သူမကိုယ်တိုင်သီဆိုထားတဲ့ လမ်းခွဲချိန်သီချင်းဗီဒီယိုလေးက အချိန်တိုအတွင်း မထင်မှတ်ထားလောက်အောင်ကြည့်ရှုသူများပြားအဲ့လို့ အံ့သြနေတဲ့ ဆုထက်လှိုင်
Cele News
Credit -CeleGabar
Source- SuHtetHlaing
ပရိသတ်ကြီးရေ ဆုထက်လှိုင်ကတော့အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲကနေ အနုပညာလောကထဲကိုစတင်ဝင်ရောက် ခဲ့တဲ့သူပါ။ သီချင်းတွေများစွာထွက်ရှိခဲ့ပြီး အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်ဘက်ကိုပါ အားဖြည့်လုပ်ဆောင်လျက်ရှိတာပါ။
လက်ရှိမှာလည်းMRTV-4မှာ ပြသလျက်ရှိတဲ့”ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ ထားချင်တယ်”ဇာတ်လမ်းတွဲမှာ​မမဦးနေရာကပါဝင်သရုပ်ဆောင်ထားချက်တွေကို ပရိသတ်တွေချီးကျူးခြင်းခံနေရတာပါ။
ဒီနေ့မှာလည်း”၃၆ နာရီအတွင်း 1M viewers ထိရောက်အောင် လမ်းခွဲချိန်လေးကို အားပေးချစ်ခင်ကြသူတွေကိုအထူးကျေးဇူးပါနော် ???ဆုထက်ကို ဒီသီချင်းလေးပေးဆိုခဲ့တဲ့ တေးရေး Yarzarmyatmin အထူးကျေးဇူးပါ။”
အတီးပိုင်း harmony mixing အစအဆုံးဖန်တီးပေးတဲ့အနုပညာရှင်တွေကိုလည်းအထူးကျေးဇူးပါMTV မှာ ရှယ်ရိုက်ပေးတဲ့ director kina မင်းသားချော ကို kyaw htet zaw make up soe thu maနေရာထိုင်ခင်းစီစဉ်ပေးသူအားလုံး မိဘနှစ်ပါးနဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ
အားလုံးကိုအစဉ်ဦးထိပ်ထားလျက် ဆက်လက်ပြီး အခွင့်အရေးရှိသရွေ့ အမှန်တရားကိုလည်း တပြိုင်တည်းရင်ဝယ်ပိုက်ပြီး ဝမ်းစာဖြည့်ဆက်ကြိုးစားသွားမှာပါ”’ဆိုတဲ့စာလေးနဲ့သူမရဲ့သီချင်းအောင်မြင်မှုကိုပြောပြလာခဲ့တာပါ။
ပရိသတ်တွေလည်း ဆုထက်လှိုင်ရဲ့အောင်မြင်မှုအတွက် ဂုဏ်ပြုခဲ့ပါဦးနော်။
Credit -CeleGabar
Source- SuHtetHlaing
Leave a Reply
Your email address will not be published.