စနေသားသမီးများအတွက် မေတ္တာပို့

ဗေဒင်

စနေသားသမီးများအတွက် မေတ္တာပို့

၄ နဝင်း။အောင်မြင်မှု။

၁ အညွှန့်။ စီးပွား။

၅ စုတ်။ဆပွတ်။ အိမ်ထောင်/အချစ်ရေး။

– ၀ – မူလ (ထင်ပေါ်/ လောဘ /စပ်စု)

၃ နာ။ စိတ်

၆ ခိုက်။ ခရီး/စကား။

၂ ပျက်

အင်္ဂဝိဇ္ဇာတိုင်အရ စနေသားသမီးတွေ ခန္ဓာကိုယ်တစ်ခုလုံး ပြုမူနေထိုင်သော ဟန်ပန်တွေက အများစု အဆင်တပြေဖြစ်တာများတယ်။ ရှိတာလေးနဲ့ လှအောင်ဝတ်တတ်တယ်ဆိုတာမျိုးပေါ့။

အမှန်တကယ်လည်း ကြည့်ကောင်းတာများတယ်။ ဒါက အများစုကိုပြောတာပါ။ ယုတ်စွအဆုံး သူတောင်းစားနယ်ပယ်ထဲ ရောက်နေသူတောင် နဲနဲတော့ ပြင်တတ်ဆင်တတ် ဝတ်စားတတ်တယ်။

ဒါက နဝင်းသဘောကိုပြောတာ။ နောက် စနေသားသမီးတွေ အလုပ်၌ဖြစ်စေ အိမ်တွင်းမှာဖြစ်စေ မိမိကသာ ဦးဆောင်လုပ်ရတာများတတ်တယ်။ ဒါက သဘောကိုပြောတာ။

အညွှန့်သဘောက ကောင်းကျိုးဝေဖြာ အိမ်သာယာခြင်းကို စနေတွေအတွက် သဘောဆောင်တယ်။ သူတို့တတွေ အနေအထိုင် အပြောအဆို မှန်ကန်မှု ရှိ မရှိ အသာကလေး ကြည့်လို့ရတယ်။

သူတို့အိမ်မှာ အိမ်တွင်းရေး သာယာရဲ့လားပေါ့။ မသာယာဘူးဆိုရင် ၎င်း စနေသားသမီးဟာ တဖက်စောင်းနင်း အတ္တသမား ဖြစ်နေလိမ့်မယ်။ သို့မဟုတ် လူလိမ်ဖြစ်ပြီး အိမ်မကပ်တာမျိုး ဖြစ်နေလိမ့်မယ်။

ဒီတော့ စနေသားသမီးတွေ စီးပွားတက်ချင်ရင် လုပ်ငန်းကိုင်ငန်း အဆင်ပြေချင်ရင် ပထမဆုံးက အိမ်တွင်းလူတွေကို တည့်အောင်ပေါင်းပါ။ အတတ်နိုင်ဆုံး သည်းခံပေးဆပ်ပါ။ အကယ်၍ မတဲ့ခဲ့ရင် ဘာဖြစ်မလဲ ။

မေးစရာဖြစ်လာတယ်။ ဟုတ်တယ်။ မတဲ့ခဲ့ရင် အဲ့စနေသားသမီး အိမ်မကပ်တော့ဘူး။ ဟိုအကြောင်းပြ ဒီအကြောင်းပြ အပြင်တွေချည်း လိမ့်ထွက်ပြီ။ ခိုက်သဘောက ခရီး /စကားလေ။ မိမိမှန်ကြောင်း အကုန်ပတ်ပြောပြီ။

ဒါကို ခိုက်နေပါတယ်လို့ အဲ့စနေသားသမီး လုံးဝမသိသလို သိအောင်ရှင်းပြပေးလည်း လက်မခံဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကိုယ်တိုင်က ခိုက်သောကြာကို ပါးစပ်မှာ စွဲနေလို့ပါပဲ။ စနေသားသမီးများ… ခိုက်အားများလေ သောက်တင်းတုတ်လေပဲ။ ပြန်ခံငြင်းလေပဲ။

