PDF တွေကိုချေမှုန်းမယ် ပြည်သူတွေက ဝိုင်းဝန်း ကူညီပေး ကြပါ တဲ့ ဇော်လုံး က

News

ဟဟ ပေးရုံနဲ့ကို ပြို‌တယ်

ထွက်ပြေးကာနီးလေ အရူး-ချေး-ပန်းစကားတွေပြောလေပဲနော် ဒါကို သိဖို့လိုတယ်

ခု ဥကရစ်ထ ကျသွားတာတောင် PDF တွေ ပြန်လာဖို့ ခေါ်နေတာ ပြည်သူကိုဂျင်းထဲ့ပြီး လိမ်လည် ဆိုက်ဝါးနေတာ နည်းတဲ့ စကေးတော့ မဟုတ်ဘူး

အ‌ကြောင်းက ပြည်သူ့ PDF တွေက တနိုင်ငံလူံးစီးမိူးထားနေလို့ပဲ/ တာတောင် ရောက်နေတဲ့ နေရာကနေ မပြေးပဲ ရပ်ကြည့်ပြီး လက်သီးမောင်းတန်းပြနေခြင်းဟာ

သူတို့ နောက်ဆူံးထွက်ပေါက်ရောက်နေလို့ ပြေးစာမရှိပဲ ရန်စောင်ပြီး စိန်ခေါ် ဆဲဆိုသလိုမျိုး အရူး-ချေး-ပန်း ဒေါသထွက်နေခြင်းသာ ဖြစ်တယ် အဲလို စိတ်စွပေးမှုမှာ ပြည်သူတွေ ဒွိဟမဖြစ်နဲ့ ဟဟပေး ‌

တကယ်ဆို ဒီတပ်ပျက်က လနက်နဲ့ တိုက်စရာမလိုအောင် သောင်ဆင့်က ပြည်သူအားလုံး ဝိုင်းဟဟပေးရုံနဲ့ကို လစ်ပြေး တပ်-ပြိုမည့် အနေထားဖြစ်တယ်

#နန်းကြည်ညိုဝေ

ျပည္သူေတြက ဝိုင္းဝန္း ကူညီေပး ၾကပါ၊ PDF ေတြကိုေခ်မႈန္းမယ္ လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာျပန္

ရန္ကုန္၊ဇူလိုင္(၁)

ျပည္သူေတြအေနနဲ႔ ဝိုင္းဝန္းကူညီေပးၾကပါ PDF ေတြကိုေခ်မႈန္းမယ္ လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကေျပာဆိုလိုက္ပါတယ္။

ဒီေန႔ေနျပည္ေတာ္မွာ က်င္းပတဲ့ စစ္ေကာင္စီအဖြဲ႕ရဲ႕ (၁၇)ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲမွာ သူကေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

PDF အပါအဝင္ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးအေနနဲ႔ ႏိုင္ငံေတာ္ရဲ႕ ေရွ႕လုပ္ငန္းစဥ္ေတြမွာ ပူးေပါင္းပါဝင္ေဆာင္႐ြက္ႏိုင္ရန္ သတ္မွတ္စည္းကမ္းခ်က္ေတြနဲ႔အညီ ဥပေဒေဘာင္အတြင္းကို လက္နက္အပ္ႏွံၿပီး ျပန္လည္ဝင္ေရာက္မည္ဆိုပါက ႀကိဳဆိုလက္ခံသြားမယ္ လို႔ၿပီးခဲ့တဲ့လပိုင္းမွာ ေျပာဆိုခဲ့ေပမယ့္ ဒီေန႔သတင္းစာရွင္းလင္းပြဲမွာ PDF ေတြကိုေခ်မႈန္းမယ္လို႔ သူကထပ္မံေျပာဆိုလိုက္ျပန္ပါတယ္။

” ျပည္သူ႔ဘဝလုံၿခဳံေရး ျပည္သူေတြပါဝင္ေပးၾကဖို႔တိုက္တြန္းပါတယ္၊ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕ေတြဖြဲ႕စည္းေနတယ္။ ျပည္သူေတြက ဝိုင္းဝန္း ကူညီေပး ၾကပါ။ PDF ေတြကိုေခ်မႈန္းမယ္” လို႔သူကေျပာပါတယ္။

အခု ဘယ္ဘက္မွမပါဘဲ စီးပြားေရးလုပ္ေနတဲ့သူေတြကို ေမးၾကည့္ပါ။ ဘယ္သူမွ တပ္ကို မေၾကာက္ရဘဲ PDF ကိုပဲ ေၾကာက္ေနရတာလို႔ ေျပာလိမ့္မယ္။ ဘယ္သူက အၾကမ္းဖက္လုပ္ေနတယ္ဆိုတာ ရွင္းေနတာပဲ လို႔သူကေျပာဆိုခဲ့ပါတယ္။

