သားလေးကို ရှင်ပြုနိုင်ဖို့ ထိုင်းနိုင်ငံထိ သွားပြီး အလုပ်သွားလုပ်ခဲ့တဲ့ မိဘနှစ်ပါးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်

Knowledge


သားလေးကို အဖွားနဲ့ထားခဲ့ပြီး ထိုင်းမှာအလုပ်သွားလုပ်တဲ့မိဘတော့ အမှားကြီးမှားသွားပီဗျာ

သားလေးကို လူတန်းစေ့ထားနိုင် ရှင်ပြုလှူနိုင်ဖို့ ထိုင်းနိုင်ငံထိ သွားပြီး အလုပ်လုပ်ခဲ့ အဖေနဲ့အမေရဲ့ဖြစ်ရပ်သြာ်ခုဆို သားလေးဖြိုးမင်းခန့်ပျောက်သွားတာ လေးလပြည့်တော့မယ်

ဘာသတင်းမှလည်း မကြားသေမှန်းမသိ ရှင်မှန်းမသိ ဖြစ်ရတယ်။သားလေးရယ် အဖေတို့ရဲ့ဘဝပေးက မကောင်းခဲ့ဘူးကွာ သားနဲ့သမီးကိုသူများနဲ့ တန်းသူထားနိုင်အောင်သားလေးကို သူများတွေလို ခမ်းခမ်းနားနားနဲ့ လှူနိုင်အောင် ထိုင်းကိုသွားခဲ့တယ်။

ပြန်လာရင်သားကို လှူမယ်ဆိုတဲ့ရည်မှန်းချက်အပြည့်နဲ့ပေါ့ ခုတော့မှန်းထားသလို ဖြစ်မလာခဲ့ဘူး.. သားလေးရယ်ဘယ်ဆီတွေ ရောက်နေပြီလဲ?အဖေနဲ့အမေတို့ အိမ်ပြန်ရောက်နေပြီသားလေးရယ် အမြန်ပြန်လာခဲ့ပါတော့ကွာ

ဖုန်းဆက်တိုင်းသားလေးပြောတဲ့စကားလေးကို အဖေဘယ်တော့မှ မေ့လို့ရမှ မဟုတ်ဘူးအဖေနဲ့အမေပြန်ခဲ့တော့ ကျန်မာရေးကို ဂရုစိုက်နော် ဖေဖေလည်း ကျန်းမာပါ စေမေမေလည်း ကျန်းမာပါစေဆိုတဲ့ စကားလေးကိုဘယ်တော့မှ မေ့လို့ရမှာမဟုတ်ပါဘူးသားရယ်။

အဖေတို့ဘဝပေးက အရမ်းခါးလွန်းတယ်. .ကျွန်တော့်ရဲ့ခံစားချက်ကို နားလည်ပေးမယ်ဆိုရင် ဒီပိုစ့်လေးကို ရှယ်ပေးကြပါဗျာ ကလေးကိုတွေ့ရင်လည်းအကြောင်းကြားပေးကြပါလို့ အသနားခံတောင်းပန်ပါတယ်။”ကလေးခရိုင် ကလေးမြို့နယ် ဇင်းကလင်းကျေးရွာ

စိုင်းကျော်ကျော် လှိုင်းကလျာလှိုင် ၀၉-၈၉၉၄၉၇၂၉၉ကလေးကို တွေ့ရှိလို့ပြန်လာပိုအကြောင်းကြားပေးသူများအားထိုက်တန်စွာ ကျေးဇူးဆပ်ပါမည်။သတင်းအပြည့်အစုံမှာ.. စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့နယ်ဇင်းကလင်းကျေးရွာမှ လွန်ခဲ့တဲ့ ညနေ4:30ခန့်မှ ပျောက်သွားသော

ပုံပါ မောင်ဖြိုးမင်းခန့်အားယခုအချိန်ထိ ရှာမတွေ့ သေးဖြစ်နေတာဖြစ်ပြီး ကလေး၏မိဘနှစ်ပါးမှာ ကလေးရှေ့ရေးအတွက် ထိုင်းနိုင်ငံသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်နေခဲ့ကြသူများ ဖြစ်ပါတယ်။ကလေးကို အဖွားဖြစ်သူနဲ့ ရွာမှာ ထားခဲ့ကြတာပါ.

ညနေပိုင်းမှာ ဆော့ကစားနေရင်း ရုတ်တရက်ပျောက်သွားတာဖြစ်ပြီး ယခုဆိုရင် (၄)လကျော်သွားပြီဖြစ်ပါတယ်။အားလုံးပဲ ကလေးမိဘတွေကို ကိုယ်ချင်းစာ သနားသောအားဖြင့် ဝိုင်းဝန်း shareပြီးကူညီပေးကြပါအုံးနော်။

သားသမီးအတွက် တိုင်းတပါးထိ အလုပ်သွားလုပ်ခဲ့တဲ့ မိဘတွေ ရင်ကွဲပက်လက်ဖြစ်နေရ ပါတယ် ကူညီရှယ်ပေးကြပါ။အခုဖြစ်နေတာက ကလေးသတင်း ဘာမှမသိရ မကြားရဘဲ (သေသည် ရှင်သည်) ဘာသဲလွန်စမှ မရှိဘဲ ထူးဆန်းစွာ ပျောက်သွားတာမို့ပါ ကူညီပေးကြပါ။crd

Leave a Reply

Your email address will not be published.