လိုင်းပေါ်ကနေ စာကောင်းကောင်းသင်ယူနိုင်ဖို့အတွက် တပည့်ဖြစ်သူ ၇ယောက်အား iPad တစ်လုံးစီ ဝယ်ပေးခဲ့သော စိတ်နှလုံးလှသည့်ဆရာမလေး

Knowledge

ဆရာ ဆရာမများသည် အာနန္တငါးပါးတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး တပည့်လေးများအပေါ်တွင် စေတနာ ဂရုဏာ အနစ်နာဆိုသည့် နာသုံးနာတို့နှင့်အညီ မေတ္တာထားကာ စာတတ်မြောက်ရေးအတွက် ကြိုးပမ်းပေးကြသည်။

ယခုအခါတွင်လည်း ထိုင်းနိုင်ငံမှ Kru Nui အမည်ရှိသော အသက်၂၀ကျော် မိန်းကလေးသည် လှပပြီး ထက်မြက်သည့် ကျောင်းဆရာမလေးအဖြစ် နာမည်ကြီးလျက်ရှိသည်။

ဆရာမလေးသည် ရုပ်ရည်အသွင်အပြင်မှာ ချောမောကာ ချစ်စရာကောင်းသည့်အပြင် စိတ်ထားလေးမှာလည်း မွန်မြတ်ပြီး ရောဂါကာလဖြစ်၍ ကျောင်းများပိတ်ထားရစဉ် အွန်လိုင်းကနေတဆင့် သင်ကြားရေးများပြုလုပ်ခဲ့ကြသည်။

ထိုသို့ အွန်လိုင်းကနေ စာသင်ကြားရခြင်းမှာ စားဝတ်နေရေးပင် အနိုင်နိုင်ဖြစ်နေရသော ကလေးများအဖို့ ဖုန်းလည်းမဝယ်နိုင်သည့်အတွက် စာမသင်နိုင်တော့ပါ။

ထို့ကြောင့် ဆရာမလေးသည် စုဆောင်းထားသော ငွေများနှင့် တပည့် ၇ယောက်အား ဖုန်းဝယ်ပေးရန် ဆုံးဖြတ်ခဲ့စဉ် စာကောင်းကောင်း သင်ကြားနိုင်ရန် iPad တစ်ယောက်တစ်လုံးစီဝယ်ပေးခဲ့ခြင်းဖြင့် ဆရာမလေးဧ။်လုပ်ရပ်အား အများမှ ချီးမွမ်းခဲ့ကြသည်။

Zawgyi

လိုင္းေပၚကေန စာေကာင္းေကာင္းသင္ယူႏိုင္ဖို႔အတြက္ တပည့္ျဖစ္သူ ၇ေယာက္အား iPad တစ္လုံးစီ ဝယ္ေပးခဲ့ေသာ စိတ္ႏွလုံးလွသည့္ဆရာမေလး

ဆရာ ဆရာမမ်ားသည္ အာနႏၲငါးပါးတြင္ တစ္ပါးအပါအဝင္ျဖစ္ၿပီး တပည့္ေလးမ်ားအေပၚတြင္ ေစတနာ ဂ႐ုဏာ အနစ္နာဆိုသည့္ နာသုံးနာတို႔ႏွင့္အညီ ေမတၱာထားကာ စာတတ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းေပးၾကသည္။

ယခုအခါတြင္လည္း ထိုင္းႏိုင္ငံမွ Kru Nui အမည္ရွိေသာ အသက္၂၀ေက်ာ္ မိန္းကေလးသည္ လွပၿပီး ထက္ျမက္သည့္ ေက်ာင္းဆရာမေလးအျဖစ္ နာမည္ႀကီးလ်က္ရွိသည္။

ဆရာမေလးသည္ ႐ုပ္ရည္အသြင္အျပင္မွာ ေခ်ာေမာကာ ခ်စ္စရာေကာင္းသည့္အျပင္ စိတ္ထားေလးမွာလည္း မြန္ျမတ္ၿပီး ေရာဂါကာလျဖစ္၍ ေက်ာင္းမ်ားပိတ္ထားရစဥ္ အြန္လိုင္းကေနတဆင့္ သင္ၾကားေရးမ်ားျပဳလုပ္ခဲ့ၾကသည္။

ထိုသို႔ အြန္လိုင္းကေန စာသင္ၾကားရျခင္းမွာ စားဝတ္ေနေရးပင္ အႏိုင္ႏိုင္ျဖစ္ေနရေသာ ကေလးမ်ားအဖို႔ ဖုန္းလည္းမဝယ္ႏိုင္သည့္အတြက္ စာမသင္ႏိုင္ေတာ့ပါ။

ထို႔ေၾကာင့္ ဆရာမေလးသည္ စုေဆာင္းထားေသာ ေငြမ်ားႏွင့္ တပည့္ ၇ေယာက္အား ဖုန္းဝယ္ေပးရန္ ဆုံးျဖတ္ခဲ့စဥ္ စာေကာင္းေကာင္း သင္ၾကားႏိုင္ရန္ iPad တစ္ေယာက္တစ္လုံးစီဝယ္ေပးခဲ့ျခင္းျဖင့္ ဆရာမေလးဧ။္လုပ္ရပ္အား အမ်ားမွ ခ်ီးမြမ္းခဲ့ၾကသည္။crd

Leave a Reply

Your email address will not be published.