ပုဇွန်ခြောက်ငရုတ်သီးကြော်နည်း

Food

ဒီနေ့တော့ ပုဇွန်ခြောက် သေးသေးလေးတွေ ဝယ်ထားပြီး ဘယ်လိုချက်ရမှန်းမသိ ဖြစ်နေတုန်း စိတ်ထဲက ပဲဟင်းချိုနဲ့ လိုက်ဖက်လွန်းတဲ့ ငရုတ်သီး စပ်စပ်လေး စားချင်တာနဲ့ ငရုတ်သီးကြော်လေး ကြော်ဖြစ်သွားခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်


ပါဝင်ပစ္စည်းများ
ပုဇွန်ဆိတ် အခြောက် – 100 g
ကြက်သွန်နီ – ခပ်ကြီးကြီး သုံးလုံး
ငရုတ်သီးလုံးခြမ်းကွဲ – ထမင်းစားဇွန်း လေးဇွန်း
ဆီ – ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်

ငံပြာရည် – ထမင်းစားဇွန်း ငါးဇွန်း
အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ

ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပါ
ပြီးမှပုဇွန်ခြောက်ထဲက သဲစသဲနလေးတွေ စင်သွားအောင် ခါခါပြီး ရေဆေးပေးကာ ရေစစ်ထားပါ
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ

အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ


ဆီလာပါက နနွင့်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
ငရုတ်သီးနံ့ မွှေးလာပါက မီးကိုအနေတော် လျော့ပေးပြီး ရေစစ်ထားသော ပုဇွန်ခြောက် ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ

မကြာမကြာ မွှေပေးပြီး ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
ငံပြာရည်နံ့ သင်းလာပါက မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ

ပုဇွန်ခြောက် ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

လေးစားလျှက်..crd.

ဒီနေ့တော့ ပုဇှနခြှောကြ သေးသေးလေးတှေ ဝယထြားပှီး ဘယလြိုခကွရြမှနြးမသိ ဖှဈနတေုနြး စိတထြဲက ပဲဟငြးခွိုနဲ့ လိုကဖြကလြှနြးတဲ့ ငရုတသြီး စပစြပလြေး စားခငွတြာနဲ့ ငရုတသြီးကှောလြေး ကှောဖြှဈသှားခဲ့ပါတယြ ဒါကှောငြ့မို့လို့ မာမာပှငဆြငပြှီး ကှောထြားတဲ့ နညြးလေးကို မွှဝပေေးလိုကပြါတယရြှငြ








Leave a Reply

Your email address will not be published.