#မာလာငါးပေါင်း (အလွယ်နည်း)

Food

#မာလာငါးပေါင်း (အလွယ်နည်း)

လုပ်နည်းက လွယ်ကူမြန်ဆန်ပါတယ်။
မာလာငါး အနှစ်ထုပ်ကိုသုံးထားတာပါ။

ပါ၀င်သောပစ္စည်းများ
၁။ ဆလားဗီးယား ငါး (သို့) ကြိုက်နှစ်သက်ရာငါး – ၁ ကောင်
၂။ မာလာငါး အနှစ် (Comment ပုံတွင်ပြထားသောအထုပ်မှ) – ထမင်းစားဇွန်း၂ ဇွန်း (သို့) အထုပ် ထဲမှ သုံးပုံတပုံ
၃။ မြေပဲ – ထမင်းစားဇွန်း ၂ ဇွန်း
၄။ လှော်ထားသောနှမ်း – ထမင်းစားဇွန်း ၁ ဇွန်း
၅။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် – ထမင်းစားဇွန်း ၁

ဇွန်း ခွဲ (သို့) ကြိုက်နှစ်သက် သလောက်
၆။ ပါးပါးလှီးထားသော တရုတ်နံနံ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ (သို့) ကြိုက်နှစ်သက်သလောက်
၇။ ဂျင်း- လက်တဆစ်
၈။ ဆီ – ထမင်းစားဇွန်း ၁ ဇွန်း
၉။ ေ၇ – ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း
၁။ ဂျင်းကိုမညက်တညက်ထောင်းပါ။ သန့်စင်ထားသောငါးကို ပန်းကန်တခုထဲထည့်ရ်ျ ဂျင်း အ၇ည်ကို အပေါ်မှညှစ်ချပါ။ ငါးရဲ့၂ဖက်လုံးပေါ် ဂျင်းရည် ညှစ်ပါ။ထို့နောက် ငါးကို ၁၅ မိနစ် (သို့) မိနစ် ၂၀ ခန့်ပေါင်းပါ။

ပန်းကန်ထဲတွင် ပေါင်းထားသော ငါးမှ ထွက်လာသောအ၇ည်များကို သွန်ပစ်ပါ။ (ထိုအ၇ည်များတွင် အညှီနံများပါသွားပါလိမ့်မည်။)

၂။ မာလာငါးအနှစ်လုပ်၇န်အတွက် အိုးတခုထဲတွင် ဆီ၊ မာလာငါးအနှစ်၊ ရေ တို့ကို တည်ပါ။အနှစ်များ ကျက်ပြီး အ၇မ်းပူလာလျှင် မီးဖိုမီးပိတ်ပီး မြေပဲ၊နှမ်း၊တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ကို ထည့်ရ်ျ နှံ့အောင်မွှေပါ။

၃။ ထို့နောက် ပြုလုပ်ထားသော မာလာငါးအနှစ်ကို ပေါင်းထားသော ငါးပေါ်ဆမ်းပါ။
၄။ အလွန်အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့မာလာငါးပေါင်းကို ထမင်းပူပူဖြင့်သုံးဆောင်နိုင်ပါပြီ။
(ထမင်းစားဇွန်း= 1 tablespoon= 15ml)

Crd.Eisan

Leave a Reply

Your email address will not be published.