ရည်းစားနဲ့လမ်းခွဲပြီး အသဲကွဲတာမခံစားနိုင်တော့လို့ ဝမ်းနည်းနည်းနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရွှံ့ဗွက်အိုင်ထဲခုန်ချခဲ့သည့် မိန်းကလေးရဲ့အဖြစ်




လူသားတိုင်းက အရွယ်ရောက်လာသည်နှင့်အမျှ ချစ်တတ်ရင်ခုန်တတ်စပြုလာကာ ပထမဆုံးအကြိမ်ရည်းစားထားဖူးတာမျိုး သို့မဟုတ် ကိုယ်ချစ်ရတဲ့သူနဲ့ လမ်းမခွဲချင်ပဲခွဲကြရသည့်




အခါမှာ စိတ်တွေရှုပ်ထွေးပြီး ကိုယ့်ကိုယ်ကိုမမြင်နိုင်တော့ပဲ လုပ်မိလုပ်ရာလုပ်ခဲ့ရာမှ အမှားများစွာနဲ့ ကြုံတွေ့ကြရသည်။




ယခုတွင်လည်း တရုတ်နိုင်ငံ Zhejiangပြည်နယ်မှ မိန်းကလေးတစ်ဦးသည် ရည်းစားကောင်လေးနဲ့ အခန့်မသင့်ပဲ




စကားတွေများကြရင်း ကောင်လေးမှလမ်းခွဲစကားဆိုလာခဲ့ရာ အရမ်းစိတ်ညစ်သွားခဲရသည်။




မိန်းကလေးသည် ရည်းစားနဲ့ပြတ်သွား၍ စိတ်အရမ်းရှုပ်လာကာ အချစ်ကိုဘဝဟုသတ်မှတ်ပြီး မစဥ်းစားမဆင်ခြင်တော့ပဲ




သူမရဲ့ဘဝကို လောကကြီးထဲကထွက်သွားဖို့ကို ဆုံးဖြတ်ပြီးနောက် ရွှံ့ဗွက်ကန်တစ်ခုထဲ ခုန်ချခဲ့သည်။




မိန်းကလေးကန်ထဲခုန်ချလိုက်တာကို မြင်တွေ့သောသူများက မီးသတ်တပ်ဖွဲ့ဆီကအကြောင်းကြားကာ အကူအညီတောင်းပေးခဲ့ပြီး ကယ်ဆယ်ခဲ့ရာ သူမအသဲကွဲလို့လုပ်ခဲ့ကြောင်းဆိုခဲ့




ချိန် အများက သူမရဲ့ရွှံ့တွေပေနေသောပုံကိုကြည့်ပြီး စိတ်မထိန်းနိုင်ပဲ ရယ်မောပြီးနောက် ရည်းစားတစ်ယောက်အတွက်နဲ့ ကိုယ့်ဘဝကိုအဆုံးရှုံးမခံဖို့ ပြောခဲ့ကြသည်။




Rain (For Ialinks)
Crd