ဆိတ်သားနှပ်နည်း ၅ နည်းကိုစုစည်းပေးထားပါတယ်

Food

ဆိတ်သားနှပ်နည်း ၅ နည်းကိုစုစည်းပေးထားပါတယ.ဆိတ်သားနှပ်ဆိတ်သားတွေကို ဆား နနွင်း သကြားအနည်းငယ် ညက်ညက်ထောင်းထားတဲ့ဂျင်းတွေနဲ့နယ်ပြီး တစ်နာရီလောက်နှပ်ထားပါ၊ ကြက်သွန်နီကြက်သွန်ဖြူ ဂျင်း ငရုတ်သီးတို့ကို ညက်အောင်ထောင်းပြီး ဆီသပ်ပါ၊ကြက်သွန်တွေနွမ်းရင် သစ်ဂျပိုးခေါက် ကရဝေးရွက် ထည့်ကြော်ပါ၊မဆလာထည့်ပါ ကြော်နံ့တွေမွှေးလာရင် ဆိတ်သားတွေထည့်ချက်ပါ၊ချက်ချင်းရေမထည့်ပါနဲ့ အသားကထွက်လာတဲ့ရေတွေခမ်းတဲ့ထိအဖုံးအုပ်ပြီးချက်ပါ၊ပြီးမှရေနည်းနည်းချင်းထည့်ပြီး မီးသွေးမီးနည်းနည်းနဲ့ကြာကြာလေးနှပ်ထားတာပါ။ Credit ၂.ဆိတ်သားဒိန်ချဉ်နှပ်

Yဆိတ်သားတွေကို ဆား နနွင်းမှုန့် သကြားအနည်းငယ် ဒိန်ချဉ် ဇီယာစေ့လှော်ထောင်း တို့နဲ့နယ်ပြီးနှပ်ထားပါ၊ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးတို့ကို ညက်အောင်ထောင်းပြီး ဆီသပ်ပါ၊ကြက်သွန်တွေနွမ်းရင်သစ်ဂျပိုးခေါက် ကရဝေးရွက် မဆလာထည့်ကြော်ပါ ဆီတ်သားတွေထည့်ချက်ပါ၊ မီးသွေးမီးနည်းနည်းနဲ့ချက်ပါ အသားတွေပိုအိပါတယ် ကြက်သွန်နီဥလေးတွေ အုပ်လို့ရပါတယ်။ Credit ၃.ဆိတ်ပေါင်သားဒိန်ချဉ်နှပ်ဆီပြန်

ဆိတ်သားဟာ အညှီနံ့ ပြင်းလွန်းတဲ့ အတွက် မြန်မာမှု ပြုလို့ မရပါဘူး။ အမှန်တကယ်ပဲ ဆိတ်သားကို စားသုံးတော့မယ် ဆိုရင်ဖြင့် ဘယ်လို ပုံစံမျိုးပဲ ချက်ပြုတ်ဖို့စိတ်ကူးရှိပါစေ အန္ဒိယ၊ ဘင်ဂေါ စတဲ့ ချက်ပြုတ်နည်းတွေကိုပဲ အခြေခံရတယ် ဆိုရင် မမှားပါဘူး။ နည်းလမ်းများစွာ ထဲကမှ ဘင်ဂေါ ဆိတ်သား ဒိန်ချဉ်နပ်ချက် အကြောင်းလေ့လာကြည့်ရအောင်။ပါဝင်ပစ္စည်းများ – ဆိတ်ပေါင်သား ၁ပိဿာအရွယ်တစ်ခု၊ သင်္ဘောသီးစိမ်းအမျှင်ခြစ် ၆ဇွန်း၊ ဒိန်ချဉ် ၁ ၁/၂ခွက်၊ ကြက်သွန်နီ ၂ခွက်၊ ကြက်သွန်ဖြူထောင်း ၃ဇွန်း၊ ဂျင်း(ချင်း)ထောင်း ၃ဇွန်း၊ ဇီယာစေ့ ၁ဇွန်း၊ နံနံစေ့ ၁ဇွန်း၊ငရုတ်ကောင်းစေ့ ၁ဇွန်း၊ သစ်ကြပိုးခေါက် ၂လက်မ အရွယ်(၃)ခု၊ ဖာလာစေ့ ၁၅စေ့၊ လေညှင်း ဇွန်းဝက်ခန့်၊ ကရဝေးရွက် ၇ရွက်ခန့်၊ ငရုတ်ခြောက်တောင့် ၅တောင့်၊ ငရုတ်စိမ်းမှုန့်.၊နနွင်းမှုန့် အနည်းငယ်စီ၊ မုန်ညှင်းဆီ(သို့)မြေပဲဆီ လီတာဝက်ခန့်၊

