သံပုရာသီးတွေပေါနေတဲ့အချိန် #သံပုရာသီးသနပ်လုပ်ထားကြမယ် ပြုလုပ်နည်း

Food

သံပုရာသီးတွေပေါနေတဲ့အချိန်
#သံပုရာသီးသနပ်လုပ်ထားကြမယ်
ပြုလုပ်နည်း

သံပရာသီးကိုရေဆေးပြီးအလုံးလိုက်ကိုလေးစိတ်စီပြတ်အောင်လှီးထားပါ ဆားနှင့်နယ်ပါသံပရာသီးလှီးပြီးသား ၁ပိသာဆိုရင်ဆား ၅ ကျပ်သားထည့်နယ်ပါ

အငံကအနေတော်နှင့်တာရှည်ထားလို့ရပါတယ်ဆားနယ်ပြီးသားသံပရာသီးကိုပုလင်းမှာဖြစ်စေပလပ်စတစ်ဘူးမှာဖြစ်စေထည့်ပြီးအဖုံးလုံအောင်ပိတ်ထားပါအောက်ကဆားရည်အပေါ်ကသံပရာသီးနှင့်ထိအောင်တနေ့တခါလောက်ဘူးကိုလှုပ်ပေးလှန်ပေပါ နေရောင်မပြပဲအခန်းထဲမှာထားလည်းရပါတယ် ရက် ၂၀ ကျော် တလလောက်မှသံပုရာသီးကနူးနပ်ပါတယ် သံပုရာသီးနူးနပ်မှဒယ်အိုးတခုမှာဆီထည့်ပြီး

အပူပေးကာဆီပူလာရင်
မုန်ညှင်းစေ့ကိုထည့်ပါ မုန်ညှင်းစေ့ဖေါက်ဖေါက်မြည်
လာရင်မီးလျော့ပြီးဆီနွေးနွေး
မှာမဆလာမွှေးမှုန့်ထည့်ပါ
ငရုတ်သီးအစိမ်းမှုန့်ထည့်ပါ
မွှေပေးပါ သံပရာသီးနူးနပ်
နေတာထည့်ပါ သကြားနဲနဲ
ထည့်ပြီးမွှေပေးပါ အရသာ
မြည်းကြည့်ပါ အနေတော်ဆို
ရင်အအေးခံပြီးကြက်သွန်ဖြူ

နွှာထားတာကိုပါးပါးလှီးထည့်
ပြီမွှေပေးပါ သံပရာသီးသနပ်
ရပါပြီ စားကောင်းကြပါစေ
သံပုရာသီးစိမ်ထားတာကိုမိုး
ကုန်လို့နေပူရင်ဝါးစကာဗန်းမှာ
ပလပ်စတစ်အပါးစခံပြီးထည့်
၃ ရက်လောက်နေလှန်းရင်
သံပရာသီးအခြောက်ကိုရပါ

တယ် အဲဒါကို ပါဝါသကြားမှုန့်
နွယ်ချိုမှုန့်နှင့်ရောနယ်လိုက်ရင်သံပရာပေါင်းရပါတယ်အရင်ကတော့စီးပွားဖြစ်လုပ်
ခဲ့ဖူးပါတယ် အခုကတော့နားလိုက်ပါပြီး သံပရာသီးအခြောက်ကိုအစေ့ထုက်ကြိတ်ပြီးပါဝါသကြားမှုန့်နွယ်ချိုမှုန့်နှင့်နယ်ပြီးအပြားချပ်လုပ်ပြီး
နေလှန်းကာအဲဒီအပြားချပ်ကိုပြန်ညှပ်ပြီးရှောက်သီးဆေးပြားလိုပြန်လုပ်လည်းရပါတယ်

ရှောက်သီးလည်းအဝိုင်းပါးလှီး ဆားစိမ်နေလှမ်းပြီးခြောက်ရင်ပါဝါသကြားမှုန့်
နွယ်ချိုမှုန့်နှင့်နယ်ပြီးရှောက်
ပြားဝိုင်းလည်းလုပ်လို့ရပါ
တယ် ဒီအချိန်ကရှောက်သီး
သံပရာသီးပေါတဲ့အချိန်ပါ
မိုးတွင်းမှာဆားစိမ်ထားပြီး
မိုးကုန်နေပူမှလှမ်းလို့ရပါတယ်
အခုကတော့နားလိုက်ပါပြီ
#Credit Kyaw Swe

အခြားနည်းများ
သံပရာသီးကို အရင်ဆုံး ဆားရည်ထဲထည့်စိမ်ပေးပါ
ပီးရင်ရေစစ်ပြီး သံပရာသီးတလုံးကိုလေးစိတ်စိတ်ပီးအထဲကို ဆားနဲ့သိပ်ပေးပါ
ပီလျှင် ဖန်ပုလင်းထဲ သိပ်ပီးထည့်ပေးပါ
ဆားရည်ဖျော်ပီး အနည်းကယ်ထည့်ပေးပါ
နေ3ရက်လောက် ပုလင်းကိုပြပေးပါ
လုံးဝမှိုမတက်ပဲ အရောင်ဝင်းဝင်းအိအိလေးနဲ့ ကောင်းမှကောင်းပါပဲ

ညီမကတော့ သံပရာသီးကို စိတ် ဆားနှံ့အောင်နယ် ပလက်စတစ်အိတ်ထဲထည့် ကြိုးချဉ်ပြီး နေရတဲ့နေရာမှာ ချိတ်ထားလိုက်တယ် မာမာတင်းတင်းလေးရတယ် နပ်သွားပြီဆိုမှ ပုလင်းထဲ ထည့်ထားတယ်
ဒါတနည်း

သံပရာသီးကိုရေဆေးပြီးခြောက်အောင်သုပ်လိုက်တယ်။ပြီးရင်လေးစိပ်ခွဲပြီးဆားသိပ်တယ်၊လေလုံတဲ့ပုလင်းထဲထည့်ပြီးအခန်းအပူချိန်မှာဘဲထားတယ်။နောက်ရက်ဆိုသံပရာရည်လေးတွေထွက်လာတဲ့အခါအဖုံးမဖွင့်ဘဲ့အပေါ်အောက်မျှအောင်ပုလင်းကိုလှုပ်ပေး၊အဲ့နည်းအတိုင်းလေးနေ့တိုင်းလုပ်ပေးတစ်ပတ်လောက်ဆိုဒီတိုင်းထားလို့ရပြီး။နေလှန်းစရာလဲမလိုနှစ်ပေါက်အောင်ထားလို့ရတယ်။အိမ်မှာလုပ်ထားတာနှစ်နဲ့ရှိပြီးကောင်းနေတုန်းဘဲ။

Credit မူရင်းရေးသားသူ

Leave a Reply

Your email address will not be published.