နောက်တစ်ချက်က စုတ်နေရာမှာ ကြာသပတေးရှိတဲ့အတွက် စနေသားသမီးတွေ ပညာတတ်လေ အိမ်ထောင်ရေး ၊ အချစ်ရေးတွေမှာ သတိထားနေထိုင်ရလေပါပဲ။ သူတို့ပညာကိုက လူချစ်လူခင်ပေါစေတာပါပဲဗျာ။

တချို့ ပညာတတ်စနေသားသမီးတွေ ရှုတ်ပီဆိုရင် ပညာသားပါပါကို ရှုတ်တာ။ ပညာသားပါပါကို အကွက်ကျကျ အစီအစဉ်တကျကို ကတ္တားလေးတွေခြားပြီးတော့ကိုရှုတ်တာ။ ဒါက ရှုတ်တတ်တဲ့သဘောကိုပြောတာ။

ရှုတ် မရှုတ်ဆိုတာ ပြန်စစ်လို့ရသေးတယ်။ အဲ့စနေသားသမီးဟာ ပြုမူနေထိုင်ပြောဆိုပုံတွေ တည်ငြိမ်တယ် မတည်ငြိမ်ဘူးဆိုတာက အဓိကပဲ။ တချို့စနေတွေဆို ငြိမ်တာတော့ ပြောမနေနဲ့။ ကျောက်တုံးကျနေတာပဲ။ျတချို့စနေတွေ ငြိမ်တဲ့ဟန်ပန်ရှိတယ်။

ဒါပေမဲ့ စကားပြောတာ ခပ်များများနားထောင်ကြည့် တဖြေးဖြေး ဟီးဟီးဟားဟားနဲ့ ဖြစ်လာတာ။ ဒီတော့ စနေသားသမီးများ ပညာတတ်လေလေ မိမိနေထိုင်ပြောဆိုမှုကို ဂရုစိုက်ရလေပါပဲ။

ဒါဆိုရင် တကယ်ရှုတ်တဲ့ စနေသားသမီးတွေ ဘာဖြစ်လာမလဲ တွေးဖို့လိုလာပြီ။ သူတို့ ဆပွတ်ပျက်ပြီလေ။ ဆပွတ်ပျက်တော့ စနေသားသမီးတွေ ဒုက္ခရောက်တဲ့အခါ ကူညီမယ့်သူ အလွန့်အလွန်ကို ရှားပါတယ်။ ဒုက္ခရောက်နေပါတယ်ဆိုမှ ကူညီမယ့်သူက နှာခေါင်းရှုံ့သွားတာ ခံရတတ်တယ်။

ဒီတော့ အဲ့စနေသားသမီးဟာ မူလပျက်ပြီ။ မူလက မှန်မှန်ကန်ကန် ထင်ပေါ်တာတွေ မရှိတော့ဘူး။ခန္ဓာကိုယ်ကလည်း အရောင်မှေးမှိန် လူရုပ်မပေါက်တော့ဘူး။

လူက ရှုတ်တာတွေများထားတဲ့အတွက် မထင်ပေါ်တာဆိုတော့ အရှက်တကွဲ အကျိုးနဲ ဖြစ်ရပြီ၊ လူပုံလည် လူရာမဝင်တော့ဘူး။ လူရာမဝင်တော့ ဘာလုပ်သလဲဆိုတော့ မိမိမာန မချဘဲ မိမိဟာ လူရာဝန်ကြောင်းပြသဖို့ နောက်ထပ်နေရာသစ် ထပ်ရှာဖို့ ဇွတ်လုပ်တော့တာပဲ။ ခိုက်သောကြာ ပြပီပေါ့။

