အုန်းထမင်းချက်နည်း

Food

အုန်းထမင်းချက်နည်း

#ချက်ပြုတ်ပြင်ဆင်နည်း

အမဲသားတုံးထားတာကိုသန့်စင်ရေဆေးပြီးဗင်နီကာနဲနဲ
ဆားအချိုမှုန့် နနွင်းမှုန့် မဆလာမှုန့် ဇီယာစေ့အမှုန့်
ထည့်ပြီးနယ်ကာနှပ်ထားပါ

အိုးတလုံးမှာဆီထည့်ပြီးအပူပေးကာကြက်သွန်နီစင်းလှီးထားတာထည့်ပါ ချင်း
ကြက်သွန်ဖြူကြိတ်ထားတာထည့်ပါ ပျဉ်းတော်သိမ်ရွက်


ထည့်ပါ အနံ့မွှေးလာအောင်ဆီသပ်ပြီးနနွင်းမှုန့်ငရုတ်သီးအစိမ်းမှုန့်ထည့်ပါမွှေပေးပါ ရေနဲနဲချင်းထည့်၍အနှစ်ကျအောင်ဆီသပ်ပါ ဆားအချိုမှုန့်ထည့်ပါ မဆလာမွှေးထည့်ပါ ေ

မွှပေးပါ အနှစ်ကျရင်အမဲသားနယ်ထားတာထည့်ပြီးဆီပြန်လာအောင်မွှေပေးပါ ဆီပြန်ရင်ရေမြုပ်အောင်ထည့်ပြီးတည်ထားပါ အမဲသားနူးအောင် ၂ နာရီလောက်တည်ရပါတယ် ရေလိုရင်ရေထပ်

ထည့်ပါ ရေခမ်းဆီပြန်လာရင်
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ရှမ်းနံနံကိုရေဆေးပြီးဖြတ်ထည့်ပါ
အမဲသားဟင်းရပါပြီ

အုန်သီး ၂ လုံးကိုဆိုင်မှာခြစ်ခိုင်းပြီးအိမ်မှာအုန်းနို့ရည်ညှစ်ပါတယ် ထမင်းပေါင်းအိုးမှာဆန်နို့ဆီဘူး ၂ ဘူးထည့်နှစ်ရေလောက်ရေဆေးပြီးရေစစ်ကာ အုန်းနို့ရည် နို့ဆီဘူး ၃ ဘူး
ထည့်ပါ ကြက်သွန်နီ ၂

လုံးကိုအခွံသင်ရေဆေးပြီးလေးစိတ် လှီးပြီးထည့်ပါ ဆားနဲနဲထည့်ပါ မြေပဲဆီဟင်းခတ်ဇွန်း ၄ ဇွန်းလောက်ထည့်ပါ မွှေပေးပါ
အရည်ကိုမြည်းကြည့်ပါ
အနေတော်ဆိုရင်ပေါင်းအိုး
ခလုတ်ဖွင့်ပြီးချက်ပါ အချိန်

ပြည့်ရင်ခလုတ်ကျပြီးအုန်းနို့ရည်လည်းခမ်းထမင်းလည်းကျက်ပါပြီ မွှေပေးပြီးနှပ်ထားပါ
အုန်းထမင်းရပါပြီ

သရက်သီးသနပ်ကသရက်သီးခြောက်ကိုရေဆေးပြီးရေမြုပ်အောင်ထည့်ပြီးနူးအောင်ရေခမ်းပြုတ်ပါ သကြားနဲနဲထည့်ြ

ပီးမွှေပေးပါ ရေခမ်းရင်ပန်းကန်တခုထဲခပ်ထည့်ပြီးအိုးမှာဆီထည့်ပြီးအပူပေးပါ ဆီနွေးနွေးမှာငရုတ်သီးအစိမ်းမှုန့်မဆလာမွှေးမှုန့် ဇီယာစေ့

မှုန့်ထည့်ပြီးမွှေပေးပါ သရက်သီးခြောက်ရေခမ်းပြုတ်ထားတာထည့်ပါမွှေပေးပါ အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်အအေးခံပြီးကြက်သွန်ဖြူ
နွှာထားတာပါးပါးလှီးထည့်ပြီးမွှေပေးပါ သရက်သီးသနပ်ရပါပြီ

အချဉ်စုံက သခွားသီးကိုအခွံသင်ပါတ်လှီးပြီးအမျှင်လှီးပါခရမ်းချဉ်သီးအမျှင်လှီးပါ
ကြက်သွန်နီးအခွံသင်ရေဆေးပြီးကန့်လန့်ဖြတ်လှီးပါ ငရုတ်သီးစိမ်းပါးပါးလှီးထည့်ပါ ဆားသကြားရှာလကာရည်ထည့်ပြီးမွှေပေးပါ အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်အချဉ်ရပါပြီး

စားကောင်းကြပါစေ

Credit U Kyaw Shwe

Leave a Reply

Your email address will not be published.