ဆရာ/ဆရာမတို့သည် ကျောင်းသားကျောင်းသူတို့အတွက် ဒုတိယမိခင်များပင်ဖြစ်ပါတယ်။တပည့်ဖြစ်သူတို့၏ပင်ပန်းဆင်းရဲမှုတွေကို မြင်တွေ့နေရသောအချိန်တွင် ပျော်ရွင်နေသောဆရာသမားဟူ၍ တစ်ဦးတစ်ယောက်မှမရှိပေ။
ယခုတွင်လည်းဆရာတစ်ဦးဟာ ညဆယ်နာရီဝန်းကျင်အချိန်တွင် ကားမောင်းပြီးအပြင်ထွက်လည်ခဲ့ပါတယ်။ထိုအချိန်တွင် အတန်းထဲကတပည့်တစ်ဦးက
လမ်းပေါ်မှာရှိနေတာကို သတိထားမိလိုက်သည့်အတွက် ကားကိုချက်ချင်းရပ်ပြီး ကျောင်းသားလေးကို ဘာလုပ်နေတာလဲဟု သွားမေးခဲ့ပါတယ်။
ထိုအခါကျောင်းသားလေးက သူ၏အဖိုးဟာလမ်းအမှိုက်သိမ်းသူအနေဖြင့်အလုပ်လုပ်တာဖြစ်ပြီး အဖိုးဖြစ်သူကို အလုပ်တွေကူလုပ်ပေးနေကြောင်းရှင်းပြခဲ့ပါတယ်။တပည့်ဖြစ်သူ၏အဖြေစကားကြောင့် ဆရာဖြစ်သူဟာ ဝမ်းနည်းစိတ်မကောင်းဖြစ်မိမှာသေချာပါတယ်။
Shoon (Cele Daily)
Zawgyi
ညဆယ်နာရီလောက်အပြင်ထွက်သည့်အချိန်တွင် အတန်းထဲမှတပည့်တစ်ဦးက သူ၏အဖိုးဖြစ်သူနှင့်အတူ လမ်းပေါ်တွင် အမှိုက်သိမ်းရင်း တွန်းလှည်းဆွဲနေရတာကိုတွေ့ခဲ့ရလို့ ဝမ်းနည်းနေရသည့် ဆရာ
Shoon (Cele Daily)
Crd