းနေပေမဲ့ ငါးပိ ငါးခြောက်လိုမျိုး အငန်များများပါတဲ့

အစားအသောက်တွေရှောင်သင့်ပါတယ်။ ကား လုပ်ငန်း များ၊ စက်ငှားရမ်း တဲ့လုပ် ငန်းများ၊

စက်ပြုပြင်ထိန်းသိမ်းရတဲ့လုပ်ငန်းများအထူးတိုးတတ်ပါလိမ့်မယ်။ အချစ်ရေး ကံကြမ္မာကတော့ ချစ်သူနဲ့ စိတ်ဆိုးပြီး

မခေါ်နိုင်မပြောနိုင်ဖြစ်ရတတ်ပါတယ်။အိမ်ထောင်သည်များ အလုပ် ကြောင့် ခွဲခွာရပါလိမ့် မယ်။

ပညာ ရေးကံမြင့်မား နေပါတယ်။ ဒါပေမဲ့ ရိုးသားစွာကြိုးစားဖို့လိုပါတယ်။

အကျိုးပေးဂဏန်း 2/3/0

အထူးဟော စိတ်ချမ်းသာစရာလေးတွေကြုံရမယ်။

ယတြာ မှိုနဲ့ ကန်စွန်းရွက်နဲ့ ကြော်ပြီး ဘုရားဆွမ်းကပ်ပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695 ၊ 09 44 5555 695

Credit

Leave a Reply

Your email address will not be published.