ပြုလုပ်နည်း – ပထမဦးဆုံး ဆိတ်သား တစ်ခုလုံးကို ရေစင်အောင် ဆေးပါ။အတတ်နိူင်ဆုံး မီးဖိုသုံး စက္ကူစလေးဖြင့် ရေတွေခြောက်သည် အထိဖိစုပ်ပေးပါ။ကလေး လက်သီးဆုပ် အရွယ်(အရိုးပါ)အတုံးများ တုံးကာ အမျှင်ခြစ်ထားတဲ့ သင်္ဘောသီးစိမ်းအရည်များ ညှစ်ချပြီး မိနစ်(၄၀-၄၅)ခန့်နှပ် ထားပါ။ (သင်္ဘောသီး မရခဲ့ရင် ကီဝီသီးကဲ့သို့အသားကိုနှုးအိစေနိူင် သော food tender lizer အသီးများကို သုံးနိူင်ပါသည်။)၄၅ မိနစ်ခန့်ပြည့်လျှင် ထိုအသားပေါ်သို့ ချင်း၊ ကြက်သွန်ဖြူထောင်း တစ်ဇွန်းစီ နင့် ဒိန်ချဉ်၊ ဆားတို့နှင့် ဖိနယ်ပြီး နောက်ထပ် ၁ နာရီခန့်နှပ် ထား ရပါမည်။

ထိုစဉ်အတွင်း ဇီယာစေ့၊ နံနံစေ့၊ ငရုတ်ကောင်း၊ ဖာလာစေ့၊ လေးညှင်းနှင့် သစ်ကြပိုးခေါက် တစ်ခုကို မီးအေးအေးမှာ မွှေးနေအောင် လှော် ပြီး ညှက်အောင် ထောင်းထားပါ။စောက်နက်သော သံဒယ်အိုးကို တစ်ခုဖြင့် ဆီကို အပူပေးပါ။ဆီပူလာလျှင် ကျန်ရှိတဲ့ သစ်ကြပိုးခေါက်၊ ကရဝေးရွက် နှင့် ငရုတ်ခြောက်တောင့် တို့ကို မွှေးလာသည် အထိ ဆီသတ်ပါ။အနံ့မွှေးလာလျှင် ပါးပါးလှီးထားတဲ့ ပါးပါးလှီးထားတဲ့ကြက်သွန်နီများကိုထည့်ကြော်ပါကြက်သွန်နီတွေ ရွှေညိုရောင် သန်းလာပြီ ဆိုရင် အရသာ နယ်ထားတဲ့ ဆိတ်သားတွေ ထည့်ပြီး မွှေပေးပါ။ချက်ချင်းဆိုသလိုကျန်ရှိတဲ့ချင်း၊ ကြက်သွန်ဖြူ ထောင်းတွေ ထည့်မွှေပြီး ငရုတ်စိမ်းမှုန့်နှင့် နနွင်းမှုန့်အနည်းငယ် ကိုလည်း ထည့်ပေါင်းကာ အဖုံးလုံအောင် ဖုံးပြီး မီးရှိန် အေးအေးမှာ နာရီဝက်ခန့် ကြာအော င်နှပ်ထားပါ။

