လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ သန်းလောက်က ပင်လယ်ရေတိုက်စားခြင်းခံခဲ့ရတဲ့ ဂူကြီးထဲခင်ပွန်းနဲ့အတူ သွားရောက်လည်ပတ်ခဲ့တဲ့ ချမ်းချမ်း

Cele News

မင်္ဂလာပါပရိသတ်ကြီးရေ ချမ်းချမ်းကတော့မြန်မာနိုင်ငံရဲ့ ထင်ပေါ်ကျော်ကြားတဲ့ အဆိုရှင်တွေထဲကမသိသူမရှိသလောက် လူကြိုက်များခဲ့တဲ့တေးသံရှင်ပဲ ဖြစ်ပါတယ်။

Melody World ပြိုင်ပွဲကနေပြီး သူမရဲ့သီဆိုဟန်နဲ့ ကောင်းလွန်းလှတဲ့အသံပါဝါကြောင့် ပရိတ်သတ်လက်ခံမှူ့ရရှိခဲ့ကာ နာမည်ကြီးလူကြိုက်များခဲ့တာပဲဖြစ်ပါတယ်..။

သူမအနေနဲ့ ခင်ပွန်းဟောင်းနဲ့ ပြတ်စဲကွာရှင်းပြီးနောက် အခုဆိုရင် လက်ရှိခင်ပွန်းရဲ့မွေးရပ်မြေနိုင်ငံခြားကိုလိုက်လံနေထိုင်ကာ နောက်ထပ်သမီးငယ်လေးကိုမွေးဖွားပြီး အေးချမ်းစွာနေထိုင်နေသူပါ။

သူမအနေနဲ့ပြည်ပကိုရောက်ရှိသွားပေမယ့် မြန်မာနု်င်ငံမှာကျန်ရစ်ခဲ့တဲ့သမီးကြီးနဲ့လည်းအဆက်အသွယ်မပြတ်ရှိနေတဲ့အပြင် ပရိသတ်တွေနဲ့လည်းအမြဲဆိုရှယ်မီဒီယာမှတဆင့်​ထိတွေ့ချက်ရှိကာ သူမရဲ့မိသားစုပုံရိပ်လေးတွေကို အမြဲတင်ပေးလျက်ရှိနေတာပဲဖြစ်ပါတယ်..။

လက်ရှိမှာလည်း ” We had a wonderful time together ❤️❤️❤️ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀ သန်းလောက် က ပင်လယ်ရေတိုက်စားသွားတဲ့ ဂူကြီးထဲသွားလည်ခဲ့တယ်။

အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ရေတိုက်စားပီးနှစ်ပေါင်း ၃ သန်းလောက်ကြာတော့ ဒီဂူကြီးကျန်ခဲ့တာ။

လှေကားထစ်ပေါင်း ၁၀၀၀ ကျောိရှိပီး ကျောက်စွယ်တွေရဲ့သက်တမ်းဟာ နှစ်ပေါင်းသန်းပေါင်းများစွာ ရင့်နေပီး အခုထိလဲ ကြီးထွားနေဆဲပဲ။

နောက်နေ့video တင်ပေးမယ်နော် အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဂူကြီးအေးလွန်းလို့ အနွေးထည်မပါရင်ဝင်မရဘူး ❤️❤️❤️ ” လို့ဆိုတဲ့စာလေးနဲ့ အမှတ်တရပုံလေးတွေကို တင်လာခဲ့တာပဲဖြစ်ပါတယ်နော်။

ပရိတ်သတ်ကြီးလည်း ရှေးခေတ်ဂူကြီးထဲကိုချမ်းချမ်းနဲ့အတူသွားရောက်လည်ပတ်ရင်း ရွှင်လန်းချမ်းမြေ့ပါစေ..။

Credit-CeleGabar

Leave a Reply

Your email address will not be published.