အခန်းငှားခ မပေးဘဲ ထွက်ပြေးသွားတဲ့ မိန်းမချောလေးရဲ့ အခန်းကို ဖွင့်ကြည့်လိုက်ရာမှseemore….

Lifestyle

အခန်းငှားခ မပေးဘဲ ထွက်ပြေးသွားတဲ့ မိန်းမချောလေးရဲ့ အခန်းကို ဖွင့်ကြည့်လိုက်ရာမှာ သတိလစ်မေ့မျော လုနီးပါးဖြစ်ခဲ့ရတဲ့ အိမ်ပိုင်ရှင်

TikTok အသုံးပြုသူတစ်ဦးက ကလစ်တစ်ခု တင်လိုက်တဲ့အခါ ၎င်းဟာ အွန်လိုင်းလောကမှာ ခေတ်စားလာခဲ့ပါတယ် ။ ရုပ်ရည်ချောမောတဲ့အမျိုးသမီးအိမ်ငှားတစ်ဦးရဲ့ အပြုအမူကို “ဒါကတကယ်ဧည့်ခန်းလား။

ဒါက ဘယ်လိုကြောင့်ဖြစ်ရတာလဲ ” ဆိုတဲ့ စာတန်းနဲ့အတူ ထုတ်ဖော်ပြသခဲ့ပါတယ် ။ အိမ်ရှင်အမျိုးသမီးက ဒီမိန်းမလှအမျိုးသမီးကို တစ်လ ၂၅၀၀ ဘတ်နဲ့ အခန်းငှါးပေးခဲ့သော်လည်း အိမ်ငှားခမပေးဘဲ ထွက်ပြေးသွားခဲ့ပါတယ် ။ အဆိုးဆုံးကတော့ အခန်းထဲမှာ စည်းမဲ့ကမ်းမဲ့နဲ့ အမှိုက်တွေကိုစွန့်ပစ်ခဲ့တာပါပဲ ။

ထို့အပြင် အိမ်ပိုင်ရှင်က ၎င်းဗီဒီယိုကို Facebook မှာလည်း တင်ခဲ့ပါတယ် ။ အခန်းငှါးပြီး အခန်းငှါးခပေးရမာကြောက်လို့ ထွက်ပြေးသွားတဲ့ အိမ်ငှားအမျိုးသမီးတစ်ဦးရဲ့ပုံနဲ့အတူ “ပျောက်ဆုံးနေတဲ့ လူတစ်ယောက်ကို လိုက်ရှာနေတယ်၊ ​​အခန်းခလည်းမပေးဘူး။

သူ့မရဲ့ မျက်နှာကိုတော့ ကောင်းကောင်းသိတယ် ။ သူမနေခဲ့တဲ့ အခန်းမာဆိုလေ ညစ်နွမ်း၊ ပုပ်စော်နံပြီး အမှိုက်တွေ အပြည့်ပဲ ။ သူမကို တွေ့ရင် ကျွန်မကို အကြောင်းကြားပေးပါ ” ဆိုပြီး စားတန်းနဲ့ ရေးသားခဲ့ပါတယ် ။

အခန်းရဲ့အခြေအနေကို ဖြန့်ချိပြီးတဲ့နောက် ကြည့်နေတဲ့လူတွေအများကြီးရှိခဲ့ပါတယ် ။

လူများစွာက အခန်းငှားပြီး အိမ်ငှားခလည်း မရတဲ့အပြင် အခန်းထဲမှာ အမှိုက်တွေနဲ့ စိတ်ရှုပ်ထွေးစရာ အဖြစ် ရင်ဆိုင်ရတဲ့ အိမ်ပိုင်ရှင်အတွက် ဝမ်းနည်းခဲ့ကြပါတယ် ။

Zawgyi









Crd

Leave a Reply

Your email address will not be published.