ကြက်သွန်နီ အနှစ်ကျပြီး ဆီပြန်လာလျှင် သစ်သားယောင်းမဖြင့် ညှင်သာစွာ မွှေပေးပါ။ရေခမ်းပြီး ဆီပြန်နေချိန်မှ လှော်ပြီးထောင်းထားတဲ့ မဆလာ အရောကို ထည့်မွှေပါ။ အရသာ လိုအပ်ပါက ဆား၊ သကြား အနည်းငယ် ဖြင့် အရသာ ဖြည့်စွက်ပါ။အဖုံးကို လုံအောင်ပိတ်ပြီး နောက်ထပ် ၄၅ မိနစ် မှ ၁နာရီခန့် ဆက်ပြီး နှပ်ချက် ချက်ပေးပါက အတုံးမပျက်ပဲ အိနေပြီး ရနံ့သင်း နေတဲ့ ဘင်ဂေါပုံစံ ဆိတ်သား ဒိန်ချဉ်နှပ် ဆီပြန်ကို မြည်းစမ်းနိုင်ပါပြီ။ဧည့်ခံ သုံးဆောင်ခါးနီးမှ ကရဝေးရွက်၊ သစ်ကြပိုးခေါက် တို့ကို ဖယ်ထုတ်ပစ်ပါ။ အချိုးအညွှန်း – ခွက်=လက်ဖက်ရည်ပန်းကန်လုံး၊ ဇွန်း=စားပွဲတင်ဇွန်း(ခ)ထမင်းစားဇွန်း။ Credit .ဆိတ်မိုးခိုသားနှပ်

ဆိတ်သား(မိုးခိုသား) ၂၅ကျပ်သား၊ ကြက်သွန်နီ ၃လုံး၊ ချင်း ၁တက်၊ ကြက်သွန်ဖြူ ၃တက်၊ ကရဝေးရွက် ၃ရွက်၊ ဒိန်ချဉ် ၂ဇွန်း၊ ဆိတ်သားမဆလာ ၁ဇွန်း၊ဆိတ်သားကို၁လက်မအရွယ်အတုံးလေးများတုံးပြီးရေဆေးပါ။ နောက်ဆုံးအကြိမ်ဆေးချိန်မှာဗီနီဂါအရည်လေးအနည်းငယ်ထည့်ပြီးဆေးပေးပါ။ရေစင်အောင်ရေစစ်ထားပေးပါ။ချင်း၊ကြက်သွန်ဖြူ ကိုညှက်နေအောင်ထောင်းပါ။ကြက်သွန်နီကိုပါးပါးလှီးထားပါ။ရေစစ်ထားတဲ့ဆိတ်သားထဲသို့ ရောထောင်းထားသောချင်းအရည်၊ဒိန်ချဉ်၊ မဆလာ၊ နနွင်းမှုန့်၊ငရုတ်စိမ်းမှုန့်၊ဆား၊ဟင်းခတ်မှုန့်တို့ထည့်ပြီးရောနယ်ကာ အနည်းဆုံးနာရီဝက်ခန့်နှပ်ထားပေးပါ။ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးကရေဝေးရွက်တွေထည့်ပြီ

ဆီသတ်ပါ။အနည်းငယ်မွှေးလာလျှင်ကြက်သွန်နီတွေထည့်ပြီးဆီသတ်ပါ။ရွှေရောင်သန်းစပြုလာတာနဲ့ဆိတ်သားနှပ်မယ့်အိုးထဲသို့အားလုံးလောင်းထည့်ပါ။မီးရှိန်အေးအေးမှာရေခမ်း၊ ဆီပြန်သည်အထိနှပ်ပါ။မိုးခိုသားဟာနှုးညံ့တဲ့အတွက်နောက်တစ်ရည်ခမ်းပြီးဆီပြန်လာပြီဆိုရင်အသားတွေနှုးအိနေပါပြီ။မှတ်ချက်- ဆိတ်သားမိုးခိုသားဆိုတာဆိတ်ရဲ့လက်၊ပေါင်တို့နဲ့ဆက်စပ်နေတဲ့မိုးရေမဆိုနိူင်တဲ့နေရာအစိတ်အပိုင်းလေးကိုဆိုလိုခြင်းဖြစ်ပါတယ်။ credit..ဟင်းချက်နည်းမျာ