အကယ်၍ အဲ့လိုအဆိုးဉာဉ်တွေ မရှိခဲ့ဘူးဆိုရင် စနေသားသမီးတွေ အမှန်အတိုင်း လုပ်ဆောင်ခဲ့မယ်ဆိုရင် အမှန်တကယ်အောင်မြင်မယ် အမှန်တကယ် ထင်ပေါ်မယ်။

နောက် —> စနေသားသမီးတွေရဲ့ အင်္ဂဝိဇ္ဇာတိုင်မှာ စတုရန်းလို့ခေါ်တဲ့ ” နာ “နေရာမှာ အင်္ဂါရှိတယ်။

စိတ်နာသဘောပေါ့။ ဘယ်လိုနာလဲဆိုရင် မျှမျှတတ စိတ်နေစိတ်ထားရှိတဲ့စနေသားသမီးဆို နာစရာအကြောင်းမရှိဘူး၊ မမျှတတာနဲ့ နာပီ။ တစ်ကိုယ်ကောင်းဆန်မယ် ၊ မိမိအတ္တအတွက် မိမိလုပ်မယ်၊ အမိန့်ပေးတာ ဆုံးမတာ လုံးဝမနာခံဘူး။ အုပ်ချုပ်မှုဒဏ် မခံနိုင်ဘူး။ စိတ်က လှုပ်ရှားမှုများလွန်း မြန်လွန်းတော့ ” ငါ့လာမပြောနဲ့” ဖြစ်တော့တာ။

တချို့ စိတ်နေစိတ်ထား မနာတဲ့ စနေသားသမီးကျတော့ ဘယ်လောက်အထိ စိတ်ထားကောင်းလဲဆိုရင် မိမိပစ္စည်းတစ်ခု သူခိုးခိုးတာ ခံလိုက်ရတယ်။ ဘယ်လိုပြောလဲဆိုရင် ” သြော် သူ့ခင်မျာ အသုံးတကယ်လိုနေလို့ ခိုးတာဖြစ်မှာပါ၊ ကိုယ့်လည်း ဒါလောက်လေးနဲ့ ပွန်းပဲ့မသွားပါဘူး၊ ဆင်းရဲမသွားပါဘူး “။ ဘေးကကြားရသူက အံ့သြယူရလောက်အောင်ကို စိတ်ထားကောင်းတာ တွေ့ရတယ်။ ဒါကျ စိတ်မနာဘူးခေါ်တယ်။

နောက်—> ခိုက်မှာ သောကြာရှိတယ်။

စနေသားသမီးတွေ စကားများများလေလေ ခိုက်အားဘက် များလေလေပဲ၊ ခိုက်သဘောက အကျဉ်းအကြပ်သဘောကိုပြောတာ။ သူတို့တွေ စကားများများပြောတော့ မိမိပြဿနာ မိမိဖန်တီးတာပဲ။ မိမိအကြပ်အတည်း မိမိဖန်တီးတာပဲ။ ဒီတော့ များများပြောပြီး ခိုက်အားပြတာများလာလေလေ အဲ့နေရာကနေ ခွါချင်လေ ၊ ဒီလိုဖြစ်လာတာ။ မခွါနိုင်ရင် ပြဿနာရှာပြီ။ မနိုင် နိုင်အောင်ပြောပြီ။ အဲ့မှာ ခိုက်အားအလွန်များလာတော့ မူလပျက်ပီ။

ပညာတကယ်တတ်တယ်နော် ၊ ဒါပေမဲ့ မထင်ပေါ်တော့ဘူး။ လူတကာစောင့်ကြည့်လေ့လာ ကဲ့ရဲ့တာခံရပြီ။ အဲ့ကျ အဲ့ဒီနေရာ မနေတော့ဘူး နောက်တစ်နေရာပြေးပြီ။ ခိုက်သောကြာပြပီပေါ့။

