ဒညင်းသီး ပုဇွန်ခြောက် အစပ်ကြော်နည်း

Food

ဒညင်းသီး ပုဇွန်ခြောက် အစပ်ကြော်
ချမ်းလက်ရာချက်နည်း ကတော့ ကျွန်တော့်ပုံစံနဲ့ပဲ ချက်ပါတယ်
ဒညင်းသီးပြုတ်ထားပြီးပါးပါးလှီးထား
ငြုပ်သီးစိမ်းနဲ့ ခွဲခြမ်းရောထောင်းထား
ခွဲခြမ်းကအရောင်လေးထွက်ဖို့သုံးတာပါ

မန်ကျည်းသီးမှည့်ရေစိမ်ထား(အနည်းငယ်)ပုဇွန်ခြောက်ရေစိမ်ထား
ဆီသတ်မယ်..ဆီပူလာရင် နနွင်းမှုန့်ထည့် ကြက်သွန် ဖြူ၊နီ ပါးပါးလှီးဆီသတ် ငြုပ်သီးထောင်းထားတာထည့် ပုဇွန်ခြောက်ရေစိမ်ထားတာထည့် လှိမ့်

ငံပြာရည် စတီးဇွန်းနဲ့တစ်ဇွန်းထည့် ဟင်းအနံ့ ကောင်းဖို့ အတွက်ပါ.
ဆီလိမ့်နေအောင်သတ်ပြီး ဒညင်းသီး လှီးထားတာထည့်.. အရသာမှုန့် များထည့်

ထန်းလျက်ခဲ အဖြူ တစ်ခဲထည့်.. (ထန်းလျက်က ကျွန်တော့် ရဲ့ ကိုယ်ပိုင် ဟင်းအရသာပြင်တဲ့ style ပါ လူကြီးမင်းတို့ မကြိုက်ရင် မထည့်လို့ရပါတယ်ဗျ)

မန်ကျည်းသီးမှည့် ရေနယ်ပြီး အနည်းငယ်ထည့်
ပြီးရင်မွှေပေးပြီး အဖုံးအုပ်ထားလိုက်ပါ..
ရေခမ်းပြီးဆီပြန်လာရင်စားလို့ရပါပြီ…

Credit Chan

Unicode

Leave a Reply

Your email address will not be published.