သူငယ်ချင်းရဲ့ မင်္ဂလာဆောင်မှာ သတို့သမီးအရံအဖြစ်လုပ်ပေးရန် ထိုင်စောင့်နေသောမိန်းမလှလေးကို ပါးစပ်




အဟောင်းသားနဲ့ မျက်တောင်ပင်မခတ်ပဲ ငေးကြည့်နေသောကောင်လေးရဲ့အဖြစ်




ချောမောလှပသောမိန်းကလေးများနဲ့တွေ့သည့်အခါ ယောကျာ်းလေးတွေသည် အသက်ကြီးကြီးငယ်ငယ် အသေအချာ တအံ့တသြနဲ့ လိုက်ငေးကြည့်တတ်ကြတာသဘာဝပင်ဖြစ်သည်။




ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၇နှစ်အရွယ် ကောင်လေးတစ်ဦးသည် အိမ်နီးနားချင်းရဲ့ မင်္ဂလာဆောင်တစ်ခုသို့ ဖခင်ဖြစ်သူနဲ့အတူ သွားရောက်ခဲ့သည်။




ကောင်လေးသည် စားသောက်ပြီးစီး၍ စားပွဲဝိုင်းနားမှာ အလှတွေပြင်ထားသည့်မိန်းကလေးချောချောတစ်ယောက်မှ လာ




ထိုင်ခဲ့ရာမှ မျက်နှာတစ်ခုလုံးအချောလေးဆီလှည့်ပြီးတော့ သွားရေကျမတက် ပါးစပ်အဟောင်းသားနဲ့ မျက်တောင်လေးပင်မခတ်ပဲ ငေးမောနေခဲ့သည်။




မိန်းကလေးသည်လည်း သတို့သမီးနဲ့ သူငယ်ချင်းတွေဖြစ်ကာ သတို့သမီးရဲ့တောင်းဆိုချက်အရ သတို့သမီးအရံလုပ်ပေးရ၍




အလှတွေပိုပြီးတော့ပြင်ထားရတာကို ကောင်လေးမှ အရွယ်
နှင့်မလိုက်အောင် ငေးမောတတ်နေ၍ မြင်တွေ့သူများက ရယ်မောခဲ့ကြသည်။




Rain (For Ialinks)
Crd