၅ – ဆိတ်သားပေါင်သား ၃၀ကျပ်သား၊ သံပရာသီး ၁ ခြမ်း၊ချင်း လက်မဝက်အရွယ်၊ ကြက်သွန်ဖြူ ၆မြွှာ၊ ဒိန်ချဉ် စားပွဲဇွန်း ၂ဇွန်း (မောက်မောက်)၊ ဆား သင့်ရုံ၊ သကြား အနည်းငယ်၊ ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁/၂ဇွန်း၊ ငရုတ်သီးအစပ်မှုန့် လက်ဖက်ရည်ဇွန်း ၁/၂ဇွန်း၊ နနွင်းမှုန့် သင့်ရုံ၊ ကုလားလေးမဆလာ ၁ထုပ်၊ငရုတ်ကောင်းမှုန့် အနည်းငယ်၊ နံနံပင် ၄ခက် (ပါးပါးနုပ်နုပ် လှီးထားပါ)၊ပူဒီနာ ၄ခက်၊ ကြက်သွန်နီကြော် စားပွဲဇွန်း ၆ဇွန်း (မောက်မောက်)၊ ဆီ စားပွဲဇွန်း ၅ဇွန်းခန့်၊ ပျဉ်းတော်သိမ်ရွက် ၁ခက်၊ ကရဝေး ၃ရွက်၊သစ်ကြံပိုး ၁ခု (၂ လက်မအရွယ်)၊ ဖာလာစေ့ ၄စေ့၊ လေးညှင်းပွင့် ၄ပွင့်၊ငရုတ်သီးစိမ်း ၄တောင့်၊ ငရုတ်ကောင်းစေ့ ၅စေ့၊

ပြုလုပ်နည်း – ၁. ဆိတ်သားတုံးများကို ရေဖြင့် ၃ ခါ၊ ၄ ခါ ပြန်ဆေးပြီး ရေစစ်ထားပါ။ သံပရာသီးညှစ်ပြီး သေချာနယ်၍ ၁၅ မိနစ်ခန့် နှပ်ထားပါ။ အချိန်ပြည့်လျှင် ရေဖြင့် ပြန်ဆေးပြီး ရေစစ်ထားပါ။၂. ချင်းနှင့် ကြက်သွန်ဖြူတို့ကို သီးသန့်စီ ညက်အောင် ထောင်းထားပါ။၃. ငရုတ်ကောင်းစေ့ ၅ စေ့ကို ညက်အောင် ထောင်းထားပါ။၄. ငရုတ်သီးစိမ်းကို ညက်အောင် ထောင်းထားပါ။၅. နံနံပင်နှင့် ပူဒီနာရွက်တို့ကို ပါးပါးနုပ်နုပ်လှီးထားပါ။၆. ပျဉ်းတော်သိမ်ရွက်ကို ရေဆေးပြီး ခြွေထားပါ။

၇. ဆိတ်သားနှပ်ထားတာ အချိန်ပြည့်လျှင် ပါဝင်ပစ္စည်း ချင်းမှ ပူဒီနာအထိ ထည့်ပြီး အသားနှင့် သေချာနှံ့စပ်စိမ့်ဝင်သွားအောင် နယ်ပေးပါ။ နောက်ဆုံးမှာ ကြက်သွန်နီကြော်ကို ခြေထည့်ပြီး ထပ်နယ်ပေးပါ။ ပြီးလျှင် အဖုံးဖုံးပြီး ရေခဲသေတ္တာအအေးထပ်မှာ ၃ နာရီခန့် နှပ်ထားပါ။၈. ချက်မည့်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ပျဉ်းတော်သိမ်ရွက်၊ ကရဝေးရွက်နှင့် သစ်ကြံပိုး ခေါက်တို့ကို ထည့်ပြီး ဆီသတ်ပါ။ ဖာလာစေ့နှင့် လေးညှင်းပွင့်ထည့်ပါ၊၉

ဆီသတ်ဟင်းခတ်များမွှေးလာလျှင် ဆိတ်သားထည့်ပြီး မွှေပေးပါ။ အဖုံးအုပ်ပြီး လုံးချက် ချက်ပါ။၁၀. ဆီပြန်ပြီး အသားတင်းလာတဲ့အခါ ငရုတ်သီးစိမ်းထောင်းထားတာကို ထည့်၍မွှေပါ။ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်၍ နှပ်ထားပါ။၁၁. ရေခန်းလျှင် ရေထပ်ထည့်ပြီး သမအောင်မွှေပေးပါ။ အဖုံးအုပ်၍ ဆိတ်သားနူးပြီး ဆီပြန်သည်အထိ မီးအေးအေးနဲ့ နှပ်ပါ။၁၂. ကြားကာလမှာ ရေခန်းသွားပါက လိုအပ်သလို ထပ်ဖြည့်ပါ။ ဆီပြန်၊ ရေခန်းပြီး အသားနူးလာတဲ့အခါ အရသာကောင်းပြီး မွှေးနေတဲ့ ဆိတ်သားနှပ်ဟင်းက သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ Crd.Meemeetofu

Leave a Reply

Your email address will not be published.