သူငယ်ချင်းနှစ်ဦး လယ်တဲတွင် အတူထိုင်စ ကားပြောနေစဉ် တဲဘေးနားရှိ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်လိုက်ရာမှ… See more

Local News

Zawgyi

သူငယ်ချင်းနှစ်ဦး လယ်တဲတွင် အတူထိုင်စက ားပြောနေစဉ် တဲဘေးနားရှိ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်လိုက်ရာမှ… See more

မနေ့ ဇွန်လ ၃ဝ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၁၂)မှာနေတဲ့ အမျိုးသား ၂ ဦး မိုးကြိုးစက်ကွင်းထဲ ရောက်ရှိနေတာကြောင့် မိုးကြိုးပစ်ခံရပြီးတော့ တစ်ဦးပွဲ ချင်းပြီးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသား ၂ ဦးဟာ လယ်ကွင်းထဲရှိ တဲထဲမှာ ထိုင်နေစဉ် တဲဘေးနားရှိ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်လိုက်တာကြောင့် မိုးကြိုးထိသွားတာပဲ ဖြစ်ပါတယ်။

သွားရောက်သယ်ဆောင်လာပေးတဲ့ လားရှိုးမြို့ရှိ ပေးသောလက် စေတနာရှင် သွေးနဲ့လူမှုကူညီရေးအသင်းဥက္ကဌက “မိုးကြိုးက သစ်ပင်ကိုပစ်တာ တဲထဲမှာ ထိုင်နေတဲ့ နှစ်ယောက်ကို ထိသွားတယ်။

နှစ်ယောက်ထိပြီး တစ်ယောက်က အဲမှာပဲ ပွဲ ချင်းပြီး သေသွားတယ်။ ကျနော်တို့ အဲမှာရောက်တော့ သယ်ဆောင်လာပြီး ဆေးရုံကို ပို့ပေးလိုက်တယ်”လို့ ပြောပါတယ်။

ပွဲချင်းပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ ဦးဆမ်ပီး (၂၉ နှစ်)ဖြစ်ပြီး ဘယ်ဘက်ခြေထောက်၊ လည်ပင်းမှာ ဒဏ်ရာရရှိခဲ့ပြီးတော့ ကျန်တစ်ဦးက လည်ပင်းမှာ မီးလောင်ဒဏ်ရာ ရရှိခဲ့တ

“သေဆုံးတဲ့တစ်ယောက်က သူ့ဒဏ်ရာကြည့်တာ အရမ်းတော့ ထိထားတာ မများဘူး။ ကျန်တဲ့တစ်ယောက်ကတော့ သူ့ဒဏ်ရာအခြေအနေ မသိရဘူး။ ကျနော်တို့ ဆေးရုံပို့ပြီးတာနဲ့ ပြန်လိုက်တယ်”ဆိုပြီး ၎င်းက ဆက်ပြောပါတ

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာလည်း လားရှိုးမြို့ ရ ပ်ကွက်(၁၂)မှာနေတဲ့ ဒေသခံတစ်ဦး မိုးကြိုးပစ်ခံရလို့ သေဆုံးသွားခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။crd

Unicode

သူငယ်ချင်းနှစ်ဦး လယ်တဲတွင် အတူထိုင်စ ကားပြောနေစဉ် တဲဘေးနားရှိ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်လိုက်ရာမှ… See more

မနေ့ ဇွန်လ ၃ဝ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၁၂)မှာနေတဲ့ အမျိုးသား ၂ ဦး မိုးကြိုးစက်ကွင်းထဲ ရောက်ရှိနေတာကြောင့် မိုးကြိုးပစ်ခံရပြီးတော့ တစ်ဦးပွဲချင်းပြီးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသား ၂ ဦးဟာ လယ်ကွင်းထဲရှိ တဲထဲမှာ ထိုင်နေစဉ် တဲဘေးနားရှိ သစ်ပင်တစ်ပင်ကို မိုးကြိုးပစ်လိုက်တာကြောင့် မိုးကြိုးထိသွားတာပဲ ဖြစ်ပါတယ်။

သွားရောက်သယ်ဆောင်လာပေးတဲ့ လားရှိုးမြို့ရှိ ပေးသောလက် စေတနာရှင် သွေးနဲ့လူမှုကူညီရေးအသင်းဥက္ကဌက “မိုးကြိုးက သစ်ပင်ကိုပစ်တာ တဲထဲမှာ ထိုင်နေတဲ့ နှစ်ယောက်ကို ထိသွားတယ်။

နှစ်ယောက်ထိပြီး တစ်ယောက်က အဲမှာပဲ ပွဲ ချင်းပြီး သေသွားတယ်။ ကျနော်တို့ အဲမှာရောက်တော့ သယ်ဆောင်လာပြီး ဆေးရုံကို ပို့ပေးလိုက်တယ်”လို့ ပြောပါတယ်။

ပွဲချင်းပြီး သေဆုံးသွားတဲ့ အမျိုးသားဟာ ဦးဆမ်ပီး (၂၉ နှစ်)ဖြစ်ပြီး ဘယ်ဘက်ခြေထောက်၊ လ ည်ပင်းမှာ ဒဏ်ရာရရှိခဲ့ပြီးတော့ ကျန်တစ်ဦးက လည်ပင်းမှာ မီးလောင်ဒဏ်ရာ ရရှိခဲ့တာပါ။

“သေဆုံးတဲ့တစ်ယောက်က သူ့ဒဏ်ရာကြည့်တာ အရမ်းတော့ ထိထားတာ မများဘူး။ ကျန်တဲ့တစ်ယောက်ကတော့ သူ့ဒဏ်ရာအခြေအနေ မသိရဘူး။ ကျနော်တို့ ဆေးရုံပို့ပြီးတာနဲ့ ပြန်လိုက်တ ယ်”ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာလည်း လားရှိုးမြို့ ရပ် ကွ က်(၁၂)မှာနေတဲ့ ဒေသခံတစ်ဦး မိုးကြိုးပစ်ခံရလို့ သေဆုံးသွားခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
crd

Leave a Reply

Your email address will not be published.