ဒီေန႔ျပဳလုပ္တဲ့ စစ္ေကာင္စီရဲ႕သတင္းစာရွင္းလင္းပြဲမွာ တစ္လအတြင္း PDF အဖြဲ႕ဝင္ (၂၀၅) ဦး ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာခဲ့တယ္လို႔ သူကေျပာပါတယ္။

” (၆) လပိုင္း (၆) ရက္ေန႔ကေန (၂၉) ရက္ေန႔အထိ ဥပေဒေဘာင္ထဲ ျပန္လည္ ဝင္ေရာက္လာတဲ့ PDF အဖြဲ႕ဝင္ အမ်ိဳးသား (၁၅၆) နဲ႔ အမ်ိဳးသမီး (၄၉) ဦး စုစုေပါင္း ၂၀၅ ဦးရွိပါတယ္”

စစ္ေကာင္စီရဲ႕ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကအခုလိုေျပာဆိုခဲ့ေပမယ့္ ေဒသအလိုက္ဖြဲ႕စည္းထားတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြကေတာ့ စစ္ေကာင္စီဟာ စည္းဝါးကိုက္ထားသူေတြနဲ႔ သူတို႔လက္ေအာက္ခံလူတခ်ိဳ႕ကို PDF အျဖစ္ဟန္ေဆာင္ၿပီး ဥပေဒေဘာငၤအတြင္း ဝင္ေရာက္တယ္ဆိုၿပီး ဝါဒျဖန႔္ေနတာျဖစ္တယ္လို႔ တုံ႔ျပန္ေျပာဆိုထားတာေတြလည္း ရွိေနပါတယ္။

Crd

Unicode

ပြည်သူတွေက ဝိုင်းဝန်း ကူညီပေး ကြပါ၊ PDF တွေကိုချေမှုန်းမယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပြန်

ရန်ကုန်၊ဇူလိုင်(၁)

ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြပါ PDF တွေကိုချေမှုန်းမယ် လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုလိုက်ပါတယ်။

ဒီနေ့နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ရဲ့ (၁၇)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ သူကပြောဆိုလိုက်တာ ဖြစ်ပါတယ်။

PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအနေနဲ့ နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဥပဒေဘောင်အတွင်းကို လက်နက်အပ်နှံပြီး ပြန်လည်ဝင်ရောက်မည်ဆိုပါက ကြိုဆိုလက်ခံသွားမယ် လို့ပြီးခဲ့တဲ့လပိုင်းမှာ ပြောဆိုခဲ့ပေမယ့် ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ PDF တွေကိုချေမှုန်းမယ်လို့ သူကထပ်မံပြောဆိုလိုက်ပြန်ပါတယ်။

” ပြည်သူ့ဘဝလုံခြုံရေး ပြည်သူတွေပါဝင်ပေးကြဖို့တိုက်တွန်းပါတယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့စည်းနေတယ်။ ပြည်သူတွေက ဝိုင်းဝန်း ကူညီပေး ကြပါ။ PDF တွေကိုချေမှုန်းမယ်” လို့သူကပြောပါတယ်။

အခု ဘယ်ဘက်မှမပါဘဲ စီးပွားရေးလုပ်နေတဲ့သူတွေကို မေးကြည့်ပါ။ ဘယ်သူမှ တပ်ကို မကြောက်ရဘဲ PDF ကိုပဲ ကြောက်နေရတာလို့ ပြောလိမ့်မယ်။ ဘယ်သူက အကြမ်းဖက်လုပ်နေတယ်ဆိုတာ ရှင်းနေတာပဲ လို့သူကပြောဆိုခဲ့ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲမှာ တစ်လအတွင်း PDF အဖွဲ့ဝင် (၂၀၅) ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့တယ်လို့ သူကပြောပါတယ်။

” (၆) လပိုင်း (၆) ရက်နေ့ကနေ (၂၉) ရက်နေ့အထိ ဥပဒေဘောင်ထဲ ပြန်လည် ဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင် အမျိုးသား (၁၅၆) နဲ့ အမျိုးသမီး (၄၉) ဦး စုစုပေါင်း ၂၀၅ ဦးရှိပါတယ်”

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကအခုလိုပြောဆိုခဲ့ပေမယ့် ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီဟာ စည်းဝါးကိုက်ထားသူတွေနဲ့ သူတို့လက်အောက်ခံလူတချို့ကို PDF အဖြစ်ဟန်ဆောင်ပြီး ဥပဒေဘောင်္ငအတွင်း ဝင်ရောက်တယ်ဆိုပြီး ဝါဒဖြန့်နေတာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားတာတွေလည်း ရှိနေပါတယ်။

Crd

Leave a Reply

Your email address will not be published.