နောက်—> “ပျက်”လို့ခေါ်တဲ့ တြိရန်းမှာ တနင်္လာရှိတယ်။ တစ်ခုခုဆို အကြွားက ထ,ကြွတတ်ကြတယ်။ မိမိမှာရှိတာထက် ပိုမိုထုတ်ကြွားတာနဲ့ မလိုအပ်သော ငွေကြေးတွေ ခုန်ထွက်သွားသလို ခဏလေးနဲ့ ငွေတွေကုန်တတ်တာ စနေသားသမီးတွေပဲ။ မတော်လောဘနဲ့ ရှာထားတဲ့ စီးပွားရေးသမားဆို ပိုဆိုးသေးတယ်၊ ရှိသမျှအကုန် ထွက်တာနော်။

နောက်ဆုံး နေစရာတောင်မရှိ ၊ အဲ့လိုအထိ ဖြစ်သွားတတ်တာ။ အဲ့ဒီအချက်က စနေတွေအတွက် သတိထားရမည့် ကြီးမားသာအချက်ဖြစ်တယ်။ မှန်ကန်သော တိကျသော ဝတ်စားနေထိုင်သုံးစွဲခြင်းဖြစ်ဖို့ အထူးကြိုးစားပါ။ ဒါမှသာ ငွေတွေမြဲမယ်။ ဘဝအာမခံချက်ရှိမယ်။ မှန်ကန်သောထင်ပေါ်မှုဖြစ်မယ်။

မဟုတ်ရင် ငွေပတ်ရှာနေရတာနဲ့ မပီးတော့ဘူး။ ရှာသမျှလည်း အကုန်ပြောင်ပဲ။ ပြောင်လည်းမပူတတ်ဘူး။ ဟိုချေးငှါး ဒီချေးငှါး အကြွေးဗလပွနဲ့ မျက်နှာခပ်တင်းတင်း နေတော့တာပဲ။ မကြွားတတ်တဲ့ စနေသားသမီးတွေကျတော့ သူတပါးဆီက ငွေချေးရမှာ သိပ်ကိုကြောက်တာ ရှက်တာနော်။

ကဲ အခုလောက်ဆိုရင် အကြမ်းအားဖြင့် စနေသားသမီးတွေ ဘယ်လိုပြုပြင်နေထိုင်ရမယ်ဆိုတာ သိလောက်ပါပီ။

ကောင်းဆိုးနှစ်တန် ရောနေတတ်တဲ့စနေသားသမီးတွေလည်း များပါတယ်။ မိမိလိုအပ်တာလေးတွေ မိမိကိုယ်ကိုသိပြီး ပြုပြင်ဖို့ မိမိကိုယ်ကို နိုမ့်ချဆက်ဆံပါ။ မာနတွေ လျော့ပါ။ စည်းကမ်းထားသင့်တာထားပါ။

ကျေးဇူးသိရမည့်သူတွေ ကျေးဇူးသိပါ။ ကျေးဇူးလည်းဆပ်ပါ။ နောက်ဆုံးပြောချင်တာ ဆရာကြီးပြောတဲ့စကားပါပဲ

စနေဆိုရင် ” အမှန်အကန်ဖြစ်တဲ့ ထင်ပေါ်လောဘလုပ်”တဲ့။ ဆိုလိုတာက နဲနဲလေးမှ မကြွားမိစေနဲ့ ၊ နဲနဲလေးမှ မိမိရှိတာထက် ပိုပြီးမထင်ပေါ်စေနဲ့။

အားလုံးသော စနေသားသမီးတွေအနေနဲ့ ကျွန်ုပ်မေတ္တာထား ပြောပြခဲ့တာတွေဟာ သင့်တို့အတွက် အမှန်တကယ် အသုံးဝင်မယ်ဆိုပါက ကျွန်ုပ်အနေနဲ့ ကုသိုလ်ရပါတယ်။

ကျေးဇူးတင်ပါသည်။

ဆရာမိုင်း
Crd

Leave a Reply

Your email address will not be published.