သမီးဦးရတနာလေးကိုမွေးဖွားပြီးနောက်ပိုင်း အပြောင်းလည်းကြီးပြောင်းလည်းသွားတဲ့ အရာတစ်ခုကိုပြောပြလာတဲ့ ထိုက်ဆုဝင်း

Cele News

သမီးဦးရတနာလေးကိုမွေးဖွားပြီးနောက်ပိုင်း အပြောင်းလည်းကြီးပြောင်းလည်းသွားတဲ့ အရာတစ်ခုကိုပြောပြလာတဲ့ ထိုက်ဆုဝင်း

အနုပညာရှင်စုံတွဲတွေထဲကနာမည်ကြီးမင်းသား၊ မင်းသမီးဖြစ်ကြတဲ့ သူထူးစံနဲ့ ထိုက်ဆုဝင်း တို့ကတော့ ဗီဒီယိုဇာတ်ကားတွေ အတူတူတွဲဖက်သရုပ်ဆောင်ရင်းဖူးစာစုံလက်ထပ်ခဲ့ကြသူတွေဖြစ်ပါတယ်။

သူထူးစံနဲ့ ထိုက်ဆုဝင်းတို့က လက်ထပ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဧပြီလ (၁) ရက်နေ့ကပဲ သူတို့ရဲ့ ပထမဦးဆုံးသမီးလေးကို ပိုင်ဆိုင်ထားခဲ့ပြီပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ထိုက်ဆုဝင်းက သမီးလေးမွေးပြီးနောက်ပိုင်း ပြောင်းလဲလာတဲ့ ပြောင်းလဲမှုလေးတစ်ခုကို အခုလိုပဲပြောလာပါတယ်။ထိုက်ဆုဝင်းက “ကလေးနို့တိုက်ရင် အလိုလိုပိန်တယ်တဲ့ ပြောတာပါပဲ။

ခုထိတော့ ပိန်ဖို့နေနေသာသာ plus size ဝတ်ရတော့မလားမသိ ?‍♀️?‍♀️ဝိတ်ချိန်တော့လည်းမွေးပြီးတပတ်က ပေါင်ချိန်အတိုင်းပဲ တန်းနေတယ်၊

ကလေးအာဟာရမဖြစ်မှာစိုးလို့ စားတာစားတာဆိုတာ ၊ အင်္ကျီဘောင်းဘီတွေက တစ်ထည်မှမတော် အိမ်နေဝတ်ကလွဲလို့၊ အပြင်ထွက်ရင် စကပ်ဝဲကြီးနဲ့ ??၊ ဖြေသာပါတယ် ကလေးငယ်သေးလို့ပါပေါ့ ???” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

ထိုက်ဆုဝင်းကတော့ ကလေးမွေးပြီးနောက်ပိုင်း ပိန်မလာတဲ့အပြင် ခန္ဓာကိုယ်အလေးချိန်တက်လာခဲ့တယ်လို့ ပြောလတာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ထိုက်ဆုဝင်းကတော့ ပရိသတ်တွေအချစ်ခံပြီးရင်း ခံနေရတဲ့ မင်းသမီးလေးတစ်လက်ပါပဲနော်။

Credit

Leave a Reply

Your email address will not be published.