Zawgyi
Unicode
(၅)ဘာသာဂုဏ်ထူးထွက်ပြီး ဆရာဝန်ဖြစ်ချင်ပေမဲ့ ဆင်းရဲလို့ ကျောင်းဆက်မတက်နိုင်တဲ့ ထူးချွန်ထက်မြက်တဲ့ သမီးလေး
ဆယ်တန်းမှာ ၅ ဘာသာထိပါပြီး ထူးချွန်ထက်မြက်တဲ့ သမီးလေးတစ်ဦး အခက်အခဲဖြစ်နေလို့ အကူအညီတောင်းပါရစေနော်…
သံတွဲမြို့နယ် ရွှေလှေကျေးရွာ အုပ်စု ကျောင်းကုန်းရွာမှာ နေထိုင်တဲ့ မသဲဆုရွှေစင်ဟာ ယခုနှစ် ဆယ်တန်းကို ဒဧ-၂ အ-ထ-က ရွှေလှေ သံတွဲမြို့နယ်ကနေ ၅ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်…စုစုပေါင်းရမှတ်ကတော့ (၅၀၂)မှတ်အထိ ရရှိခဲ့တာပါ…..
သမီးလေးရခဲ့တဲ့ ဘာသာရပ်အလိုက် အမှတ်တွေကတော့ မြန်မာစာ-၇၅၊ အင်္ဂလိပ်စာ-၇၃၊ သင်္ချာ-၉၀၊ ဓာတု-၉၃၊ ရူပ-၈၃၊ ဇီဝ-၈၈ တို့ ဖြစ်ပါတယ်….. ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ သမီးလေးကတော့




ဖခင်မရှိတော့ဘဲ သူမ ၄ နှစ်သမီးကတည်းက ကွယ်လွန်ခဲ့တာပါ…လက်ရှိမှာတော့ ဈေးသည်တစ်ဦးဖြစ်တဲ့ မိခင်ဖြစ်သူ ဒေါ်ခင်မြရွှေနဲ့အတူ သံတွဲမြို့နယ် ရွှေလှေကျေးရွာ အုပ်စု ကျောင်းကုန်းရွာမှာ နေထိုင်လျက်ရှိပါတယ်…….




ဒါ့ကြောင့် သမီးလေးဟာ ဆင်းရဲချို့တဲ့ရှာပါတယ်….ဆေးတက္ကသိုလ် ဒါမှမဟုတ် သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်မှာ တက်ပြီး ဆရာဝန်တစ်ဦး ဖြစ်ချင်တဲ့ သမီးလေး ဆန္ဒကလည်း ခုလို ဆင်းရဲမှုကြောင့် မတတ်နိုင်ပါဘူး…..




အဲတာကြောင့် ခုလို ထူးချွန်ထက်မြင်တဲ့ သမီးလေးရဲ့ ဘဝရည်မှန်းချက်လေးလည်း ပြည့်စေဖို့ သမီးလေး ကျောင်းဆက်တက်နိုင်ရေး တတ်နိုင်သမျှ ကူညီပေးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါတယ်…




ကူညီသူမရှိရင်တော့ သမီးလေးအတွက်ရော နိုင်ငံတော်အတွက်ပါ ထူးချွန်ထက်မြက်တဲ့ လူငယ်လေးတစ်ဦး ဆုံးရှုံးသွားနိုင်တာပါ….. သမီးလေးပညာရေးအတွက် ဆက်သွယ်လှူဒါန်းချင်ရင်တော့ …ဦးခင်မောင်ကျော် ၀၉၇၆၂၀၁၂၁၄၀…ဒေါ်သင်းသင်းဆွေ ၀၉၄၂၀၁၂၀၇၆၆…မသဲဆုရွှေစင်၀၉၂၅၆၇၇၆၈၈၃ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